လယ်သမားတွေဆီကနေ ငွေ ၁၈ သိန်းကျော်တောင်းခံတဲ့ ပုသိမ်မြို့နယ် လယ်/စီဦးစီးမှူးကို အဂတိလိုက်စားမှုနဲ့ ရဲတပ်ဖွဲ့ဖမ်ဆီးထား

လယ်သမားတွေဆီကနေ ငွေ ၁၈ သိန်းကျော်တောင်းခံတဲ့ ပုသိမ်မြို့နယ် လယ်/စီဦးစီးမှူးကို အဂတိလိုက်စားမှုနဲ့ ရဲတပ်ဖွဲ့ဖမ်ဆီးထား

ပုသိမ်၊ ဇူလိူင် ၅-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနမြို့နယ်ဦးစီးမှုး ဦးကိုကိုနိုင်ဆိုသူကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ – ၅၆နဲ့ ပုသိမ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူဟာ ပုသိမ်မြို့ကိုမပြောင်းရွှေ့ခင် ရေကြည်မြို့နယ်မှာ ဦးစီးမှုးအဖြစ် တာဝန်ထမ်းဆောင်စဉ် လယ်ယာမြေပုံစံ(၇)ထုတ်ပေးရာမှာ တောင်သူတွေဆီက ငွေကြေး၁၈သိန်းကျော် တောင်းခံခဲ့တဲ့အတွက် လယ်သမားတွေက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာလို့ သိရပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးချက်အရ ဦးကိုကိုနိင်ဟာ တောင်သူတွေဆီကငွေကြေးတောင်းခံခဲ့တာကို ပေါ်ပေါက်ခဲ့တာကြောင့် ရေကြည်မြို့မစခန်းမှာ ဇူလိူင်၃ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပြီး ရေကြည်မြို့နယ်တရားသူကြီးရဲ့နူတ်မိန့်နဲ့ ပုသိမ်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

“အဂတိလိုက်စားမူတိုက်ဖျက်ရေးအဖွဲ့ကပဲ တရားစွဲတာပေါ့၊ သူကရေကြည်မြို့မှာကျူးလွန်ခဲ့တဲ့အတွက် ရေကြည်တရားရုံးမှာ ချုပ်ရက်ရမာန်ယူတော့ ပုသိမ်မြို့မစခန်းမှာ ထိန်းသိမ်းထားဖို့ တရားသူကြီးက နူတ်မိန့်ပေးတဲ့အတွက် ပုသိမ်ကိုပဲပြန်ခေါ်ထားတာပါ”လို့ ပုသိမ်မြို့မရဲစခန်းမှ စခန်းမှုး ဒု-ရဲမှုးမြင့်ခင်ကပြောပါတယ်။

အခုလို ရာထူးတာဝန်ကိုအလွဲသုံးစားပြုလုပ်ပြီး အဂတိလိုက်စားမှုကျူးလွန်ခဲ့တာကြောင့် အဂတိတလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆နဲ့ အမှုဖွင့်ထားတဲ့ ဦးကိုကိုနိင်ကို လာမယ့် ဇူလိူင်လ၁၇ရက်နေ့မှာ စတင်ရုံးထုတ်စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ်

Zawgyi

လယ္သမားေတြဆီကေန ေငြ ၁၈ သိန္းေက်ာ္ေတာင္းခံတဲ့ ပုသိမ္ၿမိဳ႕နယ္ လယ္/စီဦးစီးမႉးကို အဂတိလိုက္စားမႈနဲ႔ ရဲတပ္ဖြဲ႕ဖမ္ဆီးထား

ပုသိမ္၊ ဇူလိူင္ ၅-၂၀၂၀
ကိုေအာင္(VOM)

ဧရာ၀တီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲေရးနဲ႔ စာရင္းအင္းဦးစီးဌာနၿမိဳ႕နယ္ဦးစီးမႈး ဦးကိုကိုႏိုင္ဆုိသူကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးပုဒ္မ – ၅၆နဲ႔ ပုသိမ္ၿမိဳ႕မရဲစခန္းမွာ ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။

ဖမ္းဆီးခံရသူဟာ ပုသိမ္ၿမိဳ႕ကိုမေျပာင္းေ႐ႊ႕ခင္ ေရၾကည္ၿမိဳ႕နယ္မွာ ဦးစီးမႈးအျဖစ္ တာ၀န္ထမ္းေဆာင္စဥ္ လယ္ယာေျမပုံစံ(၇)ထုတ္ေပးရာမွာ ေတာင္သူေတြဆီက ေငြေၾကး၁၈သိန္းေက်ာ္ ေတာင္းခံခဲ့တဲ့အတြက္ လယ္သမားေတြက အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို တိုင္ၾကားခဲ့တာလို႔ သိရပါတယ္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စစ္ေဆးခ်က္အရ ဦးကိုကိုနိင္ဟာ ေတာင္သူေတြဆီကေငြေၾကးေတာင္းခံခဲ့တာကို ေပၚေပါက္ခဲ့တာေၾကာင့္ ေရၾကည္ၿမိဳ႕မစခန္းမွာ ဇူလိူင္၃ရက္ေန႔က အမႈဖြင့္တိုင္ၾကားခဲ့ၿပီး ေရၾကည္ၿမိဳ႕နယ္တရားသူႀကီးရဲ႕ႏူတ္မိန္႔နဲ႔ ပုသိမ္ၿမိဳ႕မရဲစခန္းမွာ ထိန္းသိမ္းထားတယ္လို႔သိရပါတယ္။

“အဂတိလိုက္စားမူတိုက္ဖ်က္ေရးအဖြဲ႕ကပဲ တရားစြဲတာေပါ့၊ သူကေရၾကည္ၿမိဳ႕မွာက်ဴးလြန္ခဲ့တဲ့အတြက္ ေရၾကည္တရား႐ုံးမွာ ခ်ဳပ္ရက္ရမာန္ယူေတာ့ ပုသိမ္ၿမိဳ႕မစခန္းမွာ ထိန္းသိမ္းထားဖို႔ တရားသူႀကီးက ႏူတ္မိန္႔ေပးတဲ့အတြက္ ပုသိမ္ကိုပဲျပန္ေခၚထားတာပါ”လို႔ ပုသိမ္ၿမိဳ႕မရဲစခန္းမွ စခန္းမႈး ဒု-ရဲမႈးျမင့္ခင္ကေျပာပါတယ္။

အခုလို ရာထူးတာ၀န္ကိုအလြဲသုံးစားျပဳလုပ္ၿပီး အဂတိလိုက္စားမႈက်ဴးလြန္ခဲ့တာေၾကာင့္ အဂတိတလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆နဲ႔ အမႈဖြင့္ထားတဲ့ ဦးကိုကိုနိင္ကို လာမယ့္ ဇူလိူင္လ၁၇ရက္ေန႔မွာ စတင္႐ုံးထုတ္စစ္ေဆးသြားမယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ပုသိမ္

Related posts

Leave a Comment

VOM News

FREE
VIEW