မင်းဘူးမြို့မှာ GTI ကျောင်းဖွင့်ပေးဖို့ စီစဉ်နေ

မင်းဘူးမြို့မှာ GTI ကျောင်းဖွင့်ပေးဖို့ စီစဉ်နေ

နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀
စွမ်းရဲထွဋ် (VOM)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာမှာ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ဖိ့ုစီမံနေတယ်လို့ ပညာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဒီကနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ မင်းဘူးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက မင်းဘူး (စကု)မြို့နယ်က သင့်လျော်တဲ့မြေနေရာမှာ အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်း ဖွင့်ပေးဖို့ အစီအစဉ်ရှိ၊မရှိ မေးမြန်းခဲ့ပါတယ်။

နည်းပညာ၊ သက်မွေးပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ ကျောင်းသစ်တွေကိုဖွင့်လှစ်တဲ့နေရာမှာ ပထမဦးစွာ ခရိုင်မြို့ကြီးတွေမှာ ဦးစားပေးစတင်ဆောင်ရွက်သွားဖို့ မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိတာကြောင့် ခရိုင်မြို့ကြီးတစ်ခုဖြစ်တဲ့ မင်းဘူးမြို့နယ်မှာ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း တစ်ကျောင်းဖွင့်လှစ်ဖို့ လျာထားပြီးဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ရှင်းလင်းခဲ့ပါတယ်။

“မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတွင် မြေဧရိယာ ၁၅.၀၉ ဧကအား မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီထံသို့ လျှောက်ထားတင်ပြ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မင်းဘူး)၏ ကျောင်းမြေနေရာအဖြစ်ရရှိပြီးပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်လျာထားတင်ပြဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် မင်းဘူးခရိုင်၊ စကုမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းဖွင့်လှစ်ပေးရန် လတ်တလောအစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”လို့ ဒုတိယဝန်ကြီးက ပြောခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ သက်မွေးပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ မကွေးတိုင်း (မကွေး၊ ရေနံချောင်း၊ ချောက်၊ သရက်၊ ဂန့်ဂေါ) တို့မှာ အစိုးရစက်မှုလက်မှုသိပ္ပံ A.G.T.I ဒီပလိုမာ ၃ နှစ် သင်တန်းတွေ၊ ဒေသလိုအပ်ချက်နဲ့ကိုက်ညီတဲ့ ကာလတိုသက်မွေးပညာသင်တန်းတွေ၊ မကွေးနဲ့ ပခုက္ကူမြို့နယ်တွေမှာလည်း အစိုးရနည်းပညာအထက်တန်းကျောင်း G.T.H.S ၂ နှစ်သင်တန်းတွေနဲ့ ဒေသလိုအပ်ချက်ကိုက်ညီတဲ့ ကာလတိုသက်မွေးပညာသင်တန်းတွေကို အသီးသီးဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ဒုတိယဝန်ကြီးက ဖြေကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

မင္းဘူးၿမိဳ႕မွာ GTI ေက်ာင္းဖြင့္ေပးဖုိ႔ စီစဥ္ေန

ေနၿပည္ေတာ္၊ ဇူလိုင္ ၁၄-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

မေကြးတုိင္း၊ မင္းဘူးၿမိဳ႕နယ္၊ ေက်ာက္တန္းေက်းရြာမွာ အစုိးရစက္မႈလက္မႈသိပၸံသင္တန္းေက်ာင္းတစ္ေက်ာင္း ဖြင့္လွစ္ဖိ႔ုစီမံေနတယ္လို႔ ပညာေရးဝန္ၾကီးဌာနက ဒုတိယဝန္ၾကီး ဦးဝင္းေမာ္ထြန္းက ဒီကေန႔ျပဳလုပ္တဲ့ ၿပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ေၿပာခဲ့တာျဖစ္ပါတယ္။

အဲ့ဒီအစည္းအေဝးမွာ မင္းဘူးမဲဆႏၵနယ္က ၿပည္သူ႔လႊတ္ေတာ္ကုိုယ္စားလွယ္ ဦးဝင္းဝင္းက မင္းဘူး (စကု)ၿမိဳ႕နယ္က သင့္ေလ်ာ္တဲ့ေၿမေနရာမွာ အစုိးရစက္မႈလက္မႈသိပၸံ GTI ေက်ာင္း ဖြင့္ေပးဖုိ႔ အစီအစဥ္ရွိ၊မရွိ ေမးၿမန္းခဲ့ပါတယ္။

နည္းပညာ၊ သက္ေမြးပညာနဲ႔ ေလ့က်င့္ေရးဦးစီးဌာနအေနနဲ႔ ေက်ာင္းသစ္ေတြကုိဖြင့္လွစ္တဲ့ေနရာမွာ ပထမဦးစြာ ခ႐ိုင္ၿမိဳ႕ႀကီးေတြမွာ ဦးစားေပးစတင္ေဆာင္႐ြက္သြားဖုိ႔ မူဝါဒခ်မွတ္ေဆာင္႐ြက္လ်က္ရွိတာေၾကာင့္ ခ႐ိုင္ၿမိဳ႕ႀကီးတစ္ခုၿဖစ္တဲ့ မင္းဘူးၿမိဳ႕နယ္မွာ အစိုးရစက္မႈလက္မႈသိပၸံသင္တန္းေက်ာင္း တစ္ေက်ာင္းဖြင့္လွစ္ဖုိ႔ လ်ာထားၿပီးျဖစ္တယ္လုိ႔ ဒုတိယဝန္ၾကီးက ရွင္းလင္းခဲ့ပါတယ္။

“မင္းဘူးၿမိဳ႕နယ္၊ ေက်ာက္တန္းေက်း႐ြာအုပ္စုတြင္ ေျမဧရိယာ ၁၅.၀၉ ဧကအား ေျမလြတ္၊ ေျမလပ္ ႏွင့္ ေျမ႐ိုင္းမ်ားလုပ္ပိုင္ခြင့္ အသုံးျပဳခြင့္ရရွိရန္အတြက္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲေရးဗဟို ေကာ္မတီထံသို႔ ေလွ်ာက္ထားတင္ျပ ေဆာင္႐ြက္လွ်က္ရွိပါေၾကာင္း၊ အစိုးရစက္မႈလက္မႈသိပၸံ (မင္းဘူး)၏ ေက်ာင္းေျမေနရာအျဖစ္ရရွိၿပီးပါက သက္ဆိုင္ရာဘ႑ာေရးႏွစ္အလိုက္ ဘတ္ဂ်က္လ်ာထားတင္ျပေဆာင္႐ြက္ သြားမည္ျဖစ္ပါေၾကာင္းႏွင့္ မင္းဘူးခ႐ိုင္၊ စကုၿမိဳ႕တြင္ အစိုးရစက္မႈလက္မႈသိပၸံ GTI ေက်ာင္းဖြင့္လွစ္ေပးရန္ လတ္တေလာအစီအစဥ္မရွိေသးပါေၾကာင္း ရွင္းလင္းေျဖၾကားအပ္ပါတယ္”လုိ႔ ဒုတိယဝန္ၾကီးက ေျပာခဲ့ပါတယ္။

ပညာေရးဝန္ႀကီးဌာန၊ သက္ေမြးပညာနဲ႔ ေလ့က်င့္ေရးဦးစီးဌာနအေနနဲ႔ မေကြးတိုင္း (မေကြး၊ ေရနံေခ်ာင္း၊ ေခ်ာက္၊ သရက္၊ ဂန္႔ေဂါ) တုိ႔မွာ အစိုးရစက္မႈလက္မႈသိပၸံ A.G.T.I ဒီပလိုမာ ၃ ႏွစ္ သင္တန္းေတြ၊ ေဒသလိုအပ္ခ်က္နဲ႔ကိုက္ညီတဲ့ ကာလတိုသက္ေမြးပညာသင္တန္းေတြ၊ မေကြးနဲ႔ ပခုကၠဴၿမိဳ႕နယ္ေတြမွာလည္း အစိုးရနည္းပညာအထက္တန္းေက်ာင္း G.T.H.S ၂ ႏွစ္သင္တန္းေတြနဲ႔ ေဒသလိုအပ္ခ်က္ကိုက္ညီတဲ့ ကာလတိုသက္ေမြးပညာသင္တန္းေတြကို အသီးသီးဖြင့္လွစ္သင္ၾကားေပးေနတယ္လုိ႔ ဒုတိယဝန္ၾကီးက ေၿဖၾကားခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW