မန္တလေးတိုင်းအစိုးရက ယာဉ်စီးခဈေးနူန်းများကို (၂)ဆတိုးမြှင့်ကောက်ခံဖို့ ညွန်ကြားထား

မန္တလေးတိုင်းအစိုးရက ယာဉ်စီးခဈေးနူန်းများကို (၂)ဆတိုးမြှင့်ကောက်ခံဖို့ ညွန်ကြားထား

မန္တလေး၊ မတ် ၂၉-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးတိုင်းအတွင်းက ကားဂိတ်တွေမှာ ခရီးသည်တွေအနေနဲ့ ကားလတ်မှတ်၀ယ်ယူရင် လက်မှတ်ခကို (၂)ဆတိုးကောက်ခံဖို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ညွန်ကြားထားတယ်လို့ မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကနေသိရပါတယ်။

မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ မတ်လ ၂၇ရက်နေ့ကပြုလုပ်တဲ့ COVID-19ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက်ပြုလုပ်တဲ့ အစည်းအဝေးမှာ ခရီးသည်အရေအတွက် ၅၀ရာခိုင်နူန်းလျှော့ချရေးအတွက် ယာဉ်အသင်းအဖွဲ့များနစ်နာမှုမရှိဖို့ယာဉ်စီးခနူန်းထားများကို သတ်မှတ်ဈေးရဲ့(၂)ဆ ပိုကောက်ဖို့ ညွန်ကြားခဲ့တာဖြစ်ပါတယ်။

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၊ ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေး‌မြို့ရဲ့အစီအစဉ်နဲ့ ယာဉ်အမျိုးအစားအလိုက် မှုလတင်ဆောငိနိုင်တဲ့ ခရီးသည်ဦးရေရဲ့ထက်၀က် ၅၀ရာခိုင်နူန်းလျှော့ချပြီးတင်ဖို့ ကျွန်တော်တို့ကို ပြောခဲ့တယ်။ ကားလက်မှတ်တွေ နှစ်ဆတက်ပြီး ရောင်းခွင့်ပေးလိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ ခရီးသွားပြည်သူတွေကို အတတ်နိုင်ဆုံး ခရီးမသွားစေချင်ပါဘူး ၊ ရောဂါရဲ့အန္တရာယ်ကလည်း အင်မတန်ကြီးတဲ့အတွက် ဒီရည်ရွယ်ချက်လည်းပါပါတယ်။”လို့ မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းဥက္ကဌ ဦးအောင်ကျော်လင်းကပြောပါတယ်။

အခုလိုလုပ်ဆောင်လိုက်တာဟာ တစ်ဦးနဲ့တစိဦးနီးကပ်စွာ ပူးတွဲထိုင်တာတွေမဖြစ်တော့ဘဲ
တစ်ခုံခြားစီဖြစ်ဖို့ကို ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး မဖြစ်မနေသွားရမယ်ဆိုရင်လည်း တစ်ခုံခြားစီဖြစ်တဲ့အတွက် ရောဂါကူးစက်မှုအန္တရာယ်ကို အတတ်နိုင်ဆုံးကာကွယ်နိုင်အောင်လို့ အခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့ ဦးအောင်ကျော်လင်းကပြောပါတယ်။

“အ‌ဆိုးဘက်ကနေ တွေးကြည့်ရင် ပြည်သူတွေက နစ်နာပါတယ်။ အကောင်းဘက်ကကြည့်ရင်တော့ အပြင်ထွက်မှုကို တားဆီးပေးနိုင်တယ်။ ဒါပေမယ့် အခု ဆီဈေးတွေ တအားကျနေတဲ့အချိန်မှာ ကားခ နှစ်ဆတောင်းတာတော့ မကောင်းဘူးဗျ။ တစ်ခုရှိတာက လူတွေအများစု စည်းကမ်းမလိုက်နာကြလို့နေမှာ၊ ငွေနဲ့ကန့်သတ်လိုက်တယ်လို့ ထင်ပါတယ် ။ ရောဂါထက် ငွေကုန်မှာ လူတိုင်းကြောက်ကြတယ်လေ။ အဲဒီတော့ သွားချင်တဲ့သူတွေကို အလွယ်တကူ အပြင်မထွက်ချင်အောင် ကန့်သတ်တယ်လို့ ယူဆမိပါတယ်”လို့ ခရီးသွားပြည်သူတစ်ဦးဖြစ်တဲ့ ကိုထက်နိုင်ထွန်းကပြောပါတယ်။

မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းအနေနဲ့ သက်မှတ်ထားတဲ့ စည်းကမ်းအတိုင်းလိုက်နာမှုရှိမရှိကို မနေ့ မတ်လ(၂၈)ရက်နေ့ကစပြီး မန္တလေးမြို့တွင်းရှိ အဝေးပြေးယာဉ်ရပ်နားစခန်း (၅)ခုကို အလှည့်ကျစနစ်နဲ့ စစ်ဆေးတာတွေပြုလုပ်နေပြီး ခရီးသွားဦးရေကို တက်နိုင်သမျှလျော့နည်းအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ယာဉ်စီးခ #နှစ်ဆတိုးကောက်ခံ #မန္တလေးိုင်ူအစိုးရညွန်ကြား

Zawgyi


မန္တလေး၊ မတ် ၂၉-၂၀၂၀
လင်းခိုင်(VOM)







#VOM #voiceofmyanmar #မန္တလေး #ယာဉ်စီးခ #နှစ်ဆတိုးကောက်ခံ #မန္တလေိးုင်ူအစိုးရညွန်ကြား

Related posts

Leave a Comment

VOM News

FREE
VIEW