မုံရွာမူးယစ်ဆေးဖမ်းတာမှာ အလွတ်တန်းသတင်းထောက်တစ်ယောက်နဲ့ ရှေ့နေတယောက်ပါဖမ်းမိ

မုံရွာမူးယစ်ဆေးဖမ်းတာမှာ အလွတ်တန်းသတင်းထောက်တစ်ယောက်နဲ့ ရှေ့နေတယောက်ပါဖမ်းမိ

မုံရွာ၊ သြဂုတ် ၂-၂၀၂၀
ကိုတိုးကြီး( မုံရွာ)

မူးယစ်တပ်ဖွဲ့စု အမှတ်(၈) မုံရွာက မူးယစ်ရဲတပ်ဖွဲ့၀င်တွေနဲ့ မုံရွာနယ်မြေ ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်သက်နဲ့ အဖွဲ့ဟာ ယခုလ ၁ ရက်နေ့ ညပိုင်းက မုံရွာမြို့ သလ္လာရပ်ကွက်နဲ့ နန္ဒ၀န်ရပ်ကွက်ထဲမှာ မူး ယစ်ဆေးဝါးသတင်းများအရ ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

သလ္လာရပ်ကွက်မှာနေတဲ့ မောင်စိုင်းကျော်ထက်ဆိုသူဟာ Wave 110 နီ/နက်ကြား ဆိုင်ကယ်ကို စီးနင်းပြီး ချမ်းမြသာစည်ရပ်ကွက်ဘက်သို့အလာမှာ ရဲတပ်ဖွဲ့၀င်များက အဲ့ဒီဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ ပုဆိုးခါပုံစထဲက ဘိန်းဖြူမှုန့်ထည့်ထားတဲ့ ပင်နယ်စ လင် ပုလင်း (၅) ပုလင်း စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ရဲတပ်ဖွဲ့၀င်များဟာ စိုင်းကျော်ထက် နေထိုင်တဲ့ သလ္လာရပ်ကွက်ထဲက နေအိမ်ကို သွားရောက်ပြီး မူးယစ်ဆေးဝါးများကို ဆက်လက်ပြီး ရှာဖွေတဲ့အခါ အိမ်အခန်းတွင်းမှာ ပလပ်စတစ်အိတ် အနက်ရောင်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ပင်နယ်စလင် ပုလင်း (၂၅) ပုလင်း ထပ်မံပြီး သိမ်းဆည်း ရရှိခဲ့ပါတယ်။

မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့က စိုင်းကျော်ထက်အား စစ်ဆေးမေးမြန်းရာမှာတော့ အဲ့ဒီ မူးယစ်ဆေးဝါးတွေကို မုံရွာမြို့ နန္ဒ၀န်ရပ်ကွက်ထဲ ကိုမျိုးမောင်မောင်(ခ) ကိုအဲထံက ၀ယ်ယူခဲ့တာလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

အဲ့ဒါကြောင့် မူးယစ်ဖမ်းဆီးရေးအဖွဲ့က ဆက်လက်ပြီး ကိုမျိုးမောင်မောင်(ခ) ကိုအဲ ဆိုသူရဲ့ အိမ်ကိုသွား ရောက်ပြီး မူးယစ်ဆေးဝါးများကို ရှာဖွေနေချိန်မှာMark 2 အဖြူရောင် ကားနဲ့ ကိုမျိုးမောင်မောင်(ခ) ကိုအဲ နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ မမြတ်ပြည့်မွန် (အလွတ်တန်း သတင်းထောက်) တို့ဟာ အိမ်ရှေ့ကို ရောက်လာတာကြောင့် ရဲအဖွဲ့က အဲ့ဒီကားကို ရှာဖွေခဲ့ရာ ကားထဲမှ OKI ပန်းရောင် ဆပ်ပြာဗူးနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ (၂) ဂရမ်ကို သိမ်းဆည်းရရှိခဲ့ပြီး အဆိုပါ နေအိမ်အတွင်းအား ဆက်လက်၍ ရှာဖွေ စစ်ဆေးခဲ့ရာ ၎င်း နေအိမ်တွင် ဒေါ်မြသဲဖြူ (အထက်တန်းရှေ့နေ)၏ ထမင်းစားခန်းအတွင်း ဂျပ်ဖာဖြင့် ထည့် ထားတဲ့ ဘိန်းဖြူဆပ်ပြာခွက် (၉) ခွက် ၊ တစ်ခွက်လျင် (၉) ဂရမ်ပါရှိတာကြောင့် ဘိန်းဖြူအလေးချိန် စုစု ပေါင်း(၈၁) ဂရမ်အား ထပ်မံပြီး သိမ်းဆည်း ရရှိခဲ့ပါတယ်။

မူးယစ်ဖမ်းဆီးရေးအဖွဲ့က အဆိုပါ နေအိမ်မှာ ဘိန်းဖြူများ သိမ်းဆည်းနေစဉ် မုံရွာမြို့ မြို့သစ်ရပ်ကွက်နေ မောင်နိုင် ဆိုသူနဲ့ မုံရွာတောင်ရပ်ကွက်နေ ကိုကျော်မင်းတင် ဆိုသူတို့ဟာ ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာ တာကြောင့် မူးယစ်ဖမ်းဆီးရေးအဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ မောင်နိုင် လွယ်ထားတဲ့ လွယ်အိတ်ထဲက ဘိန်း ဖြူ ထည့်ထားတဲ့ ပင်နယ်စလင် ပုလင်း(၁) ပုလင်းကို ထပ်မံပြီး သိမ်းဆည်းရရှိခဲ့ပါတယ် ။

အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုအား မုံရွာနယ်မြေ ရဲစခန်း မှ စိုင်းကျော်ထက်နှင့် မျိုးမောင်မောင် တို့နှစ်ဦးအား မယ(ပ) ၁၅/ ၂၀၂၀ မူးစိတ်ပုဒ်မ ၁၉(က) ၊ ၂၀(က) ၊ ၂၁ အရလည်းကောင်း၊ မျိုးမောင်မောင် နှင့် မမြတ်ပြည့်မွန် တို့နှစ်ဦးအား မယ(ပ) ၁၆/၂၀၂၀ မူးစိတ်ပုဒ်မ ၁၆(ဂ) ၊ ၂၀(က) ၊ ၂၁ အရလည်းကောင်း ၊ ဒေါ် မြသဲဖြူ နှင့် မျိုးမောင်မောင်တို့ နှစ်ဦးအား မယ(ပ) ၁၇/ ၂၀၂၀ မူးစိတ်ပုဒ်မ ၁၉(က) ၊ ၂၁ အရလည်းကောင်း ၊ မောင်နိုင် ၊ ကျော်မင်းတင် နှင့် မျိုးမောင်မောင် တို့(၃) ဦးအား မယ(ပ) ၁၈/ ၂၀၂၀ မူးစိတ်ပုဒ်မ ၁၆(ဂ) ၊ ၂၀(က) ၊ ၂၁ အရ လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မုံရွာနယ်မြေရဲ စခန်းက သိရပါတယ်။

#voiceofmyanmar #VOM #သတင်းထောက်နဲ့ရှေ့နေဆီကမူးယစ်ဆေးမိ

Zawgyi

မုံ႐ြာမူးယစ္ေဆးဖမ္းတာမွာ အလြတ္တန္းသတင္းေထာက္တစ္ေယာက္နဲ႔ ေရွ႕ေနတေယာက္ပါဖမ္းမိ

မုံ႐ြာ၊ ၾသဂုတ္ ၂-၂၀၂၀
ကိုတိုးႀကီး( မုံ႐ြာ)

မူးယစ္တပ္ဖြဲ႕စု အမွတ္(၈) မုံ႐ြာက မူးယစ္ရဲတပ္ဖြဲ႕၀င္ေတြနဲ႔ မုံ႐ြာနယ္ေျမ ရဲစခန္းက နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေက်ာ္သက္နဲ႔ အဖြဲ႕ဟာ ယခုလ ၁ ရက္ေန႔ ညပိုင္းက မုံ႐ြာၿမိဳ႕ သလႅာရပ္ကြက္နဲ႔ နႏၵ၀န္ရပ္ကြက္ထဲမွာ မူး ယစ္ေဆးဝါးသတင္းမ်ားအရ ၀င္ေရာက္ဖမ္းဆီးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕အသိုင္းဝိုင္းက သိရပါတယ္။

သလႅာရပ္ကြက္မွာေနတဲ့ ေမာင္စိုင္းေက်ာ္ထက္ဆိုသူဟာ Wave 110 နီ/နက္ၾကား ဆိုင္ကယ္ကို စီးနင္းၿပီး ခ်မ္းျမသာစည္ရပ္ကြက္ဘက္သို႔အလာမွာ ရဲတပ္ဖြဲ႕၀င္မ်ားက အဲ့ဒီဆိုင္ကယ္ကို ရပ္တန႔္ခိုင္းၿပီး စစ္ေဆးခဲ့ရာ ပုဆိုးခါပုံစထဲက ဘိန္းျဖဴမႈန႔္ထည့္ထားတဲ့ ပင္နယ္စ လင္ ပုလင္း (၅) ပုလင္း စတင္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေနာက္ ရဲတပ္ဖြဲ႕၀င္မ်ားဟာ စိုင္းေက်ာ္ထက္ ေနထိုင္တဲ့ သလႅာရပ္ကြက္ထဲက ေနအိမ္ကို သြားေရာက္ၿပီး မူးယစ္ေဆးဝါးမ်ားကို ဆက္လက္ၿပီး ရွာေဖြတဲ့အခါ အိမ္အခန္းတြင္းမွာ ပလပ္စတစ္အိတ္ အနက္ေရာင္နဲ႔ ထည့္ထားတဲ့ ဘိန္းျဖဴ ပင္နယ္စလင္ ပုလင္း (၂၅) ပုလင္း ထပ္မံၿပီး သိမ္းဆည္း ရရွိခဲ့ပါတယ္။

မူးယစ္ေဆးဝါး ဖမ္းဆီးေရးအဖြဲ႕က စိုင္းေက်ာ္ထက္အား စစ္ေဆးေမးျမန္းရာမွာေတာ့ အဲ့ဒီ မူးယစ္ေဆးဝါးေတြကို မုံ႐ြာၿမိဳ႕ နႏၵ၀န္ရပ္ကြက္ထဲ ကိုမ်ိဳးေမာင္ေမာင္(ခ) ကိုအဲထံက ၀ယ္ယူခဲ့တာလို႔ စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ မူးယစ္ဖမ္းဆီးေရးအဖြဲ႕က ဆက္လက္ၿပီး ကိုမ်ိဳးေမာင္ေမာင္(ခ) ကိုအဲ ဆိုသူရဲ႕ အိမ္ကိုသြား ေရာက္ၿပီး မူးယစ္ေဆးဝါးမ်ားကို ရွာေဖြေနခ်ိန္မွာMark 2 အျဖဴေရာင္ ကားနဲ႔ ကိုမ်ိဳးေမာင္ေမာင္(ခ) ကိုအဲ နဲ႔ သူ႔ရဲ႕ ဇနီးျဖစ္သူ မျမတ္ျပည့္မြန္ (အလြတ္တန္း သတင္းေထာက္) တို႔ဟာ အိမ္ေရွ႕ကို ေရာက္လာတာေၾကာင့္ ရဲအဖြဲ႕က အဲ့ဒီကားကို ရွာေဖြခဲ့ရာ ကားထဲမွ OKI ပန္းေရာင္ ဆပ္ျပာဗူးနဲ႔ ထည့္ထားတဲ့ ဘိန္းျဖဴ (၂) ဂရမ္ကို သိမ္းဆည္းရရွိခဲ့ၿပီး အဆိုပါ ေနအိမ္အတြင္းအား ဆက္လက္၍ ရွာေဖြ စစ္ေဆးခဲ့ရာ ၎ ေနအိမ္တြင္ ေဒၚျမသဲျဖဴ (အထက္တန္းေရွ႕ေန)၏ ထမင္းစားခန္းအတြင္း ဂ်ပ္ဖာျဖင့္ ထည့္ ထားတဲ့ ဘိန္းျဖဴဆပ္ျပာခြက္ (၉) ခြက္ ၊ တစ္ခြက္လ်င္ (၉) ဂရမ္ပါရွိတာေၾကာင့္ ဘိန္းျဖဴအေလးခ်ိန္ စုစု ေပါင္း(၈၁) ဂရမ္အား ထပ္မံၿပီး သိမ္းဆည္း ရရွိခဲ့ပါတယ္။

မူးယစ္ဖမ္းဆီးေရးအဖြဲ႕က အဆိုပါ ေနအိမ္မွာ ဘိန္းျဖဴမ်ား သိမ္းဆည္းေနစဥ္ မုံ႐ြာၿမိဳ႕ ၿမိဳ႕သစ္ရပ္ကြက္ေန ေမာင္ႏိုင္ ဆိုသူနဲ႔ မုံ႐ြာေတာင္ရပ္ကြက္ေန ကိုေက်ာ္မင္းတင္ ဆိုသူတို႔ဟာ ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္လာ တာေၾကာင့္ မူးယစ္ဖမ္းဆီးေရးအဖြဲ႕က ရွာေဖြစစ္ေဆးခဲ့ရာ ေမာင္ႏိုင္ လြယ္ထားတဲ့ လြယ္အိတ္ထဲက ဘိန္း ျဖဴ ထည့္ထားတဲ့ ပင္နယ္စလင္ ပုလင္း(၁) ပုလင္းကို ထပ္မံၿပီး သိမ္းဆည္းရရွိခဲ့ပါတယ္ ။

အဆိုပါ မူးယစ္ေဆးဝါး ဖမ္းဆီးရရွိမႈအား မုံ႐ြာနယ္ေျမ ရဲစခန္း မွ စိုင္းေက်ာ္ထက္ႏွင့္ မ်ိဳးေမာင္ေမာင္ တို႔ႏွစ္ဦးအား မယ(ပ) ၁၅/ ၂၀၂၀ မူးစိတ္ပုဒ္မ ၁၉(က) ၊ ၂၀(က) ၊ ၂၁ အရလည္းေကာင္း၊ မ်ိဳးေမာင္ေမာင္ ႏွင့္ မျမတ္ျပည့္မြန္ တို႔ႏွစ္ဦးအား မယ(ပ) ၁၆/၂၀၂၀ မူးစိတ္ပုဒ္မ ၁၆(ဂ) ၊ ၂၀(က) ၊ ၂၁ အရလည္းေကာင္း ၊ ေဒၚ ျမသဲျဖဴ ႏွင့္ မ်ိဳးေမာင္ေမာင္တို႔ ႏွစ္ဦးအား မယ(ပ) ၁၇/ ၂၀၂၀ မူးစိတ္ပုဒ္မ ၁၉(က) ၊ ၂၁ အရလည္းေကာင္း ၊ ေမာင္ႏိုင္ ၊ ေက်ာ္မင္းတင္ ႏွင့္ မ်ိဳးေမာင္ေမာင္ တို႔(၃) ဦးအား မယ(ပ) ၁၈/ ၂၀၂၀ မူးစိတ္ပုဒ္မ ၁၆(ဂ) ၊ ၂၀(က) ၊ ၂၁ အရ လည္းေကာင္း အသီးသီး အမႈဖြင့္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း မုံ႐ြာနယ္ေျမရဲ စခန္းက သိရပါတယ္။

#voiceofmyanmar #VOM #သတင္းေထာက္နဲ႔ေရွ႕ေနဆီကမူးယစ္ေဆးမိ

Related posts

Leave a Comment

VOM News

FREE
VIEW