COVID-19 သံသယလူနာပါလာတယ်လို့သတင်းတွေထွက်ပေါ်လာလို့ ပုဂံရထားတွဲကိုယာယီပိတ်ပြီး ဆေးဖျန်း

#voiceofmyanmar #VOM #ဇီးကုုန္း

COVID-19 သံသယလူနာပါလာတယ်လို့သတင်းတွေထွက်ပေါ်လာလို့ ပုဂံရထားတွဲကိုယာယီပိတ်ပြီး ဆေးဖျန်း

ဇီးကုန်း မတ်၂၉-၂၀၂၀
ဝေဇင်ကြည်(VOM)

ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဘူတာရုံမှာ COVID-19ရောဂါ သံသယလူနာပါလာတယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့အတွက် ပုဂံရထားတွဲကို ယာယီပိတ်ပြီး ဇီးကုန်းမြို့နယ် ကြက်ခြေနီအဖွဲ့ အကူအညီနဲ့ ဆေးဖျန်းခဲ့တယ်လို့ ဇီးကုန်းမြို့နယ် ရုံပိုင်လေးဆီကသိရပါတယ်။

‟မနက်ကတော့ပုဂံရထားမှာ တရုတ်မှာအလုပ်လုပ်တယ်လို့သတင်းထွက်နေတဲ့သူတွေက နတ္တလင်းဘူတာ မှာဆင်းတာလေအဲဒီတွဲကို ကြက်ခြေနီအဖွဲ့အကူအညီနဲ့ နတ္တလင်းမှာပိုးသတ်ဆေးမရှိဘူးဆိုတာနဲ့ ဒီကနေ ဖျန်းပေးတာပါ” လို့ရုံပိုင်လေး
လို့ဆိုပါတယ်။

“ အဲဒီ ခရီးသည်တွေစီးလာတဲ့တွဲကို ဘယ်သူ့မှအတက်မခံဘဲ ဇီးကုန်း ကြက်ခြေနီအဖွဲ့က ဆေးဖျန်း ပေးတာဖြစ်ပါတယ်။ သံသယရှိတဲ့ခရီးသည်တွေဟာ ကျောက်ပန်းတောင်းကစီးနင်းလာကြခြင်းဖြစ်ပြီး နတ္တလင်းမြို့နယ်ဘူတာရုံမှာ ဆင်းကြတယ်လို့ သိရပါတယ်။ ခရီးသည်တွေကိုတော့ အဲဒီတွဲကိုလောလောဆယ်အတက်မခံဘူး တခြားတွဲကို စီစဉ်ပေးလိုက်တယ်အဓိကရောဂါရှိလို့ လုပ်တာတော့မဟုတ်ပါဘူး အဓိက နိုင်ငံခြားကပြန်လာတာဆိုပြီး သတင်းထွက်နေတော့ ဒီတွဲလေးတွေကိုသံသယနဲ့ဆေးဖျန်းတဲ့သဘောပါ။
ခရီးသည်၂၅ယောက်ထဲက အသက်(၄၁)နှစ်ရှိတဲ့အမျိုးသမီးတစ်ဦးဖျားတယ်ပြောတယ်
ကျနော်တို့ကလည်း ကိုယ့်မြို့ကဖြတ်သွားတာဆိုတော့ ခရီးသည်တွေလည်းတက်မှာစိုးတာနဲ့ ဒီတွဲတော့မတက်ပါနဲ့ တခြားတွဲပဲစီးပါဆိုပြီး စီစဉ်ပေးတာပါ ထူးထူးခြားခြားတော့မဟုတ်ဘူး ကျန်းမာရေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်တဲ့သဘောပါ”လို့ရှင်းပြပါတယ်။

အဆိုပါတရုတ်နိုင်ငံမှအလုပ်လုပ်ပြီးပြန်လာသည်ဆိုကာသတင်းတွေထွက်ပေါ်လာမှုကြောင့် ကြိုတင်စီစဉ်ထားမှုများကို နတ္တလင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာအေးအေးသန့်ကအခုလိုပြောပါတယ်။

‟စောစောပိုင်းက အဲလိုသတင်းကြားတယ် ကျန်းမာရေး ဝန်ထမ်းတွေက လူနာတင်ကားတွေနဲ့စောင့်နေတယ် တရုတ်ပြည်ကမဟုတ်ဖူးတဲ့ ပြည်တွင်းကမြို့တမြို့ကလာတာတဲ့ဖျားတာလည်း သာမန်တုတ်ကွေးပုံစံပါ ကျန်းမာရေး ဝန်ထမ်းတွေအကုန်
ဂရုနဲ့စစ်ဆေးတာပါတဲ့တရုတ်ကပြန်တာလည်းမဟုတ်ဘူး ကွန်တက်လည်းမရှိဘူးအဖျားကလည်း ငွေ့ငွေ့ပါဘဲ ကောလဟာလပါတဲ့ ညဦးပိုင်းတည်းက ဝတ်စုံအခန်းအားလုံးပြင်ဆင်ထားတာပါ။ လားရှိုးဘက်မှာ လမ်းဖောက်တဲ့ဝန်ထမ်းမိသားစုလို့ပြောပါတယ် ဆေးရုံမှာဒီသံသယလူနာမရှိဘူး” လို့ ပြောဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းCOVID-19ရောဂါကိုတိုင်ကြားရမယ့်ကူးစက်ရောဂါအဖြစ် ထုတ်ပြန်ထားပြီးအများဆုံး ထောင်ဒ ဏ် (၆)လ နဲ့ငွေဒဏ် (၅၀၀၀၀)ကျပ်သတ်မှတ်ထားတယ်လို့တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရောဂါနှိမ်နင်းရေး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကသိရပါတယ်။

#voiceofmyanmar #VOM #ဇီးကုန်း


ဇီးကုန်း မတ်၂၉-၂၀၂၀
ဝေဇင်ကြည်(VOM)


လို့ဆိုပါတယ်။






Related posts

Leave a Comment

VOM News

FREE
VIEW