မိုးညှင်းသမ္ဗုဒ္ဓေဘုရားကို ကန့်သတ်နယ်မြေအဖြစ် သက်မှတ်

မိုးညှင်းသမ္ဗုဒ္ဓေဘုရားကို ကန့်သတ်နယ်မြေအဖြစ် သက်မှတ်

မုံရွာ၊ မတ် ၂၉-၂၀၂၀
ရန်နိုင်စိုး(VOM)

မုံရွာမြို့ရဲ့ အထင်ကရ ဘုရားဖူးနယ်မြေဖြစ်တဲ့ မိုးညှင်းသမ္ဗုဒ္ဓေနဲ့ မဟာဗောဓိတစ်ထောင်နယ်မြေတို့ ဒီကနေ့မတ်လ ၂၉ ရက်နေ့ကစတင်ပြီး ကန့်သတ်နယ်မြေအဖြစ် သက်မှတ်လိုက်ပါတယ်။

အခုလို ကန့်သတ်နယ်မြေပြုလုပ်လိုက်တာဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ညက ထုတ်ပြန်လိုက်တဲ့ Covid 19ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တဲ့ လူ ၃ ဦးထဲက ဧည့်လမ်းညွှန်အမျိုးသမီးတစ်ဦးဟာ ပြင်သစ်နိုင်ငံသားတွေနဲ့အတူ မုံရွာမြို့ကို လေ့လာရေးခရီးစဉ်လာရောက်ချိန် မိုးညှင်းသမ္ဗုဒ္ဓေဘုရားနဲ့ မဟာဗောဓိ ၁၀၀၀ ဘုရားသွားရောက်ခဲ့တဲ့အတွက် အခုလို ကန့်သတ်တားမြစ်နေရာအဖြစ် သတ်မှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

” မနက်က စပိတ်တာ။ ဘုရားမှာရှိတဲ့ အလှူခံဌာနက လူတွေရော၊ ဘဏ္ဍာထိန်းဖြစ်သူပါ ဘုရားဝင်းအတွင်းက ကျားတိုက်မှာ စောင့်ကြည့်လူနာအဖြစ်ထားတယ်။ ဒေသခံတွေအနေနဲ့ကတော့ ဟိုလို အရမ်းစိုးရိမ်တာတော့ မရှိပါဘူး။ ဒါပေမယ့် လန့်တော့ လန့်တာပေါ့။ ဘုရားဖူးတွေတော့ လုံးဝမရှိတော့ဘူး ” လို့ မိုးညှင်းဒေသခံ ကိုဝင်းဇော်ဦးကပြောပါတယ်။

အခုလို ဧည့်လမ်းညွှန်အမျိုးသမီးရဲ့ ဆေးစစ်ချက်အဖြေထွက်ပေါ်လာပြီး မကြာခင်မှာပဲ မိုးညှင်းသမ္ဗုဒ္ဓေဘုရားအတွင်းနဲ့ ပတ်ဝန်းကျင်မှာ ပိုးသတ်ဆေးဖျန်းတာတွေကို ပြုလုပ်ခဲ့ကာ မဟာဗောဓိ၁၀၀၀ ဘုရားဖူးနယ်မြေကိုလဲ အသွားလာကန့်သတ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အဲ့ဒီဘုရားဖူးနယ်မြေတွေမှာ အနယ်နယ်အရပ်ရပ်က ခရီးသွားဘုရားဖူးများ မရှိတော့ဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

“ကျွန်မတို့က ဒီဘုရားဖူး ဧည့်သည်တွေကို မှီပြီးလုပ်စားရတာ။ အခုလို ဖြစ်သွားတော့ ဘာလုပ်ရမလဲမသိတော့ဘူး။ အိမ်မိသားစုက များတယ်။ အကန့်သတ်မရှိပိတ်တာဆိုတော့ တခြားအလုပ် စဉ်းစားရတော့မယ် ” လို့ ဗောဓိ၁၀၀၀ ဘုရားစောင်းတန်းအတွင်းဈေးရောင်းသူ ဒေါ်ခင်ခင်ရွှေကပြောပါတယ်။

ဧည့်လမ်းညွှန်အမျိုးသမီးဟာ ပြင်သစ်လူမျိုးတေ‌ွနဲ့အတူ မုံရွာပတ်ဝန်းကျင်က အထင်ကရဘုရားဖူးနယ်မြေဖြစ်တဲ့ မိုးညှင်းသမ္ဗုဒ္ဓေ ၊ မဟာဗောဓိ ၁၀၀၀၊ ဖိုလ်ဝင်တောင်တို့ကို သွားရောက်လေ့လာခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ Covid-19 ဗိုင်းရပ်စ်ရောဂါနဲ့ စောင့်ကြည့်ခံရသူ ၃၇၀ ဝန်းကျင်ရှိပြီး သံသယလူနာ ၂ ဦး၊ ရောဂါပိုးတွေ့ရှိသူ ၈ ဦးရှိနေပါတယ်။

#VOM #voiceofmyanmar #မုံရွာ #မိုးညှင်းသမ္ဗုဒ္ဓေ #ကန့်သတ်နေမြေသက်မှတ်

Zawgyi

မိုးညႇင္းသမၺဳေဒၶဘုရားကို ကန႔္သတ္နယ္ေျမအျဖစ္ သက္မွတ္

မံုရြာ၊ မတ္ ၂၉-၂၀၂၀
ရန္ႏိုင္စိုး(VOM)

မုံ႐ြာၿမိဳ႕ရဲ႕ အထင္ကရ ဘုရားဖူးနယ္ေျမျဖစ္တဲ့ မိုးညႇင္းသမၺဳေဒၶနဲ႔ မဟာေဗာဓိတစ္ေထာင္နယ္ေျမတုိ႔ ဒီကေန႔မတ္လ ၂၉ ရက္ေန႔ကစတင္ၿပီး ကန႔္သတ္နယ္ေျမအျဖစ္ သက္မွတ္လိုက္ပါတယ္။

အခုလို ကန႔္သတ္နယ္ေျမျပဳလုပ္လိုက္တာဟာ ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔ညက ထုတ္ျပန္လိုက္တဲ့ Covid 19ဗိုင္းရပ္စ္ပိုးေတြ႕ရွိခဲ့တဲ့ လူ ၃ ဦးထဲက ဧည့္လမ္းၫႊန္အမ်ိဳးသမီးတစ္ဦးဟာ ျပင္သစ္ႏိုင္ငံသားေတြနဲ႔အတူ မုံ႐ြာၿမိဳ႕ကို ေလ့လာေရးခရီးစဥ္လာေရာက္ခ်ိန္ မိုးညႇင္းသမၺဳေဒၶဘုရားနဲ႔ မဟာေဗာဓိ ၁၀၀၀ ဘုရားသြားေရာက္ခဲ့တဲ့အတြက္ အခုလို ကန႔္သတ္တားျမစ္ေနရာအျဖစ္ သတ္မွတ္လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

” မနက္က စပိတ္တာ။ ဘုရားမွာရွိတဲ့ အလွဴခံဌာနက လူေတြေရာ၊ ဘ႑ာထိန္းျဖစ္သူပါ ဘုရားဝင္းအတြင္းက က်ားတိုက္မွာ ေစာင့္ၾကည့္လူနာအျဖစ္ထားတယ္။ ေဒသခံေတြအေနနဲ႔ကေတာ့ ဟိုလို အရမ္းစိုးရိမ္တာေတာ့ မရွိပါဘူး။ ဒါေပမယ့္ လန႔္ေတာ့ လန႔္တာေပါ့။ ဘုရားဖူးေတြေတာ့ လုံးဝမရွိေတာ့ဘူး ” လို႔ မိုးညႇင္းေဒသခံ ကိုဝင္းေဇာ္ဦးကေျပာပါတယ္။

အခုလို ဧည့္လမ္းၫႊန္အမ်ိဳးသမီးရဲ႕ ေဆးစစ္ခ်က္အေျဖထြက္ေပၚလာၿပီး မၾကာခင္မွာပဲ မိုးညႇင္းသမၺဳေဒၶဘုရားအတြင္းနဲ႔ ပတ္ဝန္းက်င္မွာ ပိုးသတ္ေဆးဖ်န္းတာေတြကို ျပဳလုပ္ခဲ့ကာ မဟာေဗာဓိ၁၀၀၀ ဘုရားဖူးနယ္ေျမကိုလဲ အသြားလာကန႔္သတ္ပိတ္ပင္ထားတယ္လုိ႔ သိရပါတယ္။

လတ္တေလာမွာေတာ့ အဲ့ဒီဘုရားဖူးနယ္ေျမေတြမွာ အနယ္နယ္အရပ္ရပ္က ခရီးသြားဘုရားဖူးမ်ား မရွိေတာ့ဘူးလို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

“ကၽြန္မတို႔က ဒီဘုရားဖူး ဧည့္သည္ေတြကို မွီၿပီးလုပ္စားရတာ။ အခုလို ျဖစ္သြားေတာ့ ဘာလုပ္ရမလဲမသိေတာ့ဘူး။ အိမ္မိသားစုက မ်ားတယ္။ အကန႔္သတ္မရွိပိတ္တာဆိုေတာ့ တျခားအလုပ္ စဥ္းစားရေတာ့မယ္ ” လို႔ ေဗာဓိ၁၀၀၀ ဘုရားေစာင္းတန္းအတြင္းေဈးေရာင္းသူ ေဒၚခင္ခင္ေ႐ႊကေျပာပါတယ္။

ဧည့္လမ္းၫႊန္အမ်ိဳးသမီးဟာ ျပင္သစ္လူမ်ိဳးေတ‌ြနဲ႔အတူ မုံ႐ြာပတ္ဝန္းက်င္က အထင္ကရဘုရားဖူးနယ္ေျမျဖစ္တဲ့ မိုးညႇင္းသမၺဳေဒၶ ၊ မဟာေဗာဓိ ၁၀၀၀၊ ဖိုလ္ဝင္ေတာင္တို႔ကို သြားေရာက္ေလ့လာခဲ့တယ္လုိ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ စစ္တမ္းေတြအရ သိရပါတယ္။

အစိုးရရဲ႕တရားဝင္ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ Covid-19 ဗိုင္းရပ္စ္ေရာဂါနဲ႔ ေစာင့္ၾကည့့္ခံရသူ ၃၇၀ ဝန္းက်င္ရွိၿပီး သံသယလူနာ ၂ ဦး၊ ေရာဂါပိုးေတြ႕ရွိသူ ၈ ဦးရွိေနပါတယ္။

#VOM #voiceofmyanmar #မံုရြာ #မိုးညႇင္းသမၺဳေဒၶ #ကန္႔သတ္ေနေျမသက္မွတ္

Related posts

Leave a Comment

VOM News

FREE
VIEW