တီးတိန်က ကိုဗစ်၁၉ ပထမဆုံး လူနာ၊ ၆ ကြိမ်စစ်ပြီးသော်လည်း positive ဖြစ်နေဆဲ ဧပြီ ၂၃၊ ၂၀၂၀။ VOM ကိုရိုနာဗိုင်းစပ်ပိုး ကူးစက်ခံရမှု ပထမဆုံး လူနာဖြစ်တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က လူနာနံပါတ် ၁ ဟာ ၆ ကြိမ်မြောက် ဆေးစစ်ပြီးတဲ့အထိ positive ပဲ ဖြစ်နေသေးတာကြောင့် ဆေးရုံဆင်းခွင့် မရသေးသလို၊ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ကပ်တဲလ်ရွာကိုလည်း lockdown ကာလ တပတ် ထပ်တိုးထားတယ်လို့ သိရပါတယ်။ “သူ့ကို စစ်ဆေးမှုလုပ်တာ ၆ ခေါက်ရှိပြီ၊ ၆ ခေါက်လုံး positive ဖြစ်နေသေးတော့ သူ့ကို တီးတိန်ဆေးရုံမှာပဲ သီးသန့် ထားရသေးတယ်။ သူ့ကျန်းမာရေးကတော့ အကုန်ကောင်းနေတယ်။ ဘာမှ ထူးထူးထွေထွေမရှိဘူး။ positive ဖြစ်နေသေးတာတခုပဲ ရှိတယ်” လို့ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး…
Read MoreMonth: April 2020
မင်းပြားမှာ ပစ်ခတ်ခံရတဲ့ WHOက ကားမောင်းသူ ဆေးကုသရင်း ဒဏ်ရာကြောင့်သေဆုံး
မင်းပြားမှာ ပစ်ခတ်ခံရတဲ့ WHOက ကားမောင်းသူ ဆေးကုသရင်း ဒဏ်ရာကြောင့်သေဆုံး ဧပြီ-၂၁-၂၀၂၀ နေလင်း(VOM) ဧပြီ ၂၀ရက်ညနေ ၅ နာရီခန့်က မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးမှာ လက်နက်ငယ်နဲ့ပစ်ခတ်ခံရတဲ့ WHO ပိုင်ကားမောင်းသူ ဦးပြည့်စုံဝင်းမောင်ဟာ ဆေးကုသမှုခံရင်း ခုနမက်အစောပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။ မင်းပြားဆေးရုံရဲ့ တာဝန်ရှိတဲ့ ဆရာဝန်ကြီးက ” ဟုတ်ပါတယ် ဒရိုင်ဘာက ဆုံးသွားပါပြီ ဒဏ်ရာအခြေအနေကတော့ပြောပိုင်ခွင့်မရှိပါဘူး နောက်တယောက်ကတော့ အခြေအနေကောင်းပါတယ် ” လို့ ပြောပါတယ်။ အစိုးရသတင်းစဉ်ကထုတ်ပြန်ချက်မှာ ကိုပြည့်စုံဝင်းမောင်နဲ့ ကျန်းမာရေးကြီးကြပ် ဦးအောင်မျိုးဦးတို့ဟာ ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ခံရသူတွေရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်နမူနာတွေ ရန်ကုန်ကိုပို့ဆောင်ဖို့ စစ်တွေကနေထွက်ခွာလာတုန်း မင်းပြားရာမောင်ဇက်ဆိပ်နားမှာ ULA/AA အကြမ်းဖက်အဖွဲ့ရဲက လက်နက်ငယ်နဲ့ ပစ်ခတ်ခံရကြောင်းဖေါ်ပြထားပါတယ်။ ဒီပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးပြည့်စုံဝင်မောင်ရဲ့ ဘယ်ဘက်တင်ပါးဖေါက်ဝင်ဒဏ်ရာနဲ့ ယာဖက်တတောင်ဆစ်စုတ်ပြတ်ဒဏ်ရာရရှိပြီး ဦးအောင်မျိုးဦးရဲ့ ယာဖက်လက်ဖဝါးစုတ်ပြတ်၊ လက်မပြတ်ခါနီးဒဏ်ရာရှိလို့ မင်းပြားဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ ဖေါ်ပြပါရှိပါတယ်။…
Read More