အိပ်ပျော်နေသော ရွာသား နှစ်ဦး ဆင်နင်း၍ သေဆုံး

အိပ်ပျော်နေသော ရွာသား နှစ်ဦး ဆင်နင်း၍ သေဆုံး

ဖားကန့် ၊ ဧပြီ ၂၄၊ ၂၀၂၀
ဇော်မိုးထက် (VOM)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ တော်မှော်ကျေးရွာနှင့်( ၆)မိုင် အကွာတွင် နေထိုင်သော မိသားစုနေအိမ်တလုံးကို တော်ဆင်ရိုင်း (3)ကောင်မှ ဧပြီလ ၂၃ ရက်နေ့ နံက် တနာရီချိန်က ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ တောမှော်ကျေးရွာသား တဦးက ပြောပါတယ် ။

” မနေ့ညက တနာရီလောက်က ဖြစ်သွားတာ။ မိသားစု လေးယောက်ရှိတာ နှစ်ယောက် ထွက်ပြေးလို့ လွတ်သွားတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ သေသွားတယ် ” လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အတည်ပြု ပြောပါတယ် ။

တောဆင်ရိုင်း သုံကောင်ဟာ လူနေအိမ်အား လာဖျက်စီးပြီး၊ နေအိမ်အတွင်း အိပ်နေသော မိသားစုများအား နှာမောင်ဖြင့်ရိုက်ခြင်း ဝှေ့ရမ်းခြင်း ခြေထောက်ဖြင့် တက်နင်းခြင်းများ ပြုလုပ်ခဲ့မှုကြောင့် အမျိုးသား နှစ်ဦးမှာ အဆိုပါနေအိမ်အတွင်းမှာပဲ ပွဲခြင်းပြီးသေဆုံးခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေက ပြောပြပါတယ်။

သေဆုံးသူတွေဟာ ထင်းခုတ်လုပ်ငန်း လုပ်ကိုင်သူတွေ ဖြစ်ကြပြီး ၊ ဦးမောင်အိုက်အသက်(၄၅)နှစ် ၊ (ဘ)ဦးအေးမောင် နှင့်ဦးမြင့်ဆွေ(၄ဝ) နှစ်( ဘ) ဦးညွှန်ဆွေ တို့ဖြစ်တယ်လို့ သိရပါတယ် ။

ယခုအခင်ဖြစ်ပွားခဲ့နေရာဟာ တောဆင်ရိုင်းများ ကျက်စားရာနေရာဖြစ်ပြီး ၂ဝ၁၈ခုနှစ်ကလည်း အဆိုပါတောမှော် ကျေးရွာ အနီးမှာ လူနှစ်ဦးကို နင်းသတ်ခံခဲ့ရဖူးပါတယ်။ ၂ဝဝ၅ ခုနှစ်ကလည်း လုံးခင်းကျေးရွာအနီးရှိ ကျေးရွာများက လူ သုံးဦးထက်မနည်း တောဆင်ရိုင်းများ နင်းသတ်ခံခဲ့ရပြီး သေဆုံးခဲ့ရတဲ့ အဖြစ်တွေ ရှိခဲ့ဖူးပါတယ်။

#VoiceOfMyanmar #VOM #WildElephants
#ဖားကန့် #ဆင်နင်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW