ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်ကြီးကျည်ကျပြီး အရပ်သားတစ်ဦးသေဆုံးကာ (၃) ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်ကြီးကျည်ကျပြီး အရပ်သားတစ်ဦးသေဆုံးကာ (၃) ဦးဒဏ်ရာရ

စစ်တွေ၊ မတ် ၂၉- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ဖက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်းကျေးရွာအနီးမှာ တပ်မတော်နဲ့အေအေတို့ မနေ့ မတ်လ၂၈ ရက်၊ ညနေ ၅ နာရီလောက်က ပေါက်တောပြင်ကျေးရွာအနီးတောင်တန်းမှာ မိနစ်ပိုင်းကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပေါက်တောပြင်ရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အရပ်သား တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားကြောင်း သတင်းရရှိပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ သေဆုံးသွားတဲ့ အရပ်သားဟာ ဆင်သေကျေးရွာကနေ ပေါက်တောပြင်ကျေးရွာသို့ အလည်လာသူဖြစ်ပြီး အသက် (၆၆) နှစ်အရွယ်၊ ဦးထွန်းအောင်စံ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဒဏ်ရာရရှိသူတွေမှာ ကျေရွာအနီးက ဓနိတောမှာ ပုန်းနေတဲ့အခါမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာဖြစ်ပြီး အဲဒီလက်နက်ကြီးကျည်ကြောင့် အမျိုးသမီး (၂) ဦးဒဏ်ရာရရှိပြီး၊ အမျိုးသား တစ်ဦး အသီးသီးဒဏ်ရာရရှိကြာတာဖြစ်ကြောင်းနဲ့ ယင်းဒဏ်ရာရရှိသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါဝင်ကြောင်း သိရပါတယ်။

” သေဆုံးသွားတဲ့ အရပ်သားက ယောကျာၤးပါ။ ဆင်သေကျေးရွာက ကျနော်တို့ပေါက်တောပြင်ကို အလည်လာတာ။ ရွာပြင်ကိုထွက်တာမှာ လက်နက်ကြီးကျပြီး သေဆုံးသွားတာပါ။ ဒဏ်ရာရတာက ၃ ယောက်ပါ။ အမျိုးသမီး (၂) ယောက်နဲ့ အမျိုးသား တစ်ယောက်ဒဏ်ရာရတယ်။ အဲဒီထဲမှာ အမျိုးသမီးတစ်ယောက်က ခြေထောက်မှာ လက်နက်ကြီးကျည်ကျတာ ဆိုတော့ ဒဏ်ရာကပြင်ပြီး စိုးရိမ်ရတယ်လို့ပြောပါတယ်။ သူတို့ကို အခု အလယ်ချောင်းဆေးရုံးကို ရောက်သွားပါပြီ။” လို့ ပေါက်တောပြင်ကျေးရွာက ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီ လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရသူသွားတဲ့ထဲမှာ အသက် (၂၆) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ အသက် (၅၈)နှစ်အရွယ် ဒေါ်ဦးခင်မိုးနဲ့ ဦးမောင်မြင့်နိုင် အသက် (၃၈) နှစ်တို့ဖြစ်ပြီး သူတို့ဟာ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေမဟုတ်ဘဲ ပေါက်တောပြင်ရွာ ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးခင်မောင်လတ်က ပေါက်တောပြင်ကျေးရွာအနီး တောင်တန်းတွေမှာ တပ်နဲ့အေအေ တိုက်ပွဲဖြစ်ပွားတာကို အတည်ပြုပြီး ပေါက်တောပြင်ကျေးရွာက ဒေသခံတွေထိခိုက်ဒဏ်ရာရမှုရှိကြောင်းကိုလည်း မှန်ကန်ကြောင်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးတို့ကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားတာမရှိပါဘူး။

မနေ့က တပ်မတော်နဲ့အေအေ ပေါက်တောပြင်ကျေးရွာဖက်မှာ တိုက်ပွဲဖြစ်ပွားမှာ ရှိမရှိ အေအေပြောရေး ဆိုခွင့်ရှိသူခိုင်သုခကကို ဆက်သွယ်ခဲ့ရာ မနေ့က တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ သူ့ဆီသို့ သတင်းရောက်လာတာမရှိသေးကြောင်း ပြောပါတယ်။

#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း

 

ပုဏၰားကြၽန္းၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ည္က်ၿပီး အရပ္သားတစ္ဦးေသဆုံးကာ (၃) ဦးဒဏ္ရာရ

စစ္ေတြ၊ မတ္ ၂၉- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ဖက္ပိုင္း၊ ပုဏၰားကြၽန္းၿမိဳ႕နယ္ ေပါက္ေတာျပင္းေက်း႐ြာအနီးမွာ တပ္မေတာ္နဲ႕ေအေအတို႔ မေန႕ မတ္လ၂၈ ရက္၊ ညေန ၅ နာရီေလာက္က ေပါက္ေတာျပင္ေက်း႐ြာအနီးေတာင္တန္းမွာ မိနစ္ပိုင္းၾကာ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ေပါက္ေတာျပင္႐ြာသို႔ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲၿပီး အရပ္သား တစ္ဦးေသဆုံးၿပီး ၃ ဦးဒဏ္ရာရသြားေၾကာင္း သတင္းရရွိပါတယ္။

ေဒသခံေတြရဲ႕ေျပာျပခ်က္အရ ေသဆုံးသြားတဲ့ အရပ္သားဟာ ဆင္ေသေက်း႐ြာကေန ေပါက္ေတာျပင္ေက်း႐ြာသို႔ အလည္လာသူျဖစ္ၿပီး အသက္ (၆၆) ႏွစ္အ႐ြယ္၊ ဦးထြန္းေအာင္စံ ျဖစ္ပါတယ္။

ဆက္လက္ၿပီး ဒဏ္ရာရရွိသူေတြမွာ ေက်႐ြာအနီးက ဓနိေတာမွာ ပုန္းေနတဲ့အခါမွာ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲတာျဖစ္ၿပီး အဲဒီလက္နက္ႀကီးက်ည္ေၾကာင့္ အမ်ိဳးသမီး (၂) ဦးဒဏ္ရာရရွိၿပီး၊ အမ်ိဳးသား တစ္ဦး အသီးသီးဒဏ္ရာရရွိၾကာတာျဖစ္ေၾကာင္းနဲ႕ ယင္းဒဏ္ရာရရွိသူေတြထဲမွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးပါဝင္ေၾကာင္း သိရပါတယ္။

” ေသဆုံးသြားတဲ့ အရပ္သားက ေယာက်ာၤးပါ။ ဆင္ေသေက်း႐ြာက က်ေနာ္တို႔ေပါက္ေတာျပင္ကို အလည္လာတာ။ ႐ြာျပင္ကိုထြြက္တာမွာ လက္နက္ႀကီးက်ၿပီး ေသဆုံးသြားတာပါ။ ဒဏ္ရာရတာက ၃ ေယာက္ပါ။ အမ်ိဳးသမီး (၂) ေယာက္နဲ႕ အမ်ိဳးသား တစ္ေယာက္ဒဏ္ရာရတယ္။ အဲဒီထဲမွာ အမ်ိဳးသမီးတစ္ေယာက္က ေျခေထာက္မွာ လက္နက္ႀကီးက်ည္က်တာ ဆိုေတာ့ ဒဏ္ရာကျပင္ၿပီး စိုးရိမ္ရတယ္လို႔ေျပာပါတယ္။ သူတို႔ကို အခု အလယ္ေခ်ာင္းေဆး႐ုံးကို ေရာက္သြားပါၿပီ။” လို႔ ေပါက္ေတာျပင္ေက်း႐ြာက ေဒသခံ႐ြာသားတစ္ဦးက ေျပာပါတယ္။

အဲဒီ လက္နက္ႀကီးက်ည္ေၾကာင့္ ဒဏ္ရာရသူသြားတဲ့ထဲမွာ အသက္ (၂၆) ႏွစ္အ႐ြယ္ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးတစ္ဦး၊ အသက္ (၅၈)ႏွစ္အ႐ြယ္ ေဒၚဦးခင္မိုးနဲ႕ ဦးေမာင္ျမင့္နိုင္ အသက္ (၃၈) ႏွစ္တို႔ျဖစ္ၿပီး သူတို႔ဟာ လာေရာက္လည္ပတ္တဲ့ ဧည့္သည္ေတြမဟုုတ္ဘဲ ေပါက္ေတာျပင္႐ြာ ေဒသခံေတြျဖစ္တယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္၊ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးခင္ေမာင္လတ္က ေပါက္ေတာျပင္ေက်း႐ြာအနီး ေတာင္တန္းေတြမွာ တပ္နဲ႕ေအေအ တိုက္ပြဲျဖစ္ပြားတာကို အတည္ျပဳၿပီး ေပါက္ေတာျပင္ေက်း႐ြာက ေဒသခံေတြထိခိုက္ဒဏ္ရာရမႈရွိေၾကာင္းကိုလည္း မွန္ကန္ေၾကာင္း သူက ေျပာပါတယ္။

ဒီကိစၥနဲ႕ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉးနဲ႕ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးတို႔ကို ဖုန္းဆက္သြယ္ခဲ့ေပမယ့္ ဖုန္းကိုင္ေျဖၾကားတာမရွိပါဘူး။

မေန႕က တပ္မေတာ္နဲ႕ေအေအ ေပါက္ေတာျပင္ေက်း႐ြာဖက္မွာ တိုက္ပြဲျဖစ္ပြားမွာ ရွိမရွိ ေအေအေျပာေရး ဆိုခြင့္ရွိသူခိုင္သုခကကို ဆက္သြယ္ခဲ့ရာ မေန႕က တိုက္ပြဲသတင္းေတြနဲ႕ ပတ္သက္လို႔ သူ႕ဆီသို႔ သတင္းေရာက္လာတာမရွိေသးေၾကာင္း ေျပာပါတယ္။

#voiceofmyanmar #VOM #ပုဏၰားကြၽန္း

Related posts

Leave a Comment

VOM News

FREE
VIEW