ရခိုင်အခြေစိုက်သတင်းဌာနနှစ်ခုရဲ့ အွန်လိုင်းစာမျက်နှာကို ပြန်ဖွင့်ပေးဖို့ BNI ထုတ်ပြန်တောင်းဆို

ရခိုင်အခြေစိုက်သတင်းဌာနနှစ်ခုရဲ့ အွန်လိုင်းစာမျက်နှာကို ပြန်ဖွင့်ပေးဖို့ BNI ထုတ်ပြန်တောင်းဆို

စစ်တွေ၊ မတ် ၂၉- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနနှစ်ခုဖြစ်တဲ့ DMG ( Development Media Group)နဲ့ နိရဉ္ဇရာသတင်းဌာနတို့ရဲ့ အွန်လိုင်းစာမျက်နှာတွေကို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာ နှစ်ခုဖြစ်တဲ့ MPTနဲ့ MYTEL ဖုန်းအင်တာနက်လိုင်းတို့ကနေ ပြီးခဲ့တဲ့ မတ်လ ၂၃နဲ့ ၂၄ ရက်မှာ ဝင်ရောက်ဖတ်ရှုလို့မရတော့ကြောင်းနဲ့ အဲဒီလိုအပိတ်ခံထားရတဲ့ အင်တာနက်စာမျက်နှာတွေကို ပြန်လည်ဖွင်ပေးဖို့ BNI Multimedia Groupကနေ ဒီကနေ့ မတ်လ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ သက်ဆိုင်ရာသတင်းဌာနတွေကလည်း (MPT)နဲ့ (MYTEL) အွန်လိုင်းစာမျက်နှာတွေ အပိတ်ခံရမှုကိုအတည်ပြုပြီး အဲ့ဒီဖုန်းအင်တာနက်လိုင်းတွေကနေ သတင်းတွေကို ဝင်ရောက်ဖတ်ရှူလို့မရတော့ကြောင်း သတင်းဖော်ပြမှုတွေရှိတယ်လို့ ပါရှိပါတယ်။

အခုလိုမျိုး တိုင်းရင်းသားသတင်းဌာနတွေရဲ့ အွန်လိုင်းစာမျက်နှာကို ပိတ်ပင်လိုက်တာကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေကို ဆုံးရံှူးစေကြောင်း BNI ကသုံးသပ်ပြောဆိုထားပါတယ်။

” အဲဒါကတော့ ကျနော်တို့ BNI ထဲမှာရှိတဲ့ တိုင်းရင်းသားသတင်းဌာနနှစ်ခုပေါ့။ သူ့ရဲ့ သတင်းဌာနက စာတွေပိတ်ပင်တဲ့အတွက် ဒါက တိုင်းရင်းသားတွေရဲ့ သတင်းသိပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှူံးနေတယ်ပေါ့။ ဒါနဲ့ပတ်သက်လို့ ပြန်ဖွင့်ပေးဖို့ ကြေညှာချက်ထုတ်တာပါ။” လို့ BNI Multimedia Group မူဝါဒရေးရာကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးနိုင်ကိုကိုဇော်ကပြောပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ကမ္ဘာကပ်ရောဂါတစ်ခုဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID- 19) ကာကွယ်၊ စောင့်ကြည့် ကုသမှုတွေကို နိုင်ငံတာကာမှာ အထူးသတိပြုဆောင်ရွက်နေပြီး မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း တိုင်းရင်းသားသတင်းဌာနတွေရဲ့ ပြည်သူတွေဆီ သတင်းအချက်အလက်အမှန်တွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးပို့မှုတွေဟာလည်း အလွန်တစ်ရာအရေးကြီးတာကို ဖော်ပြထားပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနဲ့ သတင်းအမှားတွေနဲ့ လိင်ဖျော်ဖြေရေးအင်တာနက် စာအျက်နှာတွေကို ပိတ်ပင်တားမြစ်တဲ့အပေါ် BNI အနေနဲ့နားလည်ပြီး လက်ရှိအချိန်ဟာ ပြည်တွင်းပြည်ပက မည်သည့်သတင်းဌာနကိုမဆို လွတ်လပ်လုံခြုံစွာနဲ့ သတင်းရယူနိုင်ဖို့ ကူညီဝန်းရံရမယ့်အချိန်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

” နိရဉ္ဇရာ သတင်းဌာနက ဘာသတင်းတွေထုတ်နေလဲ ဘာလုပ်နေလဲဆိုတာ သူတို့မသိဘူးလေ။ အဓိက နိရဉ္ဇရာနဲ့ပတ်သက်ပြီး Miss Information ကို သူတို့အတိအကျမသိဘူးလေ။ သတင်းအတုထုတ်တဲ့ website တွေ၊ အမှားထုတ်တဲ့သတင်းတွေ အဲဒါတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနက ပိတ်ခိုင်းတဲ့အခါ MPTနဲ့ MYTEL ဆက်သွယ်ရေး အော်ပရေတာတွေက ဘာမှအတိအကျမသိဘဲ နိရဉ္ဇရာတို့၊ DMG တို့ကို ထည့်လိုက်တယ်လို့ မြင်တာပေါ့။ နိရဉ္ဇရာဆိုတာက လူတွေအကြီးအကျယ်ဖတ်တဲ့ သတင်းဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနကလည်း အသိအမှတ်ပြုထားတယ်။ အဲ့ဒါကို ပိတ်လိုက်တယ်ဆိုတော့ သူတို့က ရခိုင်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ လုပ်တာလို့မြင်တယ်။” လို့ နိရဉ္ဇရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က ပြောပါတယ်။

အခုလို ရခိုင်သတင်းဌာနှစ်ခုရဲ့ အွန်လိုင်းစာမျက်နှာတွေ အပိတ်ခံရတာနဲ့ ပတ်သက်ပြီး MPTနဲ့ MYTEL ဆက်သွယ်ရေးကုမ္မဏီတွေအနေနဲ့ အသေးစိတ်ကို ပြန်သုံးသပ်စေလိုကြောင်း အဲ့ဒီလိုမျိုး သုံးသပ်မှုမရှိဘဲလုပ်ရင် ရခိုင်ပြည်သူလူထုက ဒါတွေကို ဆန့်ကျင်လာနိုင်တယ်လို့ ဦးခိုင်မြတ်ကျော်ကပြောပါတယ်။

#VOM #voiceofmyanmar #စစ်တွေ #ရခိုင်အခြေစိုက် #သတင်းဌာနအွန်လိုင်းစာမျက်နှာ #ပြန်ဖွင့်ပေးဖို့BNIတောင်းဆို

Zawgyi

ရခိုင္အေျခစိုက္သတင္းဌာနႏွစ္ခုရဲ႕ အြန္လိုင္းစာမ်က္ႏွာကို ျပန္ဖြင့္ေပးဖို႔ BNI ထုတ္ျပန္ေတာင္းဆို

စစ္ေတြ၊ မတ္ ၂၉- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္အေျခစိုက္ သတင္းဌာနႏွစ္ခုျဖစ္တဲ့ DMG ( Development Media Group)နဲ႔ နိရဥၨရာသတင္းဌာနတို႔ရဲ႕ အြန္လိုင္းစာမ်က္ႏွာေတြကို ျမန္မာႏိုင္ငံရဲ႕ ဆက္သြယ္ေရးေအာ္ပေရတာ ႏွစ္ခုျဖစ္တဲ့ MPTနဲ႔ MYTEL ဖုန္းအင္တာနက္လိုင္းတို႔ကေန ၿပီးခဲ့တဲ့ မတ္လ ၂၃နဲ႔ ၂၄ ရက္မွာ ဝင္ေရာက္ဖတ္႐ႈလို႔မရေတာ့ေၾကာင္းနဲ႔ အဲဒီလိုအပိတ္ခံထားရတဲ့ အင္တာနက္စာမ်က္ႏွာေတြကို ျပန္လည္ဖြင္ေပးဖို႔ BNI Multimedia Groupကေန ဒီကေန႔ မတ္လ ၂၉ ရက္စြဲနဲ႔ ထုတ္ျပန္ေတာင္းဆိုလိုက္ပါတယ္။

ထုတ္ျပန္ခ်က္ထဲမွာ သက္ဆိုင္ရာသတင္းဌာနေတြကလည္း (MPT)နဲ႔ (MYTEL) အြန္လိုင္းစာမ်က္ႏွာေတြ အပိတ္ခံရမႈကိုအတည္ျပဳၿပီး အဲ့ဒီဖုန္းအင္တာနက္လိုင္းေတြကေန သတင္းေတြကို ဝင္ေရာက္ဖတ္ရႉလို႔မရေတာ့ေၾကာင္း သတင္းေဖာ္ျပမႈေတြ႐ွိတယ္လို႔ ပါ႐ွိပါတယ္။

အခုလိုမ်ိဳး တိုင္းရင္းသားသတင္းဌာနေတြရဲ႕ အြန္လိုင္းစာမ်က္ႏွာကို ပိတ္ပင္လိုက္တာေၾကာင့္ တိုင္းရင္းသားျပည္သူေတြရဲ႕ သတင္းသိပိုင္ခြင့္ေတြကို ဆံုးရံႉးေစေၾကာင္း BNI ကသံုးသပ္ေျပာဆိုထားပါတယ္။

” အဲဒါကေတာ့ က်ေနာ္တို႔ BNI ထဲမွာ႐ွိတဲ့ တိုင္းရင္းသားသတင္းဌာနႏွစ္ခုေပါ့။ သူ႔ရဲ႕ သတင္းဌာနက စာေတြပိတ္ပင္တဲ့အတြက္ ဒါက တိုင္းရင္းသားေတြရဲ႕ သတင္းသိပိုင္ခြင့္ အခြင့္အေရးေတြ ဆံုးရႉံးေနတယ္ေပါ့။ ဒါနဲ႔ပတ္သက္လို႔ ျပန္ဖြင့္ေပးဖို႔ ေၾကညႇာခ်က္ထုတ္တာပါ။” လို႔ BNI Multimedia Group မူဝါဒေရးရာေကာ္မတီဝင္တစ္ဦးျဖစ္တဲ့ ဦးႏိုင္ကိုကိုေဇာ္ကေျပာပါတယ္။

အဲ့ဒီထုတ္ျပန္ခ်က္ထဲမွာ ကမာၻကပ္ေရာဂါတစ္ခုျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ (COVID- 19) ကာကြယ္၊ ေစာင့္ၾကည့္ ကုသမႈေတြကို ႏိုင္ငံတာကာမွာ အထူးသတိျပဳေဆာင္ရြက္ေနၿပီး ျမန္မာႏိုင္ငံရဲ႕ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာလည္း တိုင္းရင္းသားသတင္းဌာနေတြရဲ႕ ျပည္သူေတြဆီ သတင္းအခ်က္အလက္အမွန္ေတြကို အခ်ိန္နဲ႔တေျပးညီ ေဖာ္ျပေပးပို႔မႈေတြဟာလည္း အလြန္တစ္ရာအေရးႀကီးတာကို ေဖာ္ျပထားပါတယ္။

ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး ဝန္ႀကီးဌာနအေနနဲ႔ သတင္းအမွားေတြနဲ႔ လိင္ေဖ်ာ္ေျဖေရးအင္တာနက္ စာအ်က္ႏွာေတြကို ပိတ္ပင္တားျမစ္တဲ့အေပၚ BNI အေနနဲ႔နားလည္ၿပီး လက္႐ွိအခ်ိန္ဟာ ျပည္တြင္းျပည္ပက မည္သည့္သတင္းဌာနကိုမဆို လြတ္လပ္လံုျခံဳစြာနဲ႔ သတင္းရယူႏိုင္ဖို႔ ကူညီဝန္းရံရမယ့္အခ်ိန္ျဖစ္ေၾကာင္းကိုလည္း ထုတ္ျပန္ခ်က္မွာပါဝင္ပါတယ္။

” နိရဥၨရာ သတင္းဌာနက ဘာသတင္းေတြထုတ္ေနလဲ ဘာလုပ္ေနလဲဆိုတာ သူတို႔မသိဘူးေလ။ အဓိက နိရဥၨရာနဲ႔ပတ္သက္ၿပီး Miss Information ကို သူတို႔အတိအက်မသိဘူးေလ။ သတင္းအတုထုတ္တဲ့ website ေတြ၊ အမွားထုတ္တဲ့သတင္းေတြ အဲဒါေတြကို ဆက္သြယ္ေရးဝန္ႀကီးဌာနက ပိတ္ခိုင္းတဲ့အခါ MPTနဲ႔ MYTEL ဆက္သြယ္ေရး ေအာ္ပေရတာေတြက ဘာမွအတိအက်မသိဘဲ နိရဥၨရာတို႔၊ DMG တို႔ကို ထည့္လိုက္တယ္လို႔ ျမင္တာေပါ့။ နိရဥၨရာဆိုတာက လူေတြအႀကီးအက်ယ္ဖတ္တဲ့ သတင္းဌာန၊ ျပန္ၾကားေရး ဝန္ႀကီးဌာနကလည္း အသိအမွတ္ျပဳထားတယ္။ အဲ့ဒါကို ပိတ္လိုက္တယ္ဆိုေတာ့ သူတို႔က ရခိုင္ဆိုတဲ့ ဆိုင္းဘုတ္ေအာက္မွာ လုပ္တာလို႔ျမင္တယ္။” လို႔ နိရဥၨရာသတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးခိုင္ျမတ္ေက်ာ္က ေျပာပါတယ္။

အခုလို ရခိုင္သတင္းဌာႏွစ္ခုရဲ႕ အြန္လိုင္းစာမ်က္ႏွာေတြ အပိတ္ခံရတာနဲ႔ ပတ္သက္ၿပီး MPTနဲ႔ MYTEL ဆက္သြယ္ေရးကုမၼဏီေတြအေနနဲ႔ အေသးစိတ္ကို ျပန္သံုးသပ္ေစလိုေၾကာင္း အဲ့ဒီလိုမ်ိဳး သံုးသပ္မႈမ႐ွိဘဲလုပ္ရင္ ရခိုင္ျပည္သူလူထုက ဒါေတြကို ဆန္႔က်င္လာႏိုင္တယ္လို႔ ဦးခုိင္ျမတ္ေက်ာ္ကေျပာပါတယ္။

#VOM #voiceofmyanmar #စစ္ေတြ #ရခိုင္အေျခစိုက္ #သတင္းဌာနအြန္လိုင္းစာမ်က္ႏွာ #ျပန္္ဖြင့္ေပးဖို႔BNIေတာင္းဆို

Related posts

Leave a Comment

VOM News

FREE
VIEW