စစ်ပွဲတွေရပ်တန့်ဖို့တောင်းဆိုဆန္ဒပြသူ(၁၇)ဦးကို ငွေဒဏ် ၅၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၇ရက်ကျခံဖို့ အမိန့်ချ

စစ်ပွဲတွေရပ်တန့်ဖို့တောင်းဆိုဆန္ဒပြသူ(၁၇)ဦးကို ငွေဒဏ် ၅၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၇ရက်ကျခံဖို့ အမိန့်ချ

ရန်ကုန်၊ ဇူလိုင် ၁၀-၂၀၂၀
စွဲ့ဝတီ(VOM)

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က စစ်ဖြစ်ပွားနေတာကိုရပ်တန့်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ ဦးဆောင်သူ(၁၇)ဦးကို ငွေဒဏ် ၅၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၇ရက်ကျခံဖို့ ဒီကနေ့မနက်ပိုင်းက ဗဟန်းတရားရုံးကနေ အမိန့်ချမှတ်ခဲ့ပါတယ်။

“ဒီနေ့ကတော့ ကျွန်တော်တို့တွေ၊ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲတွေရပ်ဖို့တောင်းဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်နှစ်ကျော် တရားရင်ဆိုင်ခဲ့တယ်။ ဒီနေ့ အမိန့်ချတယ်။ ဒီနေ့အထိကတော့ စစ်ပွဲတွေဖြစ်နေတုန်းပဲ။ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ယူဆချက်အရ ငြိမ်းချမ်းရေးဆိုတော့ ရုပ်ရဲ့ လုံခြုံမှု၊ စိတ်ရဲ့လုံခြုံမှုရှိတာလို့ သတ်မှတ်တယ်။ ဒီနေ့အထိ ကျွန်တော်တို့နိုင်ငံသားတွေအားလုံး ရုပ်လည်း မလုံခြုံဘူး။ စိတ်လည်း မလုံခြုံဘူး။ ဒီလိုအခြေအနေကို ရင်ဆိုင်နေရတဲ့အတွက် ကျွန်တော်တို့အားလုံး သဘောတူညီဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးသေဆုံးသွားပြီလားလို့ ကျွန်တော်တို့လူငယ်တွေက မေးခွန်းထုတ်လိုက်ပါတယ်”လို့ ရုံးချိန်းအပြီးမှာ အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီက ကိုမြတ်ကျော်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်ပွဲတွေဖြစ်ပေါ်နေတာကို ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အတွက် ဆန္ဒပြတောင်းဆိုမူကို ၂၀၁၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့က တာမွေအဝိုင်းထိပ် Ocean Center အနီးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ဦးဆောင်သူ (၁၇) ဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ (၂၀) နဲ့ ဗဟန်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

“၁၇ယောက်မှာ သုံးယောက်က ထောင်ထဲမှာနဲ့ အချုပ်ထဲမှာဖြစ်ပါတယ်။ သုံးယောက်ကတော့ ဒဏ်ငွေ မဆောင်ဘူး။ ဥပဒေအရ ဒဏ်ငွေဆောင်လည်းပဲ ထောင်ထဲမှာပဲ နေရမှာဖြစ်တဲ့အတွက် ကျန်တဲ့ သူတွေပဲ ဒဏ်ငွေဆောင်ခဲ့တယ်”လို့ အဲ့ဒီအမူနဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ့ ဦးကြီးမြင့်က ရုံးချိန်းအပြီးမှာ ပြောပါတယ်။

အဲ့ဒီအမူနဲ့ ပတ်သက်ပြီးတော့ အမူရင်ဆိုင်တာဟာ အခုဆိုရင် (၂) နှစ်ကျော် ကြာမြင့်ခဲ့ပြီးချိန်မှ အခုလို အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

စစ္ပြဲေတြရပ္တန္႔ဖို႔ေတာင္းဆိုဆႏၵျပသူ(၁၇)ဦးကို ေငြဒဏ္ ၅၀၀၀ ဒါမွမဟုတ္ ေထာင္ဒဏ္ ၇ရက္က်ခံဖို႔ အမိန႔္ခ်

ရန္ကုန္၊ ဇူလိုင္ ၁၀-၂၀၂၀
စြဲ႕၀တီ(VOM)

ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္က စစ္ျဖစ္ပြားေနတာကိုရပ္တန႔္ေပးဖို႔ ေတာင္းဆိုဆႏၵျပခဲ့တဲ့ ဦးေဆာင္သူ(၁၇)ဦးကို ေငြဒဏ္ ၅၀၀၀ ဒါမွမဟုတ္ ေထာင္ဒဏ္ ၇ရက္က်ခံဖို႔ ဒီကေန႔မနက္ပိုင္းက ဗဟန္းတရား႐ုံးကေန အမိန႔္ခ်မွတ္ခဲ့ပါတယ္။

“ဒီေန႔ကေတာ့ ကြၽန္ေတာ္တို႔ေတြ၊ ၿငိမ္းခ်မ္းေရးနဲ႔ စစ္ပြဲေတြရပ္ဖို႔ေတာင္းဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ႏွစ္ႏွစ္ေက်ာ္ တရားရင္ဆိုင္ခဲ့တယ္။ ဒီေန႔ အမိန႔္ခ်တယ္။ ဒီေန႔အထိကေတာ့ စစ္ပြဲေတြျဖစ္ေနတုန္းပဲ။ ၿငိမ္းခ်မ္းေရးကို ကြၽန္ေတာ္တို႔ယူဆခ်က္အရ ၿငိမ္းခ်မ္းေရးဆိုေတာ့ ႐ုပ္ရဲ႕ လုံၿခဳံမႈ၊ စိတ္ရဲ႕လုံၿခဳံမႈရွိတာလို႔ သတ္မွတ္တယ္။ ဒီေန႔အထိ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြအားလုံး ႐ုပ္လည္း မလုံၿခဳံဘူး။ စိတ္လည္း မလုံၿခဳံဘူး။ ဒီလိုအေျခအေနကို ရင္ဆိုင္ေနရတဲ့အတြက္ ကြၽန္ေတာ္တို႔အားလုံး သေဘာတူညီဆုံးျဖတ္ခ်က္နဲ႔ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ ၿငိမ္းခ်မ္းေရးေသဆုံးသြားၿပီလားလို႔ ကြၽန္ေတာ္တို႔လူငယ္ေတြက ေမးခြန္းထုတ္လိုက္ပါတယ္”လို႔ ႐ုံးခ်ိန္းအၿပီးမွာ အဓမၼဝါဒဆန္႔က်င္ေရးေကာ္မတီက ကိုျမတ္ေက်ာ္ကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္ပြဲေတြျဖစ္ေပၚေနတာကို ရပ္တန႔္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ျပဳလုပ္ဖို႔ အတြက္ ဆႏၵျပေတာင္းဆိုမူကို ၂၀၁၈ ခုႏွစ္၊ ေမလ ၁၂ ရက္ေန႔က တာေမြအဝိုင္းထိပ္ Ocean Center အနီးမွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီးေတာ့ ဦးေဆာင္သူ (၁၇) ဦးကို ၿငိမ္းစုစီ ဥပေဒပုဒ္မ (၂၀) နဲ႔ ဗဟန္းၿမိဳ႕နယ္တရား႐ုံးမွာ တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

“၁၇ေယာက္မွာ သုံးေယာက္က ေထာင္ထဲမွာနဲ႔ အခ်ဳပ္ထဲမွာျဖစ္ပါတယ္။ သုံးေယာက္ကေတာ့ ဒဏ္ေငြ မေဆာင္ဘူး။ ဥပေဒအရ ဒဏ္ေငြေဆာင္လည္းပဲ ေထာင္ထဲမွာပဲ ေနရမွာျဖစ္တဲ့အတြက္ က်န္တဲ့ သူေတြပဲ ဒဏ္ေငြေဆာင္ခဲ့တယ္”လို႔ အဲ့ဒီအမူနဲ႔ပတ္သက္ၿပီး လိုက္ပါေဆာင္႐ြက္ေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန႔ ဦးႀကီးျမင့္က ႐ုံးခ်ိန္းအၿပီးမွာ ေျပာပါတယ္။

အဲ့ဒီအမူနဲ႔ ပတ္သက္ၿပီးေတာ့ အမူရင္ဆိုင္တာဟာ အခုဆိုရင္ (၂) ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ၿပီးခ်ိန္မွ အခုလို အမိန႔္ခ်မွတ္ခဲ့တာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW