အင်ဒိုနီးရှား စစ်တက္ကသိုလ်တစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကြီးအကျယ်ဖြစ်ပွားနေ

အင်ဒိုနီးရှား စစ်တက္ကသိုလ်တစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကြီးအကျယ်ဖြစ်ပွားနေ

ဂျကာတာ၊ ဇူလိုင်-၁၂-၂၀၂၀
မျိုးဆက် (VOM)

အင်ဒိုနီးရှားနိုင်ငံမှာ ကပ်ရောဂါထိန်းချုပ်ရေး ရုန်းကန်နေရစဉ်မှာ နိုင်ငံအတွင်းက စစ်တက္ကသိုလ်တစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃၀၀ နီးပါးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေးအထူထပ်ဆုံးဖြစ်တဲ့ အနောက်ဂျာဗားပြည်နယ်ရှိ စစ်တက္ကသိုလ်တစ်ခုမှာ ကူးစက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၃၀ ဦးကို အပျော့စားရောဂါလက္ခဏာတွေပြသတာကြောင့် ဆေးရုံတင်ခဲ့ရတယ်လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Andika Perkasaကပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာ ၁၂၈၀ ဦးရှိပြီး ၉၉၁ ဦးဟာ ဗိုလ်လောင်းတွေဖြစ်ကာ ကျန်သူတွေကတော့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

ကူးစက်ခံရသူအများစုကတော့ ရောဂါလက္ခဏာပြသတာမျိုးမရှိဘဲ ၁၇ ဦးကတော့ ဇူလိုင် ၁၁ ရက်အထိ ဆေးရုံတက်နေရဆဲဖြစ်တယ်လို့ သူကပြောပါတယ်။

ဗိုလ်လောင်းနှစ်ဦးဟာ ဖျားနာပြီး ကျောအောင့်မှုတွေကြောင့် ဆေးစစ်မှုတွေခံယူခဲ့ရာကနေ ရောဂါကူးစက်မှုကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဗိုလ်လောင်းဦးရေ ဘယ်လောက်ကူးစက်ခံနေရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ဗိုလ်ချုပ်ကြီး Andika Perkasa ပြောဆိုပြီး ဝန်ထမ်းအချို့ကတော့ စစ်တက္ကသိုလ်ပြင်ပမှာ နေထိုင်ကြတယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၇၄၀၀၀ ဦးရှိနေပြီး လူ ၃၅၀၀ ကျော်သေဆုံးခဲ့ကာ အရှေ့တောင်အာရှမှာ ကပ်ရောဂါကြောင့် အထိခိုက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #ဂျကာတာ

Zawgyi

အင္ဒိုနီးရွား စစ္တကၠသိုလ္တစ္ခုမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အၾကီးအက်ယ္ျဖစ္ပြားေန

ဂ်ကာတာ၊ ဇူလိုင္-၁၂-၂၀၂၀
မ်ိဳးဆက္ (VOM)

အင္ဒိုနီးရွားနုိင္ငံမွာ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ရုန္းကန္ေနရစဥ္မွာ နိုင္ငံအတြင္းက စစ္တကၠသိုလ္တစ္ခုမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၃၀၀ နီးပါးကို စစ္ေဆးေတြ႔ရိွခဲ႔တယ္လို႔ တာ၀န္ရိွသူတစ္ဦးကေျပာပါတယ္။

အင္ဒိုနီးရွားနိုင္ငံရဲ႕ လူဦးေရးအထူထပ္ဆံုးျဖစ္တဲ႔ အေနာက္ဂ်ာဗားျပည္နယ္ရိွ စစ္တကၠသိုလ္တစ္ခုမွာ ကူးစက္မႈေတြျဖစ္ပြားခဲ႔တာျဖစ္ျပီး လူ ၃၀ ဦးကို အေပ်ာ႔စားေရာဂါလကၡဏာေတြျပသတာေၾကာင္႔ ေဆးရံုတင္ခဲ႔ရတယ္လို႔ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ၾကီး Andika Perkasaကေျပာပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈ အတည္ျပဳလူနာ ၁၂၈၀ ဦးရိွျပီး ၉၉၁ ဦးဟာ ဗိုလ္ေလာင္းေတြျဖစ္ကာ က်န္သူေတြကေတာ႔ ၀န္ထမ္းေတြနဲ႔ မိသားစု၀င္ေတြျဖစ္တယ္လို႔ သိရပါတယ္။

ကူးစက္ခံရသူအမ်ားစုကေတာ႔ ေရာဂါလကၡဏာျပသတာမ်ိဳးမရိွဘဲ ၁၇ ဦးကေတာ႔ ဇူလိုင္ ၁၁ ရက္အထိ ေဆးရံုတက္ေနရဆဲျဖစ္တယ္လို႔ သူကေျပာပါတယ္။

ဗိုလ္ေလာင္းနွစ္ဦးဟာ ဖ်ားနာျပီး ေက်ာေအာင္႔မႈေတြေၾကာင္႔ ေဆးစစ္မႈေတြခံယူခဲ႔ရာကေန ေရာဂါကူးစက္မႈကို စတင္ေတြ႔ရိွခဲ႔တာျဖစ္ပါတယ္။ လက္ရိွအခ်ိန္ထိ ဗိုလ္ေလာင္းဦးေရ ဘယ္ေလာက္ကူးစက္ခံေနရတယ္ဆိုတာကို ရွင္းရွင္းလင္းလင္းမသိရေသးေၾကာင္း ဗိုလ္ခ်ဳပ္ၾကီး Andika Perkasa ေျပာဆိုျပီး ၀န္ထမ္းအခ်ိဳ႔ကေတာ႔ စစ္တကၠသိုလ္ျပင္ပမွာ ေနထိုင္ၾကတယ္လို႔ ေျပာပါတယ္။

အင္ဒိုနီးရွားနုိင္ငံဟာ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ ၇၄၀၀၀ ဦးရိွေနျပီး လူ ၃၅၀၀ ေက်ာ္ေသဆံုးခဲ႔ကာ အေရွ႕ေတာင္အာရွမွာ ကပ္ေရာဂါေၾကာင္႔ အထိခိုက္ဆံုးနိုင္ငံတစ္နုိင္ငံျဖစ္ပါတယ္။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #ဂ်ကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW