လူမူကွန်ယက်မှာ သံဃာတော်တွေကို ဝေဖန်ရေးသားခဲ့သူကို ထောင်ဒဏ်(၁)နှစ်နဲ့ (၉)လချ

လူမူကွန်ယက်မှာ သံဃာတော်တွေကို ဝေဖန်ရေးသားခဲ့သူကို ထောင်ဒဏ်(၁)နှစ်နဲ့ (၉)လချ

မန္တလေး ဇွန် ၂-၂၀၂၀
ဖြူဖြူ (VOM)

လူမှုကွန်ယက်စာမျက်နှာမှာ သံဃာတော်တွေကို ဝေဖန်ရေးသားခဲ့သူကို ဒီကနေ့ ညနေပိုင်းမှာ ထောင်ဒဏ် တစ်နှစ်နဲ့ ကိုးလချမှတ်လိုက်တယ်လို့ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိကပြောပါတယ်။

“ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်ခဲ့တယ်။ စွဲချက်တင်တဲ့အခါမှာ တရားခံက နောင်တရရှိပြီးဝန်ခံထွက်ဆိုခဲ့တာတွေ့ရှိရတယ်။ ဒါကြောင့် နေ့ချင်းပြီးပဲ အမိန့်ချမှတ်ခဲ့ပါတယ်။ စုစုပေါင်း ပြစ်ဒဏ်ကတော့ တစ်နှစ်နဲ့ကိုးလဖြစ်ပါတယ်။ ”လို့ ချမ်းအေးသာစံမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောပါတယ်။

Kyaw Win Thant အကောင့်ပိုင်ရှင်ဟာ ပြီးခဲ့တဲ့ မေ ၁၇ ရက်က လူမှုကွန်ယက်စာမျက်နှာမှာ
Sex Education ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ရေးသားတဲ့အခါမှာ သံဃာတော်တွေကို ဆဲဆိုတဲ့အသုံးအနှုန်းနဲ့ ဘာသာရေးစိတ်နာကျည်းစေရန်အသုံးအနှုန်းတွေ သုံးခဲ့တယ်ဆိုပြီး အရေးယူပေးဖို့ မန္တလေးခရိုင်သာသနာရေးမှူးက အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။

ဒါကြောင့် ကိုကျော်ဝင်းသန့်ကို အမှုဖွင့်အရေးယူခဲ့ပြီး စတင်တရားစွဲတင်တဲ့နေ့( ဇွန် ၂ ရက်) မှာပဲ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄(က) ထောင်ဒဏ် သုံးလ၊ ၂၉၅-က အရ ထောင်ဒဏ် တစ်နှစ်ခြောက်လ သီးခြားစီကျခံဖို့ ချမ်းအေးသာစံမြို့နယ်တရားရုံးက အမိန့်ချလိုက်ပါတယ်။

အကောင့်ပိုင်ရှင်ဟာ မေ ၁၉ ရက်မှာ မိတ္ထီလာမြို့နယ် သံဃာ့နာယက ဥက္ကဌဆရာတော်တွေထံ သွားရောက်တောင်းပန်ခဲ့စဉ်မှာ မြို့နေပြည်သူအများစုက ကျေနပ်မှုမရှိဘဲ လူစုလူဝေးဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးအရေးယူမှုတွေလုပ်ဆောင်ခဲ့ပြီး အရေးယူမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

လူမူကြန္ယက္မွာ သံဃာေတာ္ေတြကို ေဝဖန္ေရးသားခဲ့သူကို ေထာင္ဒဏ္(၁)ႏွစ္နဲ႔ (၉)လခ်

မႏၲေလး ဇြန္ ၂-၂၀၂၀
ျဖဴျဖဴ (VOM)

လူမႈကြန္ယက္စာမ်က္ႏွာမွာ သံဃာေတာ္ေတြကို ေဝဖန္ေရးသားခဲ့သူကို ဒီကေန႔ ညေနပိုင္းမွာ ေထာင္ဒဏ္ တစ္ႏွစ္နဲ႔ ကိုးလခ်မွတ္လိုက္တယ္လို႔ မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံး သတင္းႏွင့္ျပန္ၾကားေရးအရာရွိကေျပာပါတယ္။

“ပုဒ္မႏွစ္ခုနဲ႔ စြဲခ်က္တင္ခဲ့တယ္။ စြဲခ်က္တင္တဲ့အခါမွာ တရားခံက ေနာင္တရရွိၿပီးဝန္ခံထြက္ဆိုခဲ့တာေတြ႕ရွိရတယ္။ ဒါေၾကာင့္ ေန႔ခ်င္းၿပီးပဲ အမိန႔္ခ်မွတ္ခဲ့ပါတယ္။ စုစုေပါင္း ျပစ္ဒဏ္ကေတာ့ တစ္ႏွစ္နဲ႔ကိုးလျဖစ္ပါတယ္။ ”လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံး သတင္းျပန္ၾကားေရးအရာရွိ ဦးေက်ာ္မ်ိဳးဝင္းက ေျပာပါတယ္။

Kyaw Win Thant အေကာင့္ပိုင္ရွင္ဟာ ၿပီးခဲ့တဲ့ ေမ ၁၇ ရက္က လူမႈကြန္ယက္စာမ်က္ႏွာမွာ
Sex Education ကိစၥနဲ႔ပတ္သက္ၿပီး ေဝဖန္ေရးသားတဲ့အခါမွာ သံဃာေတာ္ေတြကို ဆဲဆိုတဲ့အသုံးအႏႈန္းနဲ႔ ဘာသာေရးစိတ္နာက်ည္းေစရန္အသုံးအႏႈန္းေတြ သုံးခဲ့တယ္ဆိုၿပီး အေရးယူေပးဖို႔ မႏၲေလးခ႐ိုင္သာသနာေရးမႉးက အမႈဖြင့္တိုင္တန္းခဲ့ပါတယ္။

ဒါေၾကာင့္ ကိုေက်ာ္ဝင္းသန႔္ကို အမႈဖြင့္အေရးယူခဲ့ၿပီး စတင္တရားစြဲတင္တဲ့ေန႔( ဇြန္ ၂ ရက္) မွာပဲ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၉၄(က) ေထာင္ဒဏ္ သုံးလ၊ ၂၉၅-က အရ ေထာင္ဒဏ္ တစ္ႏွစ္ေျခာက္လ သီးျခားစီက်ခံဖို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံးက အမိန႔္ခ်လိုက္ပါတယ္။

အေကာင့္ပိုင္ရွင္ဟာ ေမ ၁၉ ရက္မွာ မိတၳီလာၿမိဳ႕နယ္ သံဃာ့နာယက ဥကၠဌဆရာေတာ္ေတြထံ သြားေရာက္ေတာင္းပန္ခဲ့စဥ္မွာ ၿမိဳ႕ေနျပည္သူအမ်ားစုက ေက်နပ္မႈမရွိဘဲ လူစုလူေဝးျဖစ္ခဲ့ပါေသးတယ္။

အဲ့ဒီေနာက္ ရဲတပ္ဖြဲ႕ကေန ဖမ္းဆီးအေရးယူမႈေတြလုပ္ေဆာင္ခဲ့ၿပီး အေရးယူမႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW