ရုံးချိန်းမလာတဲ့ ဂျာမဏီနိုင်ငံသား အလုပ်ရှင်ကို ဖမ်းဝရမ်းထုတ်ပေးရန် အလုပ်သမားတွေ‌တောင်းဆို

ရုံးချိန်းမလာတဲ့ ဂျာမဏီနိုင်ငံသား အလုပ်ရှင်ကို ဖမ်းဝရမ်းထုတ်ပေးရန် အလုပ်သမားတွေ‌တောင်းဆို

ရန်ကုန်၊ သြဂူတ်- ၂ – ၂၀၂၀
အေးချမ်းသူ(VOM)

အလုပ်သမားခုနှစ်ရာကျော်အတွက် လုပ်ခလစာရှင်းမပေးတဲ့ဂျာမနီနိူင်ငံသားကို တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းကို လေးကြိမ်တိုင်လာရောက်ခြင်းမရှိတဲ့အတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးကိုတောင်းဆိုသွားမှာဖြစ်တယ်လို့အလုပ်သမားတွေက ပြောပါတယ်။

တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ EURO Gate အထည်ချုပ်စက်ရုံပိုင်ရှင်ဂျာမနီနိင်ငံသား Mr Fronz Koller က အလုပ်သမား ခုနှစ်ရာကျော်ကို မတ်လနဲ့ ဧပြီလ အတွက် လစာရှင်းမပေးတာကြောင့် အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှုး ကိုယ်တိုင် မေလ က စတင်တရားစွဲဆိုခဲ့တယ်လို့ တရားလိုပြသက်သေ အလုပ်သမားခေါင်းဆောင် မခိုင်ဝေသင်း ကပြောပါတယ်။

“အလုပ်သမားတွေကတော့ မအားတဲ့ကြားထဲက ရုံးချိန်းခဏခဏသွားတယ်၊ အလုပ်ရှင်နိူင်ငံခြားသားက တစ်ခါမှ မလာဘူး အခုလာ
မဲ့ရုံးချိန်းမှာ ဖမ်းဝရမ်းထုတ်ပေးဖို့တောင်းဆိုသွားမယ်”လို့ မခိုင်ဝေသင်း က
ပြောပါတယ်။

တောင်ဒဂုံမြို့နယ်တရားရုံးမှာ EURO Gate အထည်ချုပ်စက်ရုံပိုင်ရှင် ဂျာမနီနိူငိငံသား Mr Fronz Kollerအား အလုပ်ရုံနဲ့ အ
လုပ်သမားဥပဒေ စစ်ဆေးရုံးဦးစီးဌာန ဦးစီးမှုးက အခကြေးငွေပေးချေနည်း ဥပဒေပုဒ်မ ၂၄ နဲ့ တရားစွဲဆိုခဲ့ပြီး လေးကြိမ်မြောက်ရုံးချိန်းအထိ အလုပ်ရှင်က မလာတာကြောင့် အလုပ်သမားများက ဒေါသဖြစ်ရပြီး လာမယ့် သြဂုတ်လ ၄ ရက်ရုံးချိန်းမှာဖမ်းဝရမ်း
ထုတ်ဖို့ တောင်းဆိုသွားမယ်လို့ လိုက်လံကူညီပေးနေသူ Labour Power Groupအဖွဲ့ ဥက္ကဌဦးကျော်မျိုးထွေးက ပြောပါတယ်။

“လှိုင်သာယာမှာ အလုပ်သမားတွေတရားစွဲခံရတာ ရုံးချိန်းမလာတော့ ဖမ်းဝရမ်းထုတ်တယ်။ Euro Gate အထည်ချုပ်ကိစွကျ
တော့ အလုပ်ရှင်ရုံးချိန်းမလာတာ ဖမ်းဝရမ်းမထုတ်ဘူး အလုပ်သမားတွေ ထိန်းထားရတယ် အခုလာမယ့်ရုံးချိန်းမှာ ဖမ်းဝရမ်းထုတ်ဖို့
လုပ်သွားမှာပါ”လို့ ဦးကျော်မျိုးထွေး က ပြောပါတယ်။

လာမည့်ရုံးချိန်းကို အလုပ်သမားများက မြိူ့နယ်တရားသူကြီးကို မိမိပြောချင်တဲ့ စကားများပါရှိတဲ့ စာတန်းများကိုကိုင်ဆောင်
ကာ နိူင်ငံခြားသားအလုပ်ရှင်ကို ဖမ်းဝရမ်းထုတ်ပေးရေးအတွက် လှုမှူကွန်ရက်စာမျက်နှာမှာ ကန်ပိန်းတွေပြုလုပ်လျှက်ရှိတယ်လို့ အလုပ်သ
မားခေါင်းဆောင် မခိုင်ဝေသင်း ကပြောပါတယ်။

တောင်ဂုံမြို့နယ်တရားရုံးက ဆုံးဖြတ်ချက်ခံယူပြီးပါရင် အလုပ်ရှင်က အလုပ်သမားများကို နစ်နာကြေးမပေးနိုင်ရင် စက်ရုံမှာရှိတဲ့ပစွည်း
တွေကို လေလံတင်ရောင်းချဖို့ ရည်ရွယ်ထားသောလည်း အလုပ်ရှင်ကပစွည်းများကို အကုန်ယူဆောင်သွားပြီလို့ မခိုင်ဝေသင်းက ရှင်းပြပါတယ်။

အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ EUROGate အထည်ချုပ်ပိုင်ရှင်အား တရားစွဲဆိုထားသော အခကြေးငွေ
ပေးချေနည်းဥပဒေပုဒ်မ ၂၄မှာ ၂၀၁၆ ခုနှစ်တွင်ပြဌာန်းခဲ့ပြီးပြစ်မှုထင်ရှားပါက သုံးလထက်မပိုသောထောင်ဒဏ်ဖြစ်စေသိန်းနှစ်ဆယ်
ထက်မပိုသောငွေဒဏ်ဖြစ်စေချမှတ်ခံရမည်ဖြစ်ကြောင်း labourpower groupအဖွဲ့မှ ဥက္ကဌ ဦးကျော်မျိုးထွေးကပြောပါတယ်။

အလုပ်ရှင်ကို တရားစွဲဆိုခံထားရတဲ့ကိစွနှင့်ပါတ်သတ်ပြီး EURO Gate အထည်ချုပ်မှ HRမန်နေဂျာကို ဆက်သွယ်ပေမယ့် အဆက်သွယ်မရသေးပါဘူး။

တောင်ဒဂုံစက်မှုဇုန်ရှိ EURO Gateအထည်ချုပ်စက်ရုံသည်အလုပ်သမားခုနှစ်ရာကျော် မတ်လနှင့်ဧပြီလအတွက် လစာသိန်း
တစ်ထောင်နီးပါးကို ပေးချေခြင်းမရှိသည့်အတွက် အလုပ်ရင်မှာတရားစွဲဆိုခံထားရပြီး လက်ရှိအခြေအနေစက်ရုံမှာပိတ်သိမ်းထားကြောင်း အလုပ်သမားတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #အလုပ်သမား

Zawgyi

႐ုံးခ်ိန္းမလာတဲ့ ဂ်ာမဏီႏိုင္ငံသား အလုပ္ရွင္ကို ဖမ္းဝရမ္းထုတ္ေပးရန္ အလုပ္သမားေတြ‌ေတာင္းဆို

ရန္ကုန္၊ ၾသဂူတ္- ၂ – ၂၀၂၀
ေအးခ်မ္းသူ(VOM)

အလုပ္သမားခုႏွစ္ရာေက်ာ္အတြက္ လုပ္ခလစာရွင္းမေပးတဲ့ဂ်ာမနီႏိူင္ငံသားကို တရားစြဲဆိုထားတဲ့ အမႈ႐ုံးခ်ိန္းကို ေလးႀကိမ္တိုင္လာေရာက္ျခင္းမရွိတဲ့အတြက္ ဖမ္းဝရမ္းထုတ္ေပးဖို႔ တရား႐ုံးကိုေတာင္းဆိုသြားမွာျဖစ္တယ္လို႔
အလုပ္သမားေတြက ေျပာပါတယ္။

ေတာင္ဒဂုံစက္မႈဇုန္မွာရွိတဲ့ EURO Gate အထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ဂ်ာမနီႏိူင္ငံသား Mr Fronz Koller က အလုပ္သမား ခုႏွစ္ရာေက်ာ္ကို မတ္လနဲ႔ ဧၿပီလ အတြက္ လစာရွင္းမေပးတာေၾကာင့္ အလုပ္႐ုံနဲ႔ အလုပ္သမားဥပေဒ စစ္ေဆးေရးဦးစီးဌာနမွ ဦးစီးမႈး ကိုယ္တိုင္ ေမလ က စတင္တရားစြဲဆိုခဲ့တယ္လို႔ တရားလိုျပသက္သ အလုပ္သမားေခါင္းေဆာင္ မခိုင္ေဝသင္း ကေျပာပါတယ္။

“အလုပ္သမားေတြကေတာ့ မအားတဲ့ၾကားထဲက ႐ုံးခ်ိန္းခဏခဏသြားတယ္၊ အလုပ္ရွင္ႏိူင္ငံျခားသားက တစ္ခါမွ မလာဘူး အခုလာ
မဲ့႐ုံးခ်ိန္းမွာ ဖမ္းဝရမ္းထုတ္ေပးဖို႔ေတာင္းဆိုသြားမယ္”လို႔ မခိုင္ေဝသင္း ကေျပာပါတယ္။

ေတာင္ဒဂုံၿမိဳ႕နယ္တရား႐ုံးမွာ EURO Gate အထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ ဂ်ာမနီႏိူငိငံသား Mr Fronz Kollerအား အလုပ္႐ုံနဲ႔ အ
လုပ္သမားဥပေဒ စစ္ေဆး႐ုံးဦးစီးဌာန ဦးစီးမႈးက အခေၾကးေငြ
ေပးေခ်နည္း ဥပေဒပုဒ္မ ၂၄ နဲ႔ တရားစြဲဆိုခဲ့ၿပီး ေလးႀကိမ္ေျမာက္႐ုံးခ်ိန္းအထိ အလုပ္ရွင္က မလာတာေၾကာင့္ အလုပ္သမားမ်ားက ေဒါသျဖစ္ရၿပီး လာမယ့္ ၾသဂုတ္လ ၄ ရက္႐ုံးခ်ိန္းမွာဖမ္းဝရမ္းထုတ္ဖို႔ ေတာင္းဆိုသြားမယ္လို႔ လိုက္လံကူညီေပးေနသူ Labour Power Groupအဖြဲ႕ ဥကၠဌဦးေက်ာ္မ်ိဳးေထြးက ေျပာပါတယ္။

“လႈိင္သာယာမွာ အလုပ္သမားေတြတရားစြဲခံရတာ ႐ုံးခ်ိန္းမလာေတာ့ ဖမ္းဝရမ္းထုတ္တယ္။ Euro Gate အထည္ခ်ဳပ္ကိစြက်
ေတာ့ အလုပ္ရွင္႐ုံးခ်ိန္းမလာတာ ဖမ္းဝရမ္းမထုတ္ဘူး အလုပ္သမားေတြ ထိန္းထားရတယ္ အခုလာမယ့္႐ုံးခ်ိန္းမွာ ဖမ္းဝရမ္းထုတ္ဖို႔
လုပ္သြားမွာပါ”လို႔ ဦးေက်ာ္မ်ိဳးေထြး က ေျပာပါတယ္။

လာမည့္႐ုံးခ်ိန္းကို အလုပ္သမားမ်ားက ၿမိဴ႕နယ္တရားသူႀကီးကို မိမိေျပာခ်င္တဲ့ စကားမ်ားပါရွိတဲ့ စာတန္းမ်ားကိုကိုင္ေဆာင္
ကာ ႏိူင္ငံျခားသားအလုပ္ရွင္ကို ဖမ္းဝရမ္းထုတ္ေပးေရးအတြက္ လႈမႉကြန္ရက္စာမ်က္ႏွာမွာ ကန္ပိန္းေတြျပဳလုပ္လွ်က္ရွိတယ္လို႔ အလုပ္သ
မားေခါင္းေဆာင္ မခိုင္ေဝသင္း ကေျပာပါတယ္။

ေတာင္ဂုံၿမိဳ႕နယ္တရား႐ုံးက ဆုံးျဖတ္ခ်က္ခံယူၿပီးပါရင္ အလုပ္ရွင္က အလုပ္သမားမ်ားကို နစ္နာေၾကးမေပးႏိုင္ရင္ စက္႐ုံမွာရွိတဲ့ပစြည္း
ေတြကို ေလလံတင္ေရာင္းခ်ဖို႔ ရည္႐ြယ္ထားေသာလည္း အလုပ္ရွင္ကပစြည္းမ်ားကို အကုန္ယူေဆာင္သြားၿပီလို႔ မခိုင္ေဝသင္းက ရွင္းျပပါတယ္။

အလုပ္႐ုံနဲ႔ အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာနမွ EUROGate အထည္ခ်ဳပ္ပိုင္ရွင္အား တရားစြဲဆိုထားေသာ အခေၾကးေငြ
ေပးေခ်နည္းဥပေဒပုဒ္မ ၂၄မွာ ၂၀၁၆ ခုႏွစ္တြင္ျပဌာန္းခဲ့ၿပီးျပစိမႈထင္ရွားပါက သုံးလထက္မပိုေသာေထာင္ဒဏ္ျဖစ္ေစသိန္းႏွစ္ဆယ္
ထက္မပိုေသာေငြဒဏ္ျဖစ္ေစခ်မွတ္ခံရမည္ျဖစ္ေၾကာင္း labourpower groupအဖြဲ႕မွ ဥကၠဌ ဦးေက်ာ္မ်ိဳးေထြးကေျပာပါတယ္။

အလုပ္ရွင္ကို တရားစြဲဆိုခံထားရတဲ့ကိစြႏွင့္ပါတ္သတ္ၿပီး EURO Gate အထည္ခ်ဳပ္မွ HRမန္ေနဂ်ာကို ဆက္သြယ္ေပမယ့္ အဆက္သြယ္မရေသးပါဘူး။

ေတာင္ဒဂုံစက္မႈဇုန္ရွိ EURO Gateအထည္ခ်ဳပ္စက္႐ုံသည္အလုပ္သမားခုႏွစ္ရာေက်ာ္ မတ္လႏွင့္ဧၿပီလအတြက္ လစာသိန္း
တစ္ေထာင္နီးပါးကို ေပးေခ်ျခင္းမရွိသည့္အတြက္ အလုပိရွင္မွာတရားစြဲဆိုခံထားရၿပီး လက္ရွိအေျခအေနစက္႐ုံမွာပိတ္သိမ္းထားေၾကာင္း အလုပ္သမားေတြဆီက သိရပါတယ္။

#voiceofmyanmar #VOM #အလုပ္သမား

Related posts

Leave a Comment

VOM News

FREE
VIEW