တညင်းကုန်းဈေးက ဈေးဆိုင်ခန်းတွေကို အခွန်တိုးမြှင့်ကောက်ခံမှု နိုင်ငံတော်အဆင့် ဖြေရှင်းပေးဖို့တောင်းဆို

တညင်းကုန်းဈေးက ဈေးဆိုင်ခန်းတွေကို အခွန်တိုးမြှင့်ကောက်ခံမှု နိုင်ငံတော်အဆင့် ဖြေရှင်းပေးဖို့တောင်းဆို

ရန်ကုန် ၊ ဇူလိုင် ၁၁-၂၀၂၀
သူရိန်(VOM)

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးသစ်ကြီးက ဈေးဆိုင်ခန်းတွေကို အခုလ ၁ ရက်နေ့မှစတင်ပြီး အခွန်တိုးမြင့်ကောက်ခံတဲ့ ကိစ္စနဲ့ပတ်သတ်လို့ နိုင်ငံတော်အဆင့်ဖြင့် တာဝန်ယူဖြေရှင်းပေးစေချင်တယ်လို့ ဈေးသူဈေးသားများကိုယ်စား ဈေးရုံအမှတ်( ၃ )အတွင်း ဈေးရောင်းချနေသူ ဦးစိုးကျော်ကပြောပါတယ်။

“တညင်းကုန်း မူလဈေးကြီးကို စည်ပင်သာယာရဲ့ အုပ်ချုပ်မှုလက်အောက်မှာပဲ ထားသင့်ပါတယ်။ ကျွန်တော်တို့ မပြောင်းလိုပါဘူးလို့ ပြီးခဲ့တဲ့နှစ်က ဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့် ကျွန်တော်တို့ဈေးသည်တွေမသိဘဲ မျက်ကွယ်မှာ ဈေးများဌာနမှူးနဲ့ MAEX( Myanmar Agro Exchange Public L,td)ကုမ္ပဏီတို့ အကျိုးတူစာချုပ် ချုပ်ဆိုထားပါတယ်ဆိုပြီး ပြောင်းခိုင်းခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး၂၀၁၉ခုနှစ် ဇွန်လနှစ်ဆယ်ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ် ။ အဲ့ဒီနေ့ညပိုင်းမှာပဲ ဝင်ပေါက်တံခါး လေးပေါက်လုံးကို အတင်းပိတ်ပြီး ဈေးသစ်ကိုရွှေ့ခိုင်းခဲ့တယ်။ ဈေးပြောင်းတယ်ဆိုတာ နိုင်ငံတော်အမိန့်နဲ့ဆိုရင် ပြောင်းရမှာပါပဲ အခုဟာက နိုင်ငံတော်အနေနဲ့မဟုတ်ဘဲ အစိုးရနဲ့ပြည်သူပတ်သတ်နေတဲ့ဈေးကို ပုဂ္ဂလိကလက်ထဲကိုထိုးထည့်လိုက်သလိုမျိုး စည်ပင်သာယာကနေ လုပ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီတော့ စည်ပင်သာယာလက်အောက်ကနေ ပုဂ္ဂလိကလုပ်ငန်းရှင်ရဲ့ လက်အောက်ကိုရောက်သွားပြီး အခုလို အခွန်တွေတိုးကောက်လာတယ်၊ စည်းကမ်းတွေ ထုတ်ချင်တိုင်းထုတ်နေတယ် ။ ဒါတွေကို စည်ပင်သာယာကလည်း လက်ပိုက်ကြည့်နေတယ်”လို့ ဈေးရောင်းချနေသူ ဦးစိုးကျော်ကပြောပါတယ်။

ဒီဆိုင်ခန်းလစာ တိုးမြှင့်ကောက်ခံမှုနဲ့ပတ်သက်လို့ ဈေးသူဈေးသား စုစုပေါင်း(၃၁၂)ဦးက လက်မှတ်ရေးထိုးပြီး (Myanmar Agro Exchange Public Ltd)ကုမ္ပဏီကို တိုးမြင့်ကောက်ခံတဲ့အခွန်နှုန်းကို မပေးဆောင်ဘူးလို့ အကြောင်းပြန်ကြားစာ ပြန်လည်ပေးပို့ခဲ့ကြပါတယ်။

ကျွန်တော်တို့အနေနဲ့ ဆိုင်ခန်းဈေးနှုန်းတက်တယ်ဆိုတာက ကျွန်တော်တို့သဘောနဲ့ တက်ချင်တိုင်း တက်လို့မရပါဘူး။ ဈေးရွှေ့မပြောင်းခင် ၂၀၁၉ခုနစ် ဇွန်လ ၁၇ ရက်နေ့မှ ဈေးဖျက်သိမ်းပြီးတော့ ၂၀၁၉ခုနှစ် ဇွန်လ ၂၀ရက်နေ့မှာစပြီး ဈေးရောင်းချသူတွေကို လက်ခံခဲ့ပါတယ်။ ဆိုင်ခန်းခဈေးနူန်းနဲ့ပတ်သတ်ပြီး လေးကြိမ်တိုင်တိုင် စည်ပင်သာယာနဲ့ကျွန်တော်တို့နဲ့ ညှိနှိုင်းခဲ့ပြီး စည်ပင်သာယာဈေးများဌာနရဲ့ နောက်ဆုံးအတည်ပြုချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တင်ပြပြီးတော့မှ နောက်ဆုံးအတည်ပြုချက်ဈေးနှုန်းကို ကြေညာပေးခဲ့တာဖြစ်ပါတယ်။ ဈေးသူဈေးသားတွေကိုလည်း ဘယ်ဆိုင်က ဈေးရုံနံပါတ်ဘယ်လောက်ကို ရွှေ့ပြောင်းဖို့နဲ့ ဇွန်လ ၂၀ရက်နေ့မှာ နောက်ဆုံးပိတ်ပေးရမယ်ဆိုတဲ့စာကို ထုတ်ပြန်ပေးခဲ့ပြီး အဲ့ဒီစာထဲမှာကိုက ဆိုင်ခန်းတွေရဲ့နှစ်အလိုက်ဈေးနှုန်းသတ်မှတ်ချက်ကို တရားဝင်ထည့်သွင်း ဖော်ပြထားပြီးသားဖြစ်ပါတယ်”လို့ Myanmar Argo Exchangeကုမ္ပဏီ၏ CEO( Chief Excutive Officer)ဖြစ်သူ ဦးအောင်ကြီးကပြောပါတယ်။

ဈေးသူဈေးသားတွေက လက်ရှိဆောင်နေရတဲ့ အခွန်နှုန်းထားဟာ တစ်ခြားသောစည်ပင်သာယာဈေးတွေထက် ပိုများနေလို့ သမ္မတရုံးအထိတိုင်ကြားခဲ့ပေမယ့် ထိရောက်တဲ့ဖြေရှင်းမှုမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

#vopiceofmyanmar #VOM #ရန်ကုန်

Zawgyi

တညင္းကုန္းေစ်းက ေစ်းဆိုင္ခန္းေတြကို အခြန္တိုးျမႇင့္ေကာက္ခံမႈ ႏိုင္ငံေတာ္အဆင့္ ေျဖရွင္းေပးဖို႔ေတာင္းဆို

ရန္ကုန္ ၊ ဇူလိုင္ ၁၁-၂၀၂၀
သူရိန္(VOM)

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ တညင္းကုန္းေစ်းသစ္ႀကီးက ေစ်းဆိုင္ခန္းေတြကို အခုလ ၁ ရက္ေန႔မွစတင္ၿပီး အခြန္တိုးျမင့္ေကာက္ခံတဲ့ ကိစၥနဲ႔ပတ္သတ္လို႔ ႏိုင္ငံေတာ္အဆင့္ျဖင့္ တာဝန္ယူေျဖရွင္းေပးေစခ်င္တယ္လို႔ ေဈးသူေဈးသားမ်ားကိုယ္စား ေစ်း႐ုံအမွတ္( ၃ )အတြင္း ေစ်းေရာင္းခ်ေနသူ ဦးစိုးေက်ာ္ကေျပာပါတယ္။

“တညင္းကုန္း မူလေစ်းႀကီးကို စည္ပင္သာယာရဲ႕ အုပ္ခ်ဳပ္မႈလက္ေအာက္မွာပဲ ထားသင့္ပါတယ္။ ကြၽန္ေတာ္တို႔ မေျပာင္းလိုပါဘူးလို႔ ၿပီးခဲ့တဲ့ႏွစ္က ဆႏၵေဖာ္ထုတ္ခဲ့ၾကေပမယ့္ ကြၽန္ေတာ္တို႔ေစ်းသည္ေတြမသိဘဲ မ်က္ကြယ္မွာ ေစ်းမ်ားဌာနမႉးနဲ႔ MAEX( Myanmar Agro Exchange Public L,td)ကုမၸဏီတို႔ အက်ိဳးတူစာခ်ဳပ္ ခ်ဳပ္ဆိုထားပါတယ္ဆိုၿပီး ေျပာင္းခိုင္းခဲ့တယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး၂၀၁၉ခုႏွစ္ ဇြန္လႏွစ္ဆယ္ရက္ေန႔ မနက္ပိုင္းမွာ ဆႏၵေဖာ္ထုတ္ခဲ့ၾကတယ္ ။ အဲ့ဒီေန႔ညပိုင္းမွာပဲ ဝင္ေပါက္တံခါး ေလးေပါက္လုံးကို အတင္းပိတ္ၿပီး ေစ်းသစ္ကိုေ႐ႊ႕ခိုင္းခဲ့တယ္။ ေစ်းေျပာင္းတယ္ဆိုတာ ႏိုင္ငံေတာ္အမိန္႔နဲ႔ဆိုရင္ ေျပာင္းရမွာပါပဲ အခုဟာက ႏိုင္ငံေတာ္အေနနဲ႔မဟုတ္ဘဲ အစိုးရနဲ႔ျပည္သူပတ္သတ္ေနတဲ့ေစ်းကို ပုဂၢလိကလက္ထဲကိုထိုးထည့္လိုက္သလိုမ်ိဳး စည္ပင္သာယာကေန လုပ္လိုက္တာျဖစ္ပါတယ္။ အဲ့ဒီေတာ့ စည္ပင္သာယာလက္ေအာက္ကေန ပုဂၢလိကလုပ္ငန္းရွင္ရဲ႕ လက္ေအာက္ကိုေရာက္သြားၿပီး အခုလို အခြန္ေတြတိုးေကာက္လာတယ္၊ စည္းကမ္းေတြ ထုတ္ခ်င္တိုင္းထုတ္ေနတယ္ ။ ဒါေတြကို စည္ပင္သာယာကလည္း လက္ပိုက္ၾကည့္ေနတယ္”လို႔ ေစ်းေရာင္းခ်ေနသူ ဦးစိုးေက်ာ္ကေျပာပါတယ္။

ဒီဆိုင္ခန္းလစာ တိုးျမႇင့္ေကာက္ခံမႈနဲ႔ပတ္သက္လို႔ ေစ်းသူေစ်းသား စုစုေပါင္း(၃၁၂)ဦးက လက္မွတ္ေရးထိုးၿပီး (Myanmar Agro Exchange Public Ltd)ကုမၸဏီကို တိုးျမင့္ေကာက္ခံတဲ့အခြန္ႏႈန္းကို မေပးေဆာင္ဘူးလို႔ အေၾကာင္းျပန္ၾကားစာ ျပန္လည္ေပးပို႔ခဲ့ၾကပါတယ္။

ကြၽန္ေတာ္တို႔အေနနဲ႔ ဆိုင္ခန္းေစ်းႏႈန္းတက္တယ္ဆိုတာက ကြၽန္ေတာ္တို႔သေဘာနဲ႔ တက္ခ်င္တိုင္း တက္လို႔မရပါဘူး။ ေစ်းေ႐ႊ႕မေျပာင္းခင္ ၂၀၁၉ခုနစ္ ဇြန္လ ၁၇ ရက္ေန႔မွ ေစ်းဖ်က္သိမ္းၿပီးေတာ့ ၂၀၁၉ခုႏွစ္ ဇြန္လ ၂၀ရက္ေန႔မွာစၿပီး ေစ်းေရာင္းခ်သူေတြကို လက္ခံခဲ့ပါတယ္။ ဆိုင္ခန္းခေစ်းႏူန္းနဲ႔ပတ္သတ္ၿပီး ေလးႀကိမ္တိုင္တိုင္ စည္ပင္သာယာနဲ႔ကြၽန္ေတာ္တို႔နဲ႔ ညႇိႏႈိင္းခဲ့ၿပီး စည္ပင္သာယာေစ်းမ်ားဌာနရဲ႕ ေနာက္ဆုံးအတည္ျပဳခ်က္ကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရကို တင္ျပၿပီးေတာ့မွ ေနာက္ဆုံးအတည္ျပဳခ်က္ေစ်းႏႈန္းကို ေၾကညာေပးခဲ့တာျဖစ္ပါတယ္။ ေစ်းသူေစ်းသားေတြကိုလည္း ဘယ္ဆိုင္က ေစ်း႐ုံနံပါတ္ဘယ္ေလာက္ကို ေ႐ႊ႕ေျပာင္းဖို႔နဲ႔ ဇြန္လ ၂၀ရက္ေန႔မွာ ေနာက္ဆုံးပိတ္ေပးရမယ္ဆိုတဲ့စာကို ထုတ္ျပန္ေပးခဲ့ၿပီး အဲ့ဒီစာထဲမွာကိုက ဆိုင္ခန္းေတြရဲ႕ႏွစ္အလိုက္ေစ်းႏႈန္းသတ္မွတ္ခ်က္ကို တရားဝင္ထည့္သြင္း ေဖာ္ျပထားၿပီးသားျဖစ္ပါတယ္”လို႔ Myanmar Argo Exchangeကုမၸဏီ၏ CEO( Chief Excutive Officer)ျဖစ္သူ ဦးေအာင္ႀကီးကေျပာပါတယ္။

ေဈးသူေဈးသားေတြက လက္ရွိေဆာင္ေနရတဲ့ အခြန္ႏႈန္းထားဟာ တစ္ျခားေသာစည္ပင္သာယာေစ်းေတြထက္ ပိုမ်ားေနလို႔ သမၼတ႐ုံးအထိတိုင္ၾကားခဲ့ေပမယ့္ ထိေရာက္တဲ့ေျဖရွင္းမႈမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

#vopiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW