မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းတွေစတင်ဖို့ တပ်မတော်ကိုကမ်းလှမ်း

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းတွေစတင်ဖို့ တပ်မတော်ကိုကမ်းလှမ်း

စစ်တွေ၊ ဇွန် ၂- ၂၀၂၀
ထက်အောင်စိုင်း (VOM)

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ ရခိုင်တပ်(ULA/AA)၊ ကိုးကန့်တပ်(MNTJP/ MNDAA)၊ တအောင်းတပ်(PSLF/ TNLA)တို့က အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ငန်စဉ်စတင်ဖို့ ကမ်းလှမ်းတဲ့ထုတ်ပြန်ချက်ကို မနေ့ ဇွန်လ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဆက်လက်ပြီး မဟာမိတ် (၃)ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ဆဋ္ဌမအကြိမ်မြောက် အပစ်အခတ်ရပ်စဲကြောင်းနဲ့ မိမိတို့မဟာမိတ်အဖွဲ့တွေအနေနဲ့ တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲလိုကြောင်း ပါဝင်ပါတယ်။

” အခုအချိန်ထိပေါ့နော် တပ်မတော်ဖက်ကလည်း အပစ်ရပ်ကြေညာတာတွေရှိသလို့ မြောက်ပိုင်းသုံးဖွဲ့ကလည်း အပစ်ရပ်ကြေညာတာတွေရှိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကျနော့်တို့ရခိုင်မှာလည်း တိုက်ပွဲလျော့ချနိုင်တာ အခုထိမရှိဘူး။ မြောက်ပိုင်းမှာက တိုက်ပွဲလျော့ချနိုင်ပေမယ့် ရခိုင်မှာတော့မတွေ့ဘူး။ မြောက်ပိုင်းအဖွဲ့တွေရော တပ်မတော်ကပါ တစ်ဖက်သက် အပစ်ရပ်ကြေညာတာတွေက ရည်ရွယ်ချက်နဲ့ဆိုပေမယ့် ကောင်းတယ်လို့ဆိုပေမယ့် လက်တွေ့မှာတော့ အလုပ်မဖြစ်ဘူး။ ဒါကြောင့်မို့လို့ လက်တွေ့အလုပ်ဖြစ်ဖို့ဆိုရင် တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်မှသာ လက်တွေ့အလုပ်ဖြစ်ဖို့ထင်ပါတယ်။ ဒါကြောင့် နှစ်ဖက်လုံးကတော့ လက်တွေ့အလုပ်ဖြစ်တဲ့ လမ်းကြောင်းကိုရွေးဖို့လိုပါတယ်။”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာဦးမောင်မောင်စိုးကပြောပါတယ်။

မဟာမိတ် ၃ ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ နိုင်ငံရေးအရ အရေးပေါ်ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးအဖြေရှာရန်၊ အစိုးရ၊ တပ်မတော်နဲ့ မိမိတို့အဖွဲ့အစည်းတွေအကြားမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန်၊ လက်တွေ့ကျတဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုရဲ့မျက်နှာကို ထောက်ရှုပြီး တိုက်ပွဲတွေ လုံး၀ မဖြစ်ပွားစေဘဲ ပြည်သူ့ အသက် ၊ အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးနိုင်ရန်၊ နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို အမှန်တကယ်ဆောင်ရွက်နိုင်ရန်နဲ့ ပြည်တွင်းစစ်မီး လုံး၀ ချုပ်ငြိမ်းသွားစေရန်၊ COVID-19 ကူးစက်ရောဂါကို ကြိုတင်ကာကွယ်တားဆီးရေး ထိန်းချုပ်နိုင်ရေး၊ တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။

မိမိတို့ အဖွဲ့တွေအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံနှင့် နယ်နမိတ်ထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအားလုံး၏ နယ်စပ်တည်ငြိမ်အေးချမ်းမှု ရရှိစေရန် အတွက် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးအား အကြိမ်ကြိမ်ကြေညာခဲ့တာဖြစ်ပြီး ယခုအခါမှာ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ဟာ တစ်ဖက်သက် အပစ်အခတ်ရပ်စဲရေးကို ငါးကြိမ်တိုင် သက်တမ်းတိုးထား တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

” မြောက်ပိုင်းသုံးဖွဲ့ရော အစိုးရနဲ့ တပ်မတော် တို့ပါ တွေ့ဆုံဆွေးနွေးဖို့ လုပ်နေတယ်ဆိုတာတော့ ပြောနေကြတယ်။ တွေ့ဆုံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်မှာတွေမယ်၊ ဘယ်လိုတွေ့မယ်ဆိုတာ ညှိလို့မရကြသေးဘူးထင်ပါတယ်။”လို့ ဦးမောင်မောင်စိုးကဆက်ပြီးပြောပြပါတယ်။

တပ်မတော်ဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ၃ လတာ တစ်ဖက်သက် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားခဲ့ပြီး အဲ့ဒီတပ်မတော်ရဲ့ ကြေညာချက်မှာ အကြမ်းဖက်အဖွဲ့တွေရှိတဲ့ နေရာတွေမပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အခုလို အပစ်အခတ်ရပ်စဲရေးကြေညာထားစဉ်ကာလအတွင်း တပ်မတော်ဖက်က တစ်စုံတစ်ရာ ထိုးစစ်ဆင်တိုက်ခိုက်လာမယ်ဆိုရင် ခုခံကာကွယ်သွားမှာ ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် သဇင်မြိုင်နယ်ခြားစောင့် ကင်းစခန်းကို အေအေက ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပြီး အဲ့ဒီတိုက်ခိုက်မှုကို တပ်မတော်က အကြမ်းဖက်တိုက်ခိုက်မှုလို့ဆိုကာ တန်ပြန်အကြမ်းဖက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

#voiceeofmyanmar #VOM #မြောက်ပိုင်းမဟာမိတ် #ထုတ်ပြန်ချက်

Zawgyi

ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕က ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြစတင္ဖို႔ တပ္မေတာ္ကိုကမ္းလွမ္း

စစ္ေတြ၊ ဇြန္ ၂- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕ျဖစ္တဲ့ ရခိုင္တပ္(ULA/AA)၊ ကိုးကန္႔တပ္(MNTJP/ MNDAA)၊ တေအာင္းတပ္(PSLF/ TNLA)တို႔က အပစ္အခတ္ရပ္စဲၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္စဥ္စတင္ဖို႔ ကမ္းလွမ္းတဲ့ထုတ္ျပန္ခ်က္ကို မေန႔ ဇြန္လ ၁ ရက္ေန႔ရက္စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။

ဆက္လက္ၿပီး မဟာမိတ္ (၃)ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္မွာ ဇြန္လ ၁ ရက္ေန႔မွ ဩဂုတ္လ ၃၁ ရက္ေန႔အထိ ဆ႒မအႀကိမ္ေျမာက္ အပစ္အခတ္ရပ္စဲေၾကာင္းနဲ႔ မိမိတို႔မဟာမိတ္အဖြဲ႕ေတြအေနနဲ႔ တပ္မေတာ္နဲ႔ အပစ္အခတ္ရပ္စဲလိုေၾကာင္း ပါဝင္ပါတယ္။

” အခုအခ်ိန္ထိေပါ့ေနာ္ တပ္မေတာ္ဖက္ကလည္း အပစ္ရပ္ေၾကညာတာေတြရွိသလို႔ ေျမာက္ပိုင္းသုံးဖြဲ႕ကလည္း အပစ္ရပ္ေၾကညာတာေတြရွိတယ္။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ က်ေနာ့္တို႔ရခိုင္မွာလည္း တိုက္ပြဲေလ်ာ့ခ်ႏိုင္တာ အခုထိမရွိဘူး။ ေျမာက္ပိုင္းမွာက တိုက္ပြဲေလ်ာ့ခ်ႏိုင္ေပမယ့္ ရခိုင္မွာေတာ့မေတြ႕ဘူး။ ေျမာက္ပိုင္းအဖြဲ႕ေတြေရာ တပ္မေတာ္ကပါ တစ္ဖက္သက္ အပစ္ရပ္ေၾကညာတာေတြက ရည္႐ြယ္ခ်က္နဲ႔ဆိုေပမယ့္ ေကာင္းတယ္လို႔ဆိုေပမယ့္ လက္ေတြ႕မွာေတာ့ အလုပ္မျဖစ္ဘူး။ ဒါေၾကာင့္မို႔လို႔ လက္ေတြ႕အလုပ္ျဖစ္ဖို႔ဆိုရင္ ေတြ႕ဆုံေဆြးေႏြးၿပီး အပစ္ရပ္မွသာ လက္ေတြ႕အလုပ္ျဖစ္ဖို႔ထင္ပါတယ္။ ဒါေၾကာင့္ ႏွစ္ဖက္လုံးကေတာ့ လက္ေတြ႕အလုပ္ျဖစ္တဲ့ လမ္းေၾကာင္းကိုေ႐ြးဖို႔လိုပါတယ္။”လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ စာေရးဆရာဦးေမာင္ေမာင္စိုးကေျပာပါတယ္။

မဟာမိတ္ ၃ ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္မွာ ႏိုင္ငံေရးအရ အေရးေပၚျပႆနာမ်ားကို ႏိုင္ငံေရးအရ ေတြ႕ဆုံ ေဆြးေႏြးအေျဖရွာရန္၊ အစိုးရ၊ တပ္မေတာ္နဲ႔ မိမိတို႔အဖြဲ႕အစည္းေတြအၾကားမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အဆင္ေျပေခ်ာေမြ႕ေစရန္၊ လက္ေတြ႕က်တဲ့ လုပ္ငန္းေတြကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ရန္၊ ျပည္သူလူထုရဲ႕မ်က္ႏွာကို ေထာက္ရႈၿပီး တိုက္ပြဲေတြ လုံး၀ မျဖစ္ပြားေစဘဲ ျပည္သူ႔ အသက္ ၊ အိုးအိမ္စည္းစိမ္မ်ားကို ကာကြယ္ေပးႏိုင္ရန္၊ ႏွစ္ဦးႏွစ္ဖက္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးကို အမွန္တကယ္ေဆာင္႐ြက္ႏိုင္ရန္နဲ႔ ျပည္တြင္းစစ္မီး လုံး၀ ခ်ဳပ္ၿငိမ္းသြားေစရန္၊ COVID-19 ကူးစက္ေရာဂါကို ႀကိဳတင္ကာကြယ္တားဆီးေရး ထိန္းခ်ဳပ္ႏိုင္ေရး၊ တိုက္ဖ်က္ေရးဆိုင္ရာလုပ္ငန္းမ်ားကို အေထာက္အကူျပဳႏိုင္ရန္ စတဲ့အခ်က္ေတြ ပါဝင္ပါတယ္။

မိမိတို႔ အဖြဲ႕ေတြအေနနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ျမန္မာႏိုင္ငံႏွင့္ နယ္နမိတ္ထိစပ္လ်က္ရွိေသာ အိမ္နီးခ်င္းႏိုင္ငံမ်ားအားလုံး၏ နယ္စပ္တည္ၿငိမ္ေအးခ်မ္းမႈ ရရွိေစရန္ အတြက္ တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲေရးအား အႀကိမ္ႀကိမ္ေၾကညာခဲ့တာျဖစ္ၿပီး ယခုအခါမွာ ေျမာက္ပိုင္း မဟာမိတ္ (၃) ဖြဲ႕ဟာ တစ္ဖက္သက္ အပစ္အခတ္ရပ္စဲေရးကို ငါးႀကိမ္တိုင္ သက္တမ္းတိုးထား တာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

” ေျမာက္ပိုင္းသုံးဖြဲ႕ေရာ အစိုးရနဲ႔ တပ္မေတာ္ တို႔ပါ ေတြ႕ဆုံေဆြးေႏြးဖို႔ လုပ္ေနတယ္ဆိုတာေတာ့ ေျပာေနၾကတယ္။ ေတြ႕ဆုံေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္မွာေတြမယ္၊ ဘယ္လိုေတြ႕မယ္ဆိုတာ ညႇိလို႔မရၾကေသးဘူးထင္ပါတယ္။”လို႔ ဦးေမာင္ေမာင္စိုးကဆက္ၿပီးေျပာျပပါတယ္။

တပ္မေတာ္ဟာ ၿပီးခဲ့တဲ့ ေမလ ၉ ရက္ေန႔ကေန ဩဂုတ္လ ၃၁ ရက္ေန႔အထိ ၃ လတာ တစ္ဖက္သက္ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာထားခဲ့ၿပီး အ့ဲဒီတပ္မေတာ္ရဲ႕ ေၾကညာခ်က္မွာ အၾကမ္းဖက္အဖြဲ႕ေတြရွိတဲ့ ေနရာေတြမပါဝင္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

အခုလို အပစ္အခတ္ရပ္စဲေရးေၾကညာထားစဥ္ကာလအတြင္း တပ္မေတာ္ဖက္က တစ္စုံတစ္ရာ ထိုးစစ္ဆင္တိုက္ခိုက္လာမယ္ဆိုရင္ ခုခံကာကြယ္သြားမွာ ျဖစ္ေၾကာင္း ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၂၉ ရက္ေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ သဇင္ၿမိဳင္နယ္ျခားေစာင့္ ကင္းစခန္းကို ေအေအက ဝင္ေရာက္တိုက္ခိုက္ခဲ့တာရွိၿပီး အဲ့ဒီတိုက္ခိုက္မႈကို တပ္မေတာ္က အၾကမ္းဖက္တိုက္ခိုက္မႈလို႔ဆိုကာ တန္ျပန္အၾကမ္းဖက္တိုက္ခိုက္သြားမွာျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

#voiceeofmyanmar #VOM #ေျမာက္ပိုင္းမဟာမိတ္ #ထုတ္ျပန္ခ်က္

Related posts

Leave a Comment

VOM News

FREE
VIEW