အမေရိကန်စစ်သင်္ဘောတစ်စင်း မီးလောင်မှုကြောင့် လူ (၂၁ )ဦးဒါဏ်ရာရ

အမေရိကန်စစ်သင်္ဘောတစ်စင်း မီးလောင်မှုကြောင့် လူ (၂၁ )ဦးဒါဏ်ရာရ

ဝါရှင်တန်၊ ဇူလိုင်-၁၃-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ကျောက်ချထားတဲ့ အမေရိကန်စစ်သေင်္ဘာတစ်စင်း မီးလောင်မှုကြောင့် လူ ၂၁ ဦး ဒါဏ်ရာရရှိသွားပြီး မီးလောင်မှုကို ငြိမ်းသတ်ဖို့ မီးသတ်သမားတွေက ဆက်လက်လုပ်ဆောင်နေကြပါတယ်။

အဲ့ဒီမီးလောင်ကျွမ်းမှုဟာ အမေရိကန်စစ်သင်္ဘော USS Bonhomme Richardပေါ်မှာ ဇူလိုင် ၁၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၁ နာရီအထိ သင်္ဘောပေါ်ကနေ မီးခိုးလုံးတွေ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။

မီးလောင်မှုကြောင့် သင်္ဘောအမှုထမ်း ၁၇ ဦးနဲ့ အရပ်သားလေးဦးဟာ ပြင်ပဒဏ်ရာတွေရရှိသွားတာကြောင့် ဆေးရုံတင်ထားရတယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ထားပြီး ကျန်သူတွေကိုလည်း စာရင်းပြုစုနေတယ်လို့ ပြောပါတယ်။

အမေရိကန်စစ်သင်္ဘော USS Bonhomme Richard ဟာ ကုန်းရေချေမှုန်းရေး သင်္ဘောတစ်စင်းဖြစ်ပြီး ရဟတ်ယာဉ်နဲ့ အခြားလေယာဉ်တွေ တင်ဆောင်နိုင်ပါတယ်။ အဲဒီသေင်္ဘာဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဂျပန်နိုင်ငံအနောက်ပိုင်း ဆာဆီဘိုရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းမှာ တပ်စွဲခဲ့ပြီး ယခုအခါ ဆန်ဒီရာဂိုရေတပ်အခြေစိုက်စခန်းမှာ ဆိုက်ကပ်ထားတာဖြစ်ပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေပြီး အဲ့ဒီသင်္ဘောဟာ ရက်အတန်ကြာတဲ့အထိ မီးလောင်ကျွမ်းနေနိုင်တယ်လို့ ဒေသခံမီးသတ်တပ်ဖွဲ့အကြီးအကဲက စီအင်န်အင်န် သတင်းဌာနကို ပြောကြားပါတယ်။

Ref : NHK
Photo: AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

အေမရိကန္စစ္သေဘၤာတစ္စင္း မီးေလာင္မႈေၾကာင္႔ လူ (၂၁ )ဦးဒါဏ္ရာရ

၀ါရွင္တန္၊ ဇူလိုင္-၁၃-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္နိုင္ငံ ကယ္လီဖိုးနီးယားမွာ ေက်ာက္ခ်ထားတဲ႔ အေမရိကန္စစ္ေသဘၤာတစ္စင္း မီးေလာင္မႈေၾကာင္႔ လူ ၂၁ ဦး ဒါဏ္ရာရရိွသြားျပီး မီးေလာင္မႈကို ျငိမ္းသတ္ဖို႔ မီးသတ္သမားေတြက ဆက္လက္လုပ္ေဆာင္ေနၾကပါတယ္။

အဲ့ဒီမီးေလာင္ကြ်မ္းမႈဟာ အေမရိကန္စစ္သေဘၤာ USS Bonhomme Richardေပၚမွာ ဇူလိုင္ ၁၂ ရက္ နံနက္ ၈ နာရီ ၃၀ မိနစ္က ျဖစ္ပြားခဲ႔တာျဖစ္ျပီး ၁၁ နာရီအထိ သေဘၤာေပၚကေန မီးခိုးလံုးေတြ ထြက္ေပၚေနဆဲျဖစ္ပါတယ္။

မီးေလာင္မႈေၾကာင္႔ သေဘၤာအမႈထမ္း ၁၇ ဦးနဲ႔ အရပ္သားေလးဦးဟာ ျပင္ပဒဏ္ရာေတြရရိွသြားတာေၾကာင္႔ ေဆးရံုတင္ထားရတယ္လုိ႔ အေမရိကန္ေရတပ္က ထုတ္ျပန္ထားျပီး က်န္သူေတြကိုလည္း စာရင္းျပဳစုေနတယ္လို႔ ေျပာပါတယ္။

အေမရိကန္စစ္သေဘၤာ USS Bonhomme Richard ဟာ ကုန္းေရေခ်မႈန္းေရး သေဘၤာတစ္စင္းျဖစ္ျပီး ရဟတ္ယာဥ္နဲ႔ အျခားေလယာဥ္ေတြ တင္ေဆာင္နိုင္ပါတယ္။ အဲဒီေသဘၤာဟာ ၂၀၁၂ ခုနွစ္ကေန ၂၀၁၈ ခုနွစ္အထိ ဂ်ပန္နိုင္ငံအေနာက္ပိုင္း ဆာဆီဘိုရိွ အေမရိကန္ေရတပ္အေျခစိုက္စခန္းမွာ တပ္စြဲခဲ႔ျပီး ယခုအခါ ဆန္ဒီရာဂိုေရတပ္အေျခစိုက္စခန္းမွာ ဆိုက္ကပ္ထားတာျဖစ္ပါတယ္။

မီးေလာင္ရတဲ႔အေၾကာင္းအရင္းကို လက္ရိွမွာ စံုစမ္းစစ္ေဆးေနျပီး အဲ့ဒီသေဘၤာဟာ ရက္အတန္ၾကာတဲ့အထိ မီးေလာင္ကြ်မ္းေနနိုင္တယ္လို႔ ေဒသခံမီးသတ္တပ္ဖြဲ႔အၾကီးအကဲက စီအင္န္အင္န္ သတင္းဌာနကို ေျပာၾကားပါတယ္။

Ref : NHK
Photo: AFP
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW