လက်ထိပ်နဲ့ခြိမ်းခြောက်ငွေတောင်းခံတဲ့ နေပြည်တော်တိုင်မ်း ဂျာနယ်သတင်းထောက်ဆိုသူနှစ်ဦးကို ဖမ်းဆီးအမှုဖွင့်

လက်ထိပ်နဲ့ခြိမ်းခြောက်ငွေတောင်းခံတဲ့ နေပြည်တော်တိုင်မ်း ဂျာနယ်သတင်းထောက်ဆိုသူနှစ်ဦးကို ဖမ်းဆီးအမှုဖွင့်

နေပြည်တော်၊ ဇူလိုင် ၁၅-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်က တရုတ်သချိုင်္င်းအနီးမှာ မနေ့ဇူလိုင်လ ၁၄ ရက်နေ့ညနေပိုင်းက လက်ထိပ်တစ်ခုကို တရားမဝင်ကိုင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံ‌နေတဲ့ နေပြည်တာ်တိုင်းဂျာနယ်သတင်းထောက်နှစ်ဦးကိုဖမ်းဆီးခဲ့တယ်လို့လာရှိုးမြို့မရဲစခန်းကပြောပါတယ်။

“သူတို့က သင်္ချိုင်းကုန်းအနီးနားက လူငယ်အချို့ကို ခြိမ်း‌ခြောက်ငွေတောင်းနေတာပါ။ ကောင်လေးအချို့က အနီးနားမှာ လာလေ့ရှိတယ်။ သောက်စားမူးယစ်တဲ့ကိစ္စနဲ့ပါ။ လက်တလောပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ထားတယ်”လို့ လာရှိူးမြို့မရဲစခန်းမှ အမှုစစ် ရဲအရာရှိတစ်ဦးကပြောပါတယ်။

ဖြစ်စဉ်ဖြစ်တဲ့ညနေပိုင်းက လားရှိုးမြို့နယ်၊ တရုတ်သချိုၤင်းအနီးမှာ အမျိုးသားနှစ်ယောက်က လက်ထိပ်တွေကိုင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံနေကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတွေက သက်သေတွေက သွားရောက်စစ်ဆေးရာကနေ ကျော်ကျော်(၄၀ နှစ်) နဲ့ မျိုးနိုင်ဦး(၄၂ နှစ်)တို့ နှစ်ဦးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို လမ်းလျောက် စကားပြောစက်၊ ရဲတပ်ဖွဲ့သုံး လက်ထိပ်တစ်ခု၊ နေပြည်တော်တိုင်း မှုခင်းသတင်းဂျာနယ်အသိမှတ်ပြု သတင်းထောက်ကတ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်လို့ မျိုးနိုင်ဦးနဲ့ကျော်ကျော်တို့ နှစ်ဦးကို လားရှိုးမြို့မရဲစခန်းမှ (ပ) ၃၄၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ-၃၈၈/၃၄၂/ ၅၀၆/ ၁၇၀/၁၄ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း သတင်းမီဒီယာကျင့်ဝတ်နဲ့မညီဘဲ ခြိမ်းခြောက်ငွေတောင်းခံမှုများ မကြာခဏတိုင်ကြားခံရတဲ့ မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (MCRA)ကို အသင်းအဖွဲ့ မှတ်ပုံတင်စာရင်းမှပယ်ဖျက်ကြောင်း ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့က ကြေညာခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #လားရှိုး

Zawgyi

လက္ထိပ္နဲ႔ၿခိမ္းေျခာက္ေငြေတာင္းခံတဲ့ ေနျပည္ေတာ္တိုင္မ္း ဂ်ာနယ္သတင္းေထာက္ဆိုသူႏွစ္ဦးကို ဖမ္းဆီးအမႈဖြင့္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕နယ္က တ႐ုတ္သခ်ိဳငၤ္းအနီးမွာ မေန႔ဇူလိုင္လ ၁၄ ရက္ေန႔ညေနပိုင္းက လက္ထိပ္တစ္ခုကို တရားမဝင္ကိုင္ေဆာင္ၿပီး ၿခိမ္းေျခာက္ေငြေတာင္းခံ‌ေနတဲ့ ေနျပည္တာ္တိုင္းဂ်ာနယ္သတင္းေထာက္ႏွစ္ဦးကိုဖမ္းဆီးခဲ့တယ္လို႔လာရိွဳးၿမိဳ႕မရဲစခန္းကေျပာပါတယ္။

“သူတို႔က သခ်ႋဳင္းကုန္းအနီးနားက လူငယ္အခ်ိဳ႕ကို ၿခိမ္း‌ေျခာက္ေငြေတာင္းေနတာပါ။ ေကာင္ေလးအခ်ိဳ႕က အနီးနားမွာ လာေလ့ရွိတယ္။ ေသာက္စားမူးယစ္တဲ့ကိစၥနဲ႔ပါ။ လက္တေလာပုဒ္မ ၅ ခုနဲ႔ အမႈဖြင့္ထားတယ္”လို႔ လာရွိူးၿမိဳ႕မရဲစခန္းမွ အမႈစစ္ ရဲအရာရွိတစ္ဦးကေျပာပါတယ္။

ျဖစ္စဥ္ျဖစ္တဲ့ညေနပိုင္းက လားရိွဳးၿမိဳ႕နယ္၊ တ႐ုတ္သခ်ိဳၤင္းအနီးမွာ အမ်ိဳးသားႏွစ္ေယာက္က လက္ထိပ္ေတြကိုင္ေဆာင္ၿပီး ၿခိမ္းေျခာက္ေငြေတာင္းခံေနေၾကာင္း သတင္းအရ နယ္ေျမခံရဲတပ္ဖြဲ႕စခန္းမွ တာဝန္ရွိသူေတြက သက္ေသေတြက သြားေရာက္စစ္ေဆးရာကေန ေက်ာ္ေက်ာ္(၄၀ ႏွစ္) နဲ႔ မ်ိဳးႏိုင္ဦး(၄၂ ႏွစ္)တို႔ ႏွစ္ဦးကိုေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

သူတုိ႔ႏွစ္ဦးကို လမ္းေလ်ာက္ စကားေျပာစက္၊ ရဲတပ္ဖြဲ႕သုံး လက္ထိပ္တစ္ခု၊ ေနျပည္ေတာ္တိုင္း မႈခင္းသတင္းဂ်ာနယ္အသိမွတ္ျပဳ သတင္းေထာက္ကတ္နဲ႔အတူ ဖမ္းဆီးရမိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီအမႈနဲ႔ပတ္သက္လို႔ မ်ိဳးႏိုင္ဦးနဲ႔ေက်ာ္ေက်ာ္တို႔ ႏွစ္ဦးကို လားရႈိးၿမိဳ႕မရဲစခန္းမွ (ပ) ၃၄၅/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ-၃၈၈/၃၄၂/ ၅၀၆/ ၁၇၀/၁၄ တို႔ျဖင့္ အမႈဖြင့္အေရးယူေဆာင္႐ြက္ေနတယ္လုိ႔ သိရပါတယ္။

ၿပီးခဲ့တဲ့လပိုင္းကလည္း သတင္းမီဒီယာက်င့္ဝတ္နဲ႔မညီဘဲ ၿခိမ္းေျခာက္ေငြေတာင္းခံမႈမ်ား မၾကာခဏတိုင္ၾကားခံရတဲ့ ျမန္မာႏိုင္ငံမႈခင္းသတင္းေထာက္မ်ားအသင္း (MCRA)ကို အသင္းအဖြဲ႕ မွတ္ပုံတင္စာရင္းမွပယ္ဖ်က္ေၾကာင္း ျပည္ေထာင္စုမွတ္ပုံတင္ေရးအဖြဲ႕က ေၾကညာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #လားရိွဳး

Related posts

Leave a Comment

VOM News

FREE
VIEW