နှစ်နိုင်ငံဆက်ဆံရေးဆိုးရွားနေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံသွားဖို့စီစဉ်နေ

နှစ်နိုင်ငံဆက်ဆံရေးဆိုးရွားနေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံသွားဖို့စီစဉ်နေ

ဝါရှင်တန်၊ ဇူလိုင် ၂၂-၂၀၂၀
မျိုးဆက် (VOM)

ကမ္ဘာ့အင်အားကြီး တရုတ်နဲ့အမေရိကန်တို့အကြား တင်းမာမှုတွေရှိနေချိန်မှာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စေရေး ဆွေးနွေးဖိုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာ့ခ်အက်စ်ပါဟာ တရုတ်နိုင်ငံကိုသွားဖို့ စီစဉ်နေပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးအကြပ်အတည်းအတွက် လိုအပ်တဲ့စနစ်များထူထောင်ဖို့ ၊ အားလုံးနဲ့ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာစနစ်မှာ ပွင့်လင်းစွာယှဉ်ပြိုင်ရေး မိမိတို့ရဲ့ရည်ရွယ်ချက်ကို အထမြောက်စေဖို့ ယခုနှစ်မကုန်မီ တရုတ်နိုင်ငံကိုသွားဖို့ မျှော်လင့်ထားတယ်လို့ အက်စပါကပြောပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းမှာ ပိုင်နက်နဲ့သယံဇာတရင်းမြစ်တွေကို တရုတ်နိုင်ငံက ရယူနေတာဟာ တရားမဝင်ကြောင်း အမေရိကန်က ပြီးခဲ့တဲ့သီတင်းပတ်မှာ တရားဝင်ကြေညာခဲ့ပြီး တရုတ်နဲ့အပြိုင် တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ရှင်းလင်းစွာထောက်ခံလိုက်ပါတယ်။

ဒါ့အပြင် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ကတိကဝတ်တွေကို ချိုးဖောက်ပြီး တရုတ်နိုင်ငံက လုံခြုံရေးဥပဒေချမှတ်လိုက်ပြီးနောက် နှစ်နိုင်ငံအကြားဆက်ဆံရေးဟာ ပိုမိုဆိုးရွားခဲ့ပါတယ်။

မိမိတို့အနေနဲ့ ပဋိပက္ခဖြစ်စေဖို့ လုပ်ဆောင်ခြင်းမရှိကြောင်း ၊ ဒါပေမယ့် တရုတ်နိုင်ငံဟာ သူ့ရဲ့ကိုယ်ပိုင်ရေကြောင်း အင်ပါယာအတွက် သီးခြားဇုန်အဖြစ် နိုင်ငံတကာရေပြင်ကို ပြောင်းလဲပိုင်ခွင့်မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာ့ခ်အက်စပါက ထောက်ပြပြောဆိုပါတယ်။

Ref: CNA
Photo: AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

နွစ္နုိ္င္ငံဆက္ဆံေရးဆိုးရြားေနခ်ိန္မွာ အေမရိကန္ကာကြယ္ေရး၀န္ၾကီး တရုတ္နုိင္ငံသြားဖို႔စီစဥ္ေန

၀ါရွင္တန္၊ ဇူလိုင္ ၂၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ကမၻာ႔အင္အားၾကီး တရုတ္နဲ႔အေမရိကန္တို႔အၾကား တင္းမာမႈေတြရိွေနခ်ိန္မွာ နွစ္နိုင္ငံဆက္ဆံေရး ေကာင္းမြန္ေစေရး ေဆြးေႏြးဖိုအတြက္ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး မာ႔ခ္အက္စ္ပါဟာ တရုတ္နိုင္ငံကိုသြားဖို႔ စီစဥ္ေနပါတယ္။

နွစ္နိုင္ငံဆက္ဆံေရးအၾကပ္အတည္းအတြက္ လိုအပ္တဲ႔စနစ္မ်ားထူေထာင္ဖို႔ ၊ အားလံုးနဲ႔ သက္ဆုိင္တဲ႔ အျပည္ျပည္ဆုိင္ရာစနစ္မွာ ပြင္႔လင္းစြာယွဥ္ျပိဳင္ေရး မိမိတို႔ရဲ႕ရည္ရြယ္ခ်က္ကို အထေျမာက္ေစဖို႔ ယခုနွစ္မကုန္မီ တရုတ္နိုင္ငံကိုသြားဖို႔ ေမွ်ာ္လင္႔ထားတယ္လို႔ အက္စပါကေျပာပါတယ္။

ေတာင္တရုတ္ပင္လယ္အတြင္းမွာ ပိုင္နက္နဲ႔သယံဇာတရင္းျမစ္ေတြကို တရုတ္နုိင္ငံက ရယူေနတာဟာ တရားမ၀င္ေၾကာင္း အေမရိကန္က ျပီးခဲ႔တဲ႔သီတင္းပတ္မွာ တရား၀င္ေၾကညာခဲ႔ျပီး တရုတ္နဲ႔အျပိဳင္ ေတာင္တရုတ္ပင္လယ္မွာ နယ္ေျမပိုင္ဆိုင္ေၾကာင္း အခိုင္အမာေျပာဆိုတဲ႔ အေရွ႕ေတာင္အာရွနိုင္ငံေတြကို ရွင္းလင္းစြာေထာက္ခံလိုက္ပါတယ္။

ဒါ႔အျပင္ ေဟာင္ေကာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင္႔ရေဒသရဲ႕ ကတိက၀တ္ေတြကို ခ်ိဳးေဖာက္ျပီး တရုတ္နုိင္ငံက လံုျခံဳေရးဥပေဒခ်မွတ္လိုက္ျပီးေနာက္ နွစ္နိုင္ငံအၾကားဆက္ဆံေရးဟာ ပိုမိုဆိုးရြားခဲ႔ပါတယ္။

မိမိတို႔အေနနဲ႔ ပဋိပကၡျဖစ္ေစဖို႔ လုပ္ေဆာင္ျခင္းမရိွေၾကာင္း ၊ ဒါေပမယ္႔ တရုတ္နုိင္ငံဟာ သူ႔ရဲ႕ကိုယ္ပိုင္ေရေၾကာင္း အင္ပါယာအတြက္ သီးျခားဇုန္အျဖစ္ နုိင္ငံတကာေရျပင္ကို ေျပာင္းလဲပိုင္ခြင္႔မရိွဘူးလို႔ အေမရိကန္ နုိင္ငံျခားေရး၀န္ၾကီး မာ႔ခ္အက္စပါက ေထာက္ျပေျပာဆိုပါတယ္။

Ref: CNA
Photo: AFP
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW