မော်လမြိုင်မှာ ကွာရန်တင်းစင်တာကနေ ဆေးမစစ်ရသေးခင် အမျိုးသားတစ်ဦး ထွက်ပြေးသွား

မော်လမြိုင်မှာ ကွာရန်တင်းစင်တာကနေ ဆေးမစစ်ရသေးခင် အမျိုးသားတစ်ဦး ထွက်ပြေးသွား

နေပြည်တော်၊ ဇူလိုင် ၁၂-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်တက္ကသိုလ်၊ ကွန်မြူနတီဘေ့စ် ကွာရန်တင်းစင်တာမှာ ဆေးစစ်မှုမခံယူရသေးတဲ့ ထိုင်းနိုင်ငံပြန် အမျိုးသားတစ်ဦး ဇူလိုင်လ ၁၁ ရက်နေ့မနက်အစောပိုင်းက ထွက်ပြေးသွားတယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှုး ဦးစိုးဌေးကပြောပါတယ်။

“မြို့နယ်(၁၀)ခုကလူတွေကို စောင့်ကြည့်စစ်ဆေးဖို့ မော်လမြိုင်တက္ကသိုလ်မှာထားတုန်း ထွက်ပြေးသွားခဲ့တာပါ။ လက်တစ်လောတော့ ရှာဖွေစုံစမ်းနေဆဲဖြစ်ပါတယ်”လို့ ဒုတိယအုပ်ချုပ်ရေးမှုး ဦးစိုးဌေးကပြောပါတယ်။

ကွာရန်တင်းစင်တာကနေ ထွက်ပြေးသွားသူဟာ ဦးစိန်(ခ)ပေတလူ အသက်(၃၈နှစ်)၊ ပဲခူးတိုင်း၊ သနပ်ပင်မြို့ကဖြစ်ပြီး သူရဲ့ဇာတိမြို့ကို ထွက်ပြေးတယ်လို့ယူဆကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကွာရန်တင်းစင်တာကနေ ဆေးစစ်ဆေးမှုမခံယူဘဲ တိမ်းရှောင်ထွက်ပြေးသွားသူဟာ ဇူလိုင်လ ၅ ရက်နေ့က ထိုင်းနိုင်ငံကနေ ပြန်ဝင်လာသူဖြစ်ပြီး သူရဲ့အမျိုးသမီးကတော့ ရေးမြို့မှာ နေထိုင်ပေမယ့်လည်း နောက်ဆုံးဆက်သွယ်ခဲ့တဲ့ အချက်အလက်တွေအရ သနပ်ပင်မှာ ရောက်နေခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

မော်လမြိုင်မြို့နယ်၊ မော်လမြိုင်တက္ကသိုလ် Community Based Facility Quarantine စင်တာမှာ ဇူလိုင်လ(၁၁)ရက်နေ့အထိ ထိုင်းနိုင်ငံကနေပြန်လာပြီး ကွာရန်တင်းဝင်ရောက်နေသူ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း (၅၇၀)ခန့်ရှိတယ်လို့ မော်လမြိုင်မြို့ခံ ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့မှ ဦးဘိုဘိုဝင်းကပြောပါတယ်။

ဓါတ်ပုံ-ဘိုဘိုဝင်း
#voiceofmyanmar #VOM #မော်လမြိုင်

Zawgyi

ေမာ္လၿမိဳင္မွာ ကြာရန္တင္းစင္တာကေန ေဆးမစစ္ရေသးခင္ အမ်ိဳးသားတစ္ဦး ထြက္ေျပးသြား

ေနျပည္ေတာ္၊ ဇူလိုင္ ၁၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ ေမာ္လၿမိဳင္တကၠသိုလ္၊ ကြန္ျမဴနတီေဘ့စ္ ကြာရန္တင္းစင္တာမွာ ေဆးစစ္မႈမခံယူရေသးတဲ့ ထိုင္းႏိုင္ငံျပန္ အမ်ိဳးသားတစ္ဦး ဇူလိုင္လ ၁၁ ရက္ေန႔မနက္အေစာပိုင္းက ထြက္ေျပးသြားတယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဒုတိယအုပ္ခ်ဳပ္ေရးမႈး ဦးစိုးေဌးကေျပာပါတယ္။

“ၿမိဳ႕နယ္(၁၀)ခုကလူေတြကို ေစာင့္ၾကည့္စစ္ေဆးဖို႔ ေမာ္လၿမိဳင္တကၠသိုလ္မွာထားတုန္း ထြက္ေျပးသြားခဲ့တာပါ။ လက္တစ္ေလာေတာ့ ရွာေဖြစုံစမ္းေနဆဲျဖစ္ပါတယ္”လို႔ ဒုတိယအုပ္ခ်ဳပ္ေရးမႈး ဦးစိုးေဌးကေျပာပါတယ္။

ကြာရန္တင္းစင္တာကေန ထြက္ေျပးသြားသူဟာ ဦးစိန္(ခ)ေပတလူ အသက္(၃၈ႏွစ္)၊ ပဲခူးတိုင္း၊ သနပ္ပင္ၿမိဳ႕ကျဖစ္ၿပီး သူရဲ႕ဇာတိၿမိဳ႕ကို ထြက္ေျပးတယ္လုိ႔ယူဆေၾကာင္း ေမာ္လၿမိဳင္ၿမိဳ႕ခံ လူမႈကူညီေရးအဖြဲ႕ေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ကြာရန္တင္းစင္တာကေန ေဆးစစ္ေဆးမႈမခံယူဘဲ တိမ္းေရွာင္ထြက္ေျပးသြားသူဟာ ဇူလိုင္လ ၅ ရက္ေန႔က ထိုင္းႏိုင္ငံကေန ျပန္ဝင္လာသူျဖစ္ၿပီး သူရဲ႕အမ်ိဳးသမီးကေတာ့ ေရးၿမိဳ႕မွာ ေနထိုင္ေပမယ့္လည္း ေနာက္ဆုံးဆက္သြယ္ခဲ့တဲ့ အခ်က္အလက္ေတြအရ သနပ္ပင္မွာ ေရာက္ေနခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ ေမာ္လၿမိဳင္တကၠသိုလ္ Community Based Facility Quarantine စင္တာမွာ ဇူလိုင္လ(၁၁)ရက္ေန႔အထိ ထိုင္းႏိုင္ငံကေနျပန္လာၿပီး ကြာရန္တင္းဝင္ေရာက္ေနသူ အမ်ိဳးသား၊ အမ်ိဳးသမီးစုစုေပါင္း (၅၇၀)ခန႔္ရွိတယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕ခံ ဘိုဘိုဝင္း လူမႈကူညီေရးအဖြဲ႕မွ ဦးဘိုဘိုဝင္းကေျပာပါတယ္။

ဓါတ္ပုံ-ဘိုဘိုဝင္း
#voiceofmyanmar #VOM #ေမာ္လၿမိဳင္

Related posts

Leave a Comment

VOM News

FREE
VIEW