အုတ်ရေကန်ပြိုကျ ပြီး (၆၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံး

အုတ်ရေကန်ပြိုကျ ပြီး (၆၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်းမှာ အုတ်ရေကန်ပြိုကျ ပြီး (၆၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်း ၊ မေ ၂-၂၀၂၀
စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့နယ် ဝါးချက်ကျေးရွာအုပ်စု ဝါးချက်ကျေးရွာ စစ်ကိုင်းတောင် အဆင်းလမ်း မြစခန်းကျောင်းတိုက် မှာ ဒီနေ့ နံနက် ၄ နာရီ ဝန်းကျင်ခန့် က ရေကန်ကြီး ပြိုကျရာ အသက် ၆၅ နှစ်ရွယ်အမျိူ းသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတောင် အဆင်းလမ်းက မြစခန်းကျောင်းတိုက်တွင်းမှာရှိတဲ့ ဂါလံ(၂၅၀၀၀၀)ဆံ့ အုတ်ရေကန်ပြိုကျပြီး အောက်မှာရှိတဲ့ ကျောင်းဆောင်ငယ်တခြမ်းပိမိကာ ကျောင်းအတွင်းနေတဲ့ ကျောင်းထိုင်းဆရာတော် ဦးဇဋိလရဲ့ မယ်တော် ဒေါ်တင်လှ အသက်(၆၅)နှစ် မြေပိသေဆုံးခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) ထံကသိရပါတယ်။

ပြိုကျခဲ့တဲ့ အုတ်ရေကန် နဲ့ ကျောင်းဆောင်ကို စစ်ကိုင်းတောင်မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) သုခကာရီ လူမှုကူညီရေးအသင်းအိုးဘို လူမှုကူညီရေးအသင်းတို့က ရှင်းလင်းဆောင်ရွက်ခဲ့ပြီး သေဆုံးသွားတဲ့ အသက်၆၅နှစ် မယ်တော်ကြီး ဒေါ်တင်လှ အလောင်းကိုတော့ စစ်ကိုင်းမြို့ကုတင်၂၀၀ ကိုပိုဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရေကန်မှာ (၁၃၃၀) ခုနှစ်ကဆောက်လုပ်ခဲ့သောဂါလံ (၂၅၀၀၀)ဆံ့အုတ်ရေကန်ဖြစ်ပြီး၊ရေအားများပြီး ရေကန်အောက်ခြေရှိကျောက်ထုတ်ပြိုကျ ခဲ့တာဖြစ်တယ်လို့ မြစခန်းကျောင်းတိုက်ကသိရပါတယ်။

စစ်ကိုင်းမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိက ” ကျနော်တို့ သတင်းရတာ ၃ နာရီ ၄၅မိနစ်က သတင်းရတာ ဒါနဲ့ မီးသတ်တွေ အခြားပရဟိတ အဖွဲ့ပူပေါင်းပြီး ရှင်းလင်းပေးခဲ့တယ် သေဆုံးတဲ့ အသက်(၆၅)နှစ်ရွယ်အမျိူ းသမီးက အဲ့ကျောင်းကိုလွန်ခဲ့တဲ့ ၁၅ နှစ် ကတည်းက နေထိုင်လာတာဖြစ်တယ်။ အဲ့ဒီ အုတ်ကန်ပြို မှုနဲ့ပတ်သက်ပြီး ကျနော်တို့ စစ်ကိုင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၇/၂၀၂၀) အမှုဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ ဖြေပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ဝါးချက်ရွာရေကန်ပြို

zawgyi

စစ္ကိုင္းမွာ အုတ္ေရကန္ၿပိဳက် ၿပီး (၆၅)ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးေသဆုံး

စစ္ကိုင္း ၊ ေမ ၂-၂၀၂၀
ေစာျပည့္ခ်မ္းသာ(VOM)

စစ္ကိုင္းၿမိဳ႕နယ္ ဝါးခ်က္ေက်း႐ြာအုပ္စု ဝါးခ်က္ေက်း႐ြာ စစ္ကိုင္းေတာင္ အဆင္းလမ္း ျမစခန္းေက်ာင္းတိုက္ မွာ ဒီေန႔ နံနက္ ၄ နာရီ ဝန္းက်င္ခန႔္ က ေရကန္ႀကီး ၿပိဳက်ရာ အသက္ ၆၅ ႏွစ္႐ြယ္အမ်ိဴ းသမီးတစ္ဦးေသဆုံးခဲ့ပါတယ္။

စစ္ကိုင္းေတာင္ အဆင္းလမ္းက ျမစခန္းေက်ာင္းတိုက္တြင္းမွာရွိတဲ့ ဂါလံ(၂၅၀၀၀၀)ဆံ့ အုတ္ေရကန္ၿပိဳက်ၿပီး ေအာက္မွာရွိတဲ့ ေက်ာင္းေဆာင္ငယ္တျခမ္းပိမိကာ ေက်ာင္းအတြင္းေနတဲ့ ေက်ာင္းထိုင္းဆရာေတာ္ ဦးဇဋိလရဲ႕ မယ္ေတာ္ ေဒၚတင္လွ အသက္(၆၅)ႏွစ္ ေျမပိေသဆုံးခဲ့တယ္လို႔ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း) ထံကသိရပါတယ္။

ၿပိဳက်ခဲ့တဲ့ အုတ္ေရကန္ နဲ႔ ေက်ာင္းေဆာင္ကို စစ္ကိုင္းေတာင္မီးသတ္နဲ႔ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း) သုခကာရီ လူမႈကူညီေရးအသင္း
အိုးဘို လူမႈကူညီေရးအသင္းတို႔က ရွင္းလင္းေဆာင္႐ြက္ခဲ့ၿပီး ေသဆုံးသြားတဲ့ အသက္၆၅ႏွစ္ မယ္ေတာ္ႀကီး ေဒၚတင္လွ အေလာင္းကိုေတာ့ စစ္ကိုင္းၿမိဳ႕ကုတင္၂၀၀ ကိုပိုေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ေရကန္မွာ (၁၃၃၀) ခုႏွစ္ကေဆာက္လုပ္ခဲ့ေသာဂါလံ (၂၅၀၀၀)ဆံ့အုတ္ေရကန္ျဖစ္ၿပီး၊ေရအားမ်ားၿပီး ေရကန္ေအာက္ေျခရွိေက်ာက္ထုတ္ၿပိဳက် ခဲ့တာျဖစ္တယ္လို႔ ျမစခန္းေက်ာင္းတိုက္ကသိရပါတယ္။

စစ္ကိုင္းၿမိဳ႕မရဲစခန္း တာဝန္က် ရဲအရာရွိက ” က်ေနာ္တို႔ သတင္းရတာ ၃ နာရီ ၄၅မိနစ္က သတင္းရတာ ဒါနဲ႔ မီးသတ္ေတြ အျခားပရဟိတ အဖြဲ႕ပူေပါင္းၿပီး ရွင္းလင္းေပးခဲ့တယ္ ေသဆုံးတဲ့ အသက္(၆၅)ႏွစ္႐ြယ္အမ်ိဴ းသမီးက အဲ့ေက်ာင္းကိုလြန္ခဲ့တဲ့ ၁၅ ႏွစ္ ကတည္းက ေနထိုင္လာတာျဖစ္တယ္။ အဲ့ဒီ အုတ္ကန္ၿပိဳ မႈနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ စစ္ကိုင္းၿမိဳ႕မရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္(၇/၂၀၂၀) အမႈဖြင့္လွစ္ေဆာင္႐ြက္ေနတယ္လို႔ ေျဖပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း #ဝါးခ်က္႐ြာေရကန္ၿပိဳ

Related posts

Leave a Comment

VOM News

FREE
VIEW