ရခိုင်အခြေစိုက်သတင်းဌာနနှစ်ခုရဲ့ အွန်လိုင်းစာမျက်နှာကို ပြန်ဖွင့်ပေးဖို့ BNI ထုတ်ပြန်တောင်းဆို

ရခိုင်အခြေစိုက်သတင်းဌာနနှစ်ခုရဲ့ အွန်လိုင်းစာမျက်နှာကို ပြန်ဖွင့်ပေးဖို့ BNI ထုတ်ပြန်တောင်းဆို စစ်တွေ၊ မတ် ၂၉- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနနှစ်ခုဖြစ်တဲ့ DMG ( Development Media Group)နဲ့ နိရဉ္ဇရာသတင်းဌာနတို့ရဲ့ အွန်လိုင်းစာမျက်နှာတွေကို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာ နှစ်ခုဖြစ်တဲ့ MPTနဲ့ MYTEL ဖုန်းအင်တာနက်လိုင်းတို့ကနေ ပြီးခဲ့တဲ့ မတ်လ ၂၃နဲ့ ၂၄ ရက်မှာ ဝင်ရောက်ဖတ်ရှုလို့မရတော့ကြောင်းနဲ့ အဲဒီလိုအပိတ်ခံထားရတဲ့ အင်တာနက်စာမျက်နှာတွေကို ပြန်လည်ဖွင်ပေးဖို့ BNI Multimedia Groupကနေ ဒီကနေ့ မတ်လ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ သက်ဆိုင်ရာသတင်းဌာနတွေကလည်း (MPT)နဲ့ (MYTEL) အွန်လိုင်းစာမျက်နှာတွေ အပိတ်ခံရမှုကိုအတည်ပြုပြီး အဲ့ဒီဖုန်းအင်တာနက်လိုင်းတွေကနေ သတင်းတွေကို ဝင်ရောက်ဖတ်ရှူလို့မရတော့ကြောင်း သတင်းဖော်ပြမှုတွေရှိတယ်လို့ ပါရှိပါတယ်။ အခုလိုမျိုး တိုင်းရင်းသားသတင်းဌာနတွေရဲ့ အွန်လိုင်းစာမျက်နှာကို ပိတ်ပင်လိုက်တာကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေကို…

Read More

မိုးညှင်းသမ္ဗုဒ္ဓေဘုရားကို ကန့်သတ်နယ်မြေအဖြစ် သက်မှတ်

မိုးညှင်းသမ္ဗုဒ္ဓေဘုရားကို ကန့်သတ်နယ်မြေအဖြစ် သက်မှတ် မုံရွာ၊ မတ် ၂၉-၂၀၂၀ ရန်နိုင်စိုး(VOM) မုံရွာမြို့ရဲ့ အထင်ကရ ဘုရားဖူးနယ်မြေဖြစ်တဲ့ မိုးညှင်းသမ္ဗုဒ္ဓေနဲ့ မဟာဗောဓိတစ်ထောင်နယ်မြေတို့ ဒီကနေ့မတ်လ ၂၉ ရက်နေ့ကစတင်ပြီး ကန့်သတ်နယ်မြေအဖြစ် သက်မှတ်လိုက်ပါတယ်။ အခုလို ကန့်သတ်နယ်မြေပြုလုပ်လိုက်တာဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ညက ထုတ်ပြန်လိုက်တဲ့ Covid 19ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တဲ့ လူ ၃ ဦးထဲက ဧည့်လမ်းညွှန်အမျိုးသမီးတစ်ဦးဟာ ပြင်သစ်နိုင်ငံသားတွေနဲ့အတူ မုံရွာမြို့ကို လေ့လာရေးခရီးစဉ်လာရောက်ချိန် မိုးညှင်းသမ္ဗုဒ္ဓေဘုရားနဲ့ မဟာဗောဓိ ၁၀၀၀ ဘုရားသွားရောက်ခဲ့တဲ့အတွက် အခုလို ကန့်သတ်တားမြစ်နေရာအဖြစ် သတ်မှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” မနက်က စပိတ်တာ။ ဘုရားမှာရှိတဲ့ အလှူခံဌာနက လူတွေရော၊ ဘဏ္ဍာထိန်းဖြစ်သူပါ ဘုရားဝင်းအတွင်းက ကျားတိုက်မှာ စောင့်ကြည့်လူနာအဖြစ်ထားတယ်။ ဒေသခံတွေအနေနဲ့ကတော့ ဟိုလို အရမ်းစိုးရိမ်တာတော့ မရှိပါဘူး။ ဒါပေမယ့် လန့်တော့ လန့်တာပေါ့။ ဘုရားဖူးတွေတော့ လုံးဝမရှိတော့ဘူး…

Read More

မန္တလေးတိုင်းအစိုးရက ယာဉ်စီးခဈေးနူန်းများကို (၂)ဆတိုးမြှင့်ကောက်ခံဖို့ ညွန်ကြားထား

မန္တလေးတိုင်းအစိုးရက ယာဉ်စီးခဈေးနူန်းများကို (၂)ဆတိုးမြှင့်ကောက်ခံဖို့ ညွန်ကြားထား မန္တလေး၊ မတ် ၂၉-၂၀၂၀ လင်းခိုင်(VOM) မန္တလေးတိုင်းအတွင်းက ကားဂိတ်တွေမှာ ခရီးသည်တွေအနေနဲ့ ကားလတ်မှတ်၀ယ်ယူရင် လက်မှတ်ခကို (၂)ဆတိုးကောက်ခံဖို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ညွန်ကြားထားတယ်လို့ မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကနေသိရပါတယ်။ မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ မတ်လ ၂၇ရက်နေ့ကပြုလုပ်တဲ့ COVID-19ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက်ပြုလုပ်တဲ့ အစည်းအဝေးမှာ ခရီးသည်အရေအတွက် ၅၀ရာခိုင်နူန်းလျှော့ချရေးအတွက် ယာဉ်အသင်းအဖွဲ့များနစ်နာမှုမရှိဖို့ယာဉ်စီးခနူန်းထားများကို သတ်မှတ်ဈေးရဲ့(၂)ဆ ပိုကောက်ဖို့ ညွန်ကြားခဲ့တာဖြစ်ပါတယ်။ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၊ ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေး‌မြို့ရဲ့အစီအစဉ်နဲ့ ယာဉ်အမျိုးအစားအလိုက် မှုလတင်ဆောငိနိုင်တဲ့ ခရီးသည်ဦးရေရဲ့ထက်၀က် ၅၀ရာခိုင်နူန်းလျှော့ချပြီးတင်ဖို့ ကျွန်တော်တို့ကို ပြောခဲ့တယ်။ ကားလက်မှတ်တွေ နှစ်ဆတက်ပြီး ရောင်းခွင့်ပေးလိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ ခရီးသွားပြည်သူတွေကို အတတ်နိုင်ဆုံး ခရီးမသွားစေချင်ပါဘူး ၊ ရောဂါရဲ့အန္တရာယ်ကလည်း အင်မတန်ကြီးတဲ့အတွက် ဒီရည်ရွယ်ချက်လည်းပါပါတယ်။”လို့ မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းဥက္ကဌ ဦးအောင်ကျော်လင်းကပြောပါတယ်။ အခုလိုလုပ်ဆောင်လိုက်တာဟာ တစ်ဦးနဲ့တစိဦးနီးကပ်စွာ ပူးတွဲထိုင်တာတွေမဖြစ်တော့ဘဲ တစ်ခုံခြားစီဖြစ်ဖို့ကို…

Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်ကြီးကျည်ကျပြီး အရပ်သားတစ်ဦးသေဆုံးကာ (၃) ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်ကြီးကျည်ကျပြီး အရပ်သားတစ်ဦးသေဆုံးကာ (၃) ဦးဒဏ်ရာရ စစ်တွေ၊ မတ် ၂၉- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ဖက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်းကျေးရွာအနီးမှာ တပ်မတော်နဲ့အေအေတို့ မနေ့ မတ်လ၂၈ ရက်၊ ညနေ ၅ နာရီလောက်က ပေါက်တောပြင်ကျေးရွာအနီးတောင်တန်းမှာ မိနစ်ပိုင်းကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပေါက်တောပြင်ရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အရပ်သား တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားကြောင်း သတင်းရရှိပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ သေဆုံးသွားတဲ့ အရပ်သားဟာ ဆင်သေကျေးရွာကနေ ပေါက်တောပြင်ကျေးရွာသို့ အလည်လာသူဖြစ်ပြီး အသက် (၆၆) နှစ်အရွယ်၊ ဦးထွန်းအောင်စံ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဒဏ်ရာရရှိသူတွေမှာ ကျေရွာအနီးက ဓနိတောမှာ ပုန်းနေတဲ့အခါမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာဖြစ်ပြီး အဲဒီလက်နက်ကြီးကျည်ကြောင့် အမျိုးသမီး (၂) ဦးဒဏ်ရာရရှိပြီး၊ အမျိုးသား တစ်ဦး အသီးသီးဒဏ်ရာရရှိကြာတာဖြစ်ကြောင်းနဲ့ ယင်းဒဏ်ရာရရှိသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါဝင်ကြောင်း သိရပါတယ်။ ” သေဆုံးသွားတဲ့…

Read More

COVID-19 သံသယလူနာပါလာတယ်လို့သတင်းတွေထွက်ပေါ်လာလို့ ပုဂံရထားတွဲကိုယာယီပိတ်ပြီး ဆေးဖျန်း

#voiceofmyanmar #VOM #ဇီးကုုန္း

COVID-19 သံသယလူနာပါလာတယ်လို့သတင်းတွေထွက်ပေါ်လာလို့ ပုဂံရထားတွဲကိုယာယီပိတ်ပြီး ဆေးဖျန်း ဇီးကုန်း မတ်၂၉-၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဘူတာရုံမှာ COVID-19ရောဂါ သံသယလူနာပါလာတယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့အတွက် ပုဂံရထားတွဲကို ယာယီပိတ်ပြီး ဇီးကုန်းမြို့နယ် ကြက်ခြေနီအဖွဲ့ အကူအညီနဲ့ ဆေးဖျန်းခဲ့တယ်လို့ ဇီးကုန်းမြို့နယ် ရုံပိုင်လေးဆီကသိရပါတယ်။ ‟မနက်ကတော့ပုဂံရထားမှာ တရုတ်မှာအလုပ်လုပ်တယ်လို့သတင်းထွက်နေတဲ့သူတွေက နတ္တလင်းဘူတာ မှာဆင်းတာလေအဲဒီတွဲကို ကြက်ခြေနီအဖွဲ့အကူအညီနဲ့ နတ္တလင်းမှာပိုးသတ်ဆေးမရှိဘူးဆိုတာနဲ့ ဒီကနေ ဖျန်းပေးတာပါ” လို့ရုံပိုင်လေး လို့ဆိုပါတယ်။ “ အဲဒီ ခရီးသည်တွေစီးလာတဲ့တွဲကို ဘယ်သူ့မှအတက်မခံဘဲ ဇီးကုန်း ကြက်ခြေနီအဖွဲ့က ဆေးဖျန်း ပေးတာဖြစ်ပါတယ်။ သံသယရှိတဲ့ခရီးသည်တွေဟာ ကျောက်ပန်းတောင်းကစီးနင်းလာကြခြင်းဖြစ်ပြီး နတ္တလင်းမြို့နယ်ဘူတာရုံမှာ ဆင်းကြတယ်လို့ သိရပါတယ်။ ခရီးသည်တွေကိုတော့ အဲဒီတွဲကိုလောလောဆယ်အတက်မခံဘူး တခြားတွဲကို စီစဉ်ပေးလိုက်တယ်အဓိကရောဂါရှိလို့ လုပ်တာတော့မဟုတ်ပါဘူး အဓိက နိုင်ငံခြားကပြန်လာတာဆိုပြီး သတင်းထွက်နေတော့ ဒီတွဲလေးတွေကိုသံသယနဲ့ဆေးဖျန်းတဲ့သဘောပါ။ ခရီးသည်၂၅ယောက်ထဲက အသက်(၄၁)နှစ်ရှိတဲ့အမျိုးသမီးတစ်ဦးဖျားတယ်ပြောတယ် ကျနော်တို့ကလည်း ကိုယ့်မြို့ကဖြတ်သွားတာဆိုတော့ ခရီးသည်တွေလည်းတက်မှာစိုးတာနဲ့ ဒီတွဲတော့မတက်ပါနဲ့…

Read More

မအူပင်အထက်တန်းကျောင်းမှာ ပြည်တော်ပြန်တွေ စောင့်ကြည့်ဖို့နေရာသတ်မှတ်တာ ကန့်ကွက်ဆန္ဒ ပြသူတွေ ငြိမ်းစုစီနဲ့အရေးယူခံရ

#မအူပင်

မအူပင်အထက်တန်းကျောင်းမှာ ပြည်တော်ပြန်တွေ စောင့်ကြည့်ဖို့နေရာသတ်မှတ်တာ ကန့်ကွက်ဆန္ဒ ပြသူတွေ ငြိမ်းစုစီနဲ့အရေးယူခံရ မအူပင် -မတ်၂၉-၂၀၂၀ ကိုအောင် (VOM) ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ပြည်ပနိုင်ငံကပြန်လာသူတွေကို အထက်တန်းကျောင်းမှာ စောင့်ကြည့်တာနဲ့ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့ ည ၉ နာရီအချိန်က ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒဖော်ထုတ်တာတွေကိုပြုလုပ်ခဲ့ပါတယ်။ အဲလိုဆိုင်းဘုတ်ကိုင် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ဆန္ဒဖော်ထုတ်တာမှာ ဦးဆောင်သူ ဦးမင်းဇော်ကို မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြိမ်းစုစီဥပဒေနဲ့အမူဖွင့်လိုက်တာလို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မူးရုံးကနေသိရပါတယ်။ “ဦးဆောင်တဲ့သူကို ရဲစခန်းမှာ ငြိမ်းစုစည်းဥပဒေနဲ့ အမှုဖွင့် ထားပါပြီး၊နိင်ငံတော်အစိုးရက ခုချိန်မှာလူစုလူဝေးမလုပ်ဖို့ ညွန်ကြားချက်အရလဲ တရားဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာပါ”လို့ တိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမူးကြီးထွန်းရွှေကပြောပါတယ် ပြည်တော်ပြန်တွေကို အထက (၁)စာသင်ကျောင်းမှာ ထားရှိတာနဲ့ပတ်သက်ပြီး ကန့်ကွက်မှု ကို ဦးဆောင်ခဲ့တဲ့ ဦးမင်းဇော်အား မအူပင်မြို့မရဲစခန်းမှာ (ပ) ၄၁၈/၂၀၂၀၊ ငြိမ်းစုစည်းဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတယ်လို့ရဲတပ်ဖွဲ့မှတ်တမ်းတွေအရသိရပါတယ်။ မအူပင်မြို့၊…

Read More

COVID-19 လူနာ လည်ပတ်ခဲ့တဲ့ စစ်ကိုင်းမြို့က နေရာသုံးနေရာကို ပိုးသတ်ဆေးဖျန်း

COVID-19 လူနာ လည်ပတ်ခဲ့တဲ့ စစ်ကိုင်းမြို့က နေရာသုံးနေရာကို ပိုးသတ်ဆေးဖျန်း စစ်ကိုင်း၊ မတ် ၂၉-၂၀၂၀ ရှိုင်းအောင် (VOM) စစ်ကိုင်းမြို့မှာ COVID-19 လူနာ လာရောက်လည်ပတ်ခဲ့တဲ့ နေရာသုံးနေရာကို ယာယီပိတ်သိမ်းခဲ့ပြီး ဒီကနေ့မနက်က အဲ့ဒီနေရာသုံးနေရာနဲ့ အုန်းတောဈေး၊ ရွာသစ်ကြီးဈေးအတွင်းပိုင်းတွေကို ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းတွေလုပ်ပေးခဲ့တယ်လို့ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။ ”Covid -19 ရောဂါပိုးတွေ့ရှိသူ သွားခဲ့တဲ့နေရာ သုံးနေရာရှိတယ်၊ ငွေထည်ဆိုင်တစ်ခုရှိတယ်။စားသောက်ဆိုင်တစ်ခုရှိတယ်။ ဆွမ်းဦးပုညရှင်ဘုရားပေါ့နော်။အခု အဲ့ဒီနေရာတွေကို ယာယီပိတ်ထားပြီး သွားလာကန့်သတ်ထားတယ်၊ ငွေထည်ဆိုင်နဲ့ ထမင်းဆိုင်က မိသားစုဝင်တွေကိုလည်း Home Quarantineလုပ်ထားပါတယ်။ ဒီနေ့ မနက်မှာတော့ အဲ့ဒီနေရာသုံးနေရာကို ပိုးသတ်ဆေးလိုက်လံဖျန်းပေးတယ် “လို့ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါက်တာသော်တာထက်ကပြောပါတယ်။ COVID-19‌ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာ နံပါတ် ၈ ဖြစ်သူ ရန်ကုန်တိုင်းမြို့က အသက် ၆၀ နှစ်အရွယ် ဧည့်လမ်းညွှန်အမျိုးသမီးဟာ မတ်လ…

Read More
VOM News

FREE
VIEW