ပုသိမ်မုံရွာကားလမ်းပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံး

ပုသိမ်မုံရွာကားလမ်းပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံး

ကံမ-ဩဂုတ်-၂-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း ၊ကံမမြို့နယ် အလယ်ချောင်းကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၁၄၇/၆နှင့်၁၄၇/၇အကြား ရပ်ထားတဲ့အိမ်စီးကားပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံးနေတာကို ဇူလိုင်၁ရက်ည၇နာရီခန့်မှာတွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်ပေါင်းတလည်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လင်းဖြစ်ပြီးယာဘက်နားသွေးယိုစီးဒဏ်ရာရထားပါတယ်။

သူနဲ့အတူ ဝက်ဘလေအမျိုးအစားခြောက်လုံးပြူးတလက် ကျည်၄တောင့်အခွံ၂တောင့်တွေ့ရှိရတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။

အမှု့နဲ့ပတ်သက်ပြီး အလယ်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပြောတာက

“ကျနော်နွားကျောင်းအပြန်လမ်းပေါ်မှာ ဆိုင်ကယ်နဲ့သွားတဲ့ကလေးချင်းပြောသွားတာ အဲဒီကားက မနက်ကတည်းကရပ်ထားတာ အခုလည်းရပ်ထား တုန်းဘဲလို့ ပြောတာကြားလို့ အုပ်ချုပ်ရေးမှူးတာဝန်ရှိနေတော့ ရာအိမ်မှူးနဲ့အတူသွားကြည့်တာ ကားနားမကပ်ရဲဘဲ ဗိုလ်ကြီးကိုအကြောင်းကြားလိုက်တာ ရဲရောက်လာတော့ သူတို့က ခရိုင်ကိုအကြောင်းကြား ပြီးမှန်ခွဲပြီးကြည့်တော့သေနေတယ် ဆေးရုံပို့လို့ရောက်မှသေနတ်ဒဏ်ရာတွေ့ရတာ”လို့ပြောပါတယ်။

ကြို့ပင်တိုက်နယ်ကားလမ်းမရွာတချို့ကတော့ ကိုယ့်ကိုကိုယ်သတ်သေတာလား လုပ်ကြံခံရတာလား အမျိုးဝေဖန်ပြောဆိုနေမှု့တွေနဲ့ပတ်သက်လို့ကြို့ပင်နယ်မြေရဲစခန်းကိုသွားရောက်စုံစမ်းရာမှာတော့” အထက်လူကြီးအမိန့်မရှိရင်ပေးလို့မရဘူးပြောလို့မရဘူးလို့တာဝန်ကျရဲအရာရှိဟုယူဆရသူတဦးကပြောပါတယ်။

”ကားကလော့ချထားတယ်သော့ကတန်းလန်း သော့မပါဘဲအပြင်ကလော့ချမရဘူးလို့သိရတယ်ကျည်ခွံ၂တောင့်က တတောင့်ကစမ်းတယ်နဲ့တူတယ် ကားနောက်ခန်းထဲမှာအဖူးတခုတွေ့တယ်ခေါင်းပေါက်ထွက်ပြီးမှန်ကိုမပေါက်နိုင်လို့နောက်ခန်းကိုကျတယ်နဲ့တူတယ်”လို့အုပ်ချုပ်ရေးမှူးကသုံးသပ်ပါတယ်။

သေဆုံးသူကို ကြို့ပင်တိုက်နယ်ဆေးရုံတွင် စစ်ဆေးပြီး ပေါင်းတလည်မြို့က နာရေးယာဥ်တစီး လူနာတင်ယာဥ်တစီးတို့နဲ့ ညတွင်းခြင်းပြန်လည်သယ်ဆောင်သွားတယ်လို့သိရပါတယ် ။

#voiceofmyanmar #VOM #ကံမ

ပုသိမ္မုံ႐ြာကားလမ္းေပၚမွာ ရဲအရာရွိတဦး ဒဏ္ရာနဲ႔ ေသဆုံး

ကံမ-ဩဂုတ္-၂-၂၀၂၀
ဂ်န္ကိုးလ္(VOM)

မေကြးတိုင္း ၊ကံမၿမိဳ႕နယ္ အလယ္ေခ်ာင္းေက်း႐ြာအနီး ပုသိမ္-မုံ႐ြာ ကားလမ္း မိုင္တိုင္အမွတ္ ၁၄၇/၆ႏွင့္၁၄၇/၇အၾကား ရပ္ထားတဲ့အိမ္စီးကားေပၚမွာ ရဲအရာရွိတဦး ဒဏ္ရာနဲ႔ ေသဆုံးေနတာကို ဇူလိုင္၁ရက္ည၇နာရီခန႔္မွာေတြ႕ရွိရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ေသဆုံးသူဟာ ပဲခူးတိုင္းအေနာက္ျခမ္း ျပည္ခ႐ိုင္ေပါင္းတလည္နယ္ေျမ ရဲစခန္းမႉး ရဲအုပ္ေက်ာ္ေက်ာ္လင္းျဖစ္ၿပီးယာဘက္နားေသြးယိုစီးဒဏ္ရာရထားပါတယ္။

သူနဲ႔အတူ ဝက္ဘေလအမ်ိဳးအစားေျခာက္လုံးျပဴးတလက္ က်ည္၄ေတာင့္အခြံ၂ေတာင့္ေတြ႕ရွိရတယ္လို႔မ်က္ျမင္ေတြ႕ရွိသူေတြကေျပာပါတယ္။

အမႈ႕နဲ႔ပတ္သက္ၿပီး အလယ္ေခ်ာင္းေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးေျပာတာက

“က်ေနာ္ႏြားေက်ာင္းအျပန္လမ္းေပၚမွာ ဆိုင္ကယ္နဲ႔သြားတဲ့ကေလးခ်င္းေျပာသြားတာ အဲဒီကားက မနက္ကတည္းကရပ္ထားတာ အခုလည္းရပ္ထား တုန္းဘဲလို႔ ေျပာတာၾကားလို႔ အုပ္ခ်ဳပ္ေရးမႉးတာဝန္ရွိေနေတာ့ ရာအိမ္မႉးနဲ႔အတူသြားၾကည့္တာ ကားနားမကပ္ရဲဘဲ ဗိုလ္ႀကီးကိုအေၾကာင္းၾကားလိုက္တာ ရဲေရာက္လာေတာ့ သူတို႔က ခ႐ိုင္ကိုအေၾကာင္းၾကား ၿပီးမွန္ခြဲၿပီးၾကည့္ေတာ့ေသေနတယ္ ေဆး႐ုံပို႔လို႔ေရာက္မွေသနတ္ဒဏ္ရာေတြ႕ရတာ”လို႔ေျပာပါတယ္။

ႀကိဳ႕ပင္တိုက္နယ္ကားလမ္းမ႐ြာတခ်ိဳ႕ကေတာ့ ကိုယ့္ကိုကိုယ္သတ္ေသတာလား လုပ္ႀကံခံရတာလား အမ်ိဳးေဝဖန္ေျပာဆိုေနမႈ႕ေတြနဲ႔ပတ္သက္လို႔ႀကိဳ႕ပင္နယ္ေျမရဲစခန္းကိုသြားေရာက္စုံစမ္းရာမွာေတာ့” အထက္လူႀကီးအမိန႔္မရွိရင္ေပးလို႔မရဘူးေျပာလို႔မရဘူးလို႔တာဝန္က်ရဲအရာရွိဟုယူဆရသူတဦးကေျပာပါတယ္။

”ကားကေလာ့ခ်ထားတယ္ေသာ့ကတန္းလန္း ေသာ့မပါဘဲအျပင္ကေလာ့ခ်မရဘူးလို႔သိရတယ္က်ည္ခြံ၂ေတာင့္က တေတာင့္ကစမ္းတယ္နဲ႔တူတယ္ ကားေနာက္ခန္းထဲမွာအဖူးတခုေတြ႕တယ္ေခါင္းေပါက္ထြက္ၿပီးမွန္ကိုမေပါက္ႏိုင္လို႔ေနာက္ခန္းကိုက်တယ္နဲ႔တူတယ္”လို႔အုပ္ခ်ဳပ္ေရးမႉးကသုံးသပ္ပါတယ္။

ေသဆုံးသူကို ႀကိဳ႕ပင္တိုက္နယ္ေဆး႐ုံတြင္ စစ္ေဆးၿပီး ေပါင္းတလည္ၿမိဳ႕က နာေရးယာဥ္တစီး လူနာတင္ယာဥ္တစီးတို႔နဲ႔ ညတြင္းျခင္းျပန္လည္သယ္ေဆာင္သြားတယ္လို႔သိရပါတယ္ ။
#voiceofmyanmar #VOM #

Related posts

Leave a Comment

VOM News

FREE
VIEW