နေပြည်တော်မှာ မဲပေးသူ ရှစ်သိန်းကျော်ရှိပြီး မဲဆန္ဒရှင် ၅၅၀၀ ကျော်က မဲစာရင်းပြင်ဆင်တာတွေပြုလုပ်

နေပြည်တော်မှာ မဲပေးသူ ရှစ်သိန်းကျော်ရှိပြီး မဲဆန္ဒရှင် ၅၅၀၀ ကျော်က မဲစာရင်းပြင်ဆင်တာတွေပြုလုပ်

နေပြည်တော်၊ သြဂုတ် ၄-၂၀၂၀
စွမ်းရဲထွဋ် (VOM)

နေပြည်တော်မှာ မဲပေးသူ ရှစ်သိန်းကျော်ရှိပြီး မဲဆန္ဒရှင် ၅၅၀၀ ကျော်က မဲစားရင်းပြင်ဆင်တာတွေ ကန့်ကွက်၊ ဖြည့်စွက်တာတွေလုပ်ဖို့ တင်ပြကြကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းဌေးက နေပြည်တော်ကောင်စီရုံးဝန်းအတွင်းမှာရှိတဲ့ ကော်မရှင်အဖွဲ့ခွဲရုံးမှာ ပြောပါတယ်။

“နေပြည်တော်မှာ ဥတ္တရသီရိခရိုင်နဲ့ ဒက္ခိဏခရိုင်ဆိုပြီး ခရိုင်နှစ်ခုရှိပါတယ်။ ခရိုင်ခွဲတွေအောက်မှာ မြို့နယ် (၈) မြို့နယ်နဲ့ ဖွဲ့စည်းထားပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၇ သိန်းကျော်မဲပေးခဲ့။ လာမယ့် ၂၀၂၀ မှာ ရှစ်သိန်းကျော် မဲပေးသွားမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ မိမိရဲ့ အမည်စာရင်း မဲစာရင်းမှာမပါရင် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေကနေ ပုံစံ (၃) လျှောက်လွှာဖြည့်ပြီး မဲစာရင်းမှာပါဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ ဦးသိန်းဌေးက ပြောပါတယ်။

မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါနေရင် ပုံစံ (၄) နဲ့ ကန့်ကွက်နိုင်မှာဖြစ်ပြီး မဲစာရင်းမှာ အက္ခရာတွေ၊ အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ (၄-ဂ) နဲ့ ပြန်လည်ပြင်ဆင်လို့ရကြောင်းသိရပါတယ်။

ဦးသိန်းဌေးက “ပုံစံ (၃) အနေနဲ့ ဖြည့်စွက်တာ ၂၄၀၀ ကျော်ရှိပါတယ်။ ပုံစံ (၄) အနေနဲ့ ကန့်ကွက် တာက ၁၄၀၀ ကျော် ရှိပါတယ်။ ပုံစံ (၄-ဂ) ပြင်ဆင်တာက ၁၇၀၀ ကျော်လောက်ရှိပါတယ်”လို့ ဆိုပါတယ်။

နေပြည်တော်မှာ လက်ရှိ ကြေငြာထားပြီး မဲဆန္ဒရှင် စုစုပေါင်း ၈၄၄၉၀၉ ဦးရှိပြီး မဲရုံ ၆၃၃ ရုံ ရှိမယ်လို့ ကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင် ဦးမိုးဇော်က သတင်းမီဒီယာတွေကို ပြောပါတယ်။ အဲ့ဒီ ရှစ်သိန်းကျော်ထဲမှာ တပ်မ တော်သား မဲဆန္ဒရှင်တွေလည်းပါဝင်ပြီး တပ်တွင်းမဲရုံ တစ်ရုံမှမရှိဘူးလို့လည်းဆိုပါတယ်။

နေပြည်တော်မှာ ဒီနေ့အထိ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၃၄ ယောက်နဲ့ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၇ ယောက် လာရောက်စာရင်းတင်ထားကြပြီးဖြစ်တယ် လို့ ရှင်းပြပါတယ်။ ဒါ့အပြင် နယ်မြေအထဲ ရွေးကောက်ပွဲဝင်ဖို့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၇ ယောက်တို့က လည်းပါဝင်စာရင်းပေးသွင်းထားတယ်လို့ သိရပါတယ်။

ဒီနေ့အထိ စာရင်းလာသွင်းသွားကြတဲ့ ပါတီတွေကတော့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့ဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက ဒီကနေ့အထိ ကိုယ်စားလှယ်လောင်းတစ်ဦးမှ လာမတင်သေးဘူးလို့ ဦးမိုးဇော်က သတင်းမီဒီယာတွေကို ပြောပါတယ်။

#voiceofmyanmar #VOM #ရွေးကောက်ပွဲကော်မရှင်

ေနျပည္ေတာ္မွာ မဲေပးသူ ရွစ္သိန္းေက်ာ္ရွိၿပီး မဲဆႏၵရွင္ ၅၅၀၀ ေက်ာ္က မဲစာရင္းျပင္ဆင္တာေတြျပဳလုပ္

ေနျပည္ေတာ္၊ ၾသဂုတ္ ၄-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

ေနျပည္ေတာ္မွာ မဲေပးသူ ရွစ္သိန္းေက်ာ္ရွိၿပီး မဲဆႏၵရွင္ ၅၅၀၀ ေက်ာ္က မဲစားရင္းျပင္ဆင္တာေတြ ကန႔္ကြက္၊ ျဖည့္စြက္တာေတြလုပ္ဖို႔ တင္ျပၾကေၾကာင္း ျပည္ေထာင္စုနယ္ေျမ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠဌ ဦးသိန္းေဌးက ေနျပည္ေတာ္ေကာင္စီ႐ုံးဝန္းအတြင္းမွာရွိတဲ့ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမွာ ေျပာပါတယ္။

“ေနျပည္ေတာ္မွာ ဥတၱရသီရိခ႐ိုင္နဲ႔ ဒကၡိဏခ႐ိုင္ဆိုၿပီး ခ႐ိုင္ႏွစ္ခုရွိပါတယ္။ ခ႐ိုင္ခြဲေတြေအာက္မွာ ၿမိဳ႕နယ္ (၈) ၿမိဳ႕နယ္နဲ႔ ဖြဲ႕စည္းထားၿပီး ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ မဲဆႏၵရွင္ ၇ သိန္းေက်ာ္မဲေပးခဲ့။ လာမယ့္ ၂၀၂၀ မွာ ရွစ္သိန္းေက်ာ္ မဲေပးသြားမွာျဖစ္ပါတယ္”လို႔ ဆိုပါတယ္။

မဲဆႏၵရွင္ေတြအေနနဲ႔ မိမိရဲ႕ အမည္စာရင္း မဲစာရင္းမွာမပါရင္ ရပ္ေက်းေကာ္မရွင္အဖြဲ႕ခြဲေတြကေန ပုံစံ (၃) ေလွ်ာက္လႊာျဖည့္ၿပီး မဲစာရင္းမွာပါဖို႔ ကူညီေဆာင္႐ြက္ေပးေနတယ္လို႔ ဦးသိန္းေဌးက ေျပာပါတယ္။

မဲစာရင္းမွာ မပါဝင္သင့္သူေတြ ပါေနရင္ ပုံစံ (၄) နဲ႔ ကန႔္ကြက္ႏိုင္မွာျဖစ္ၿပီး မဲစာရင္းမွာ အကၡရာေတြ၊ အခ်က္အလက္ေတြ မွားယြင္းေနရင္ ပုံစံ (၄-ဂ) နဲ႔ ျပန္လည္ျပင္ဆင္လို႔ရေၾကာင္းသိရပါတယ္။

ဦးသိန္းေဌးက “ပုံစံ (၃) အေနနဲ႔ ျဖည့္စြက္တာ ၂၄၀၀ ေက်ာ္ရွိပါတယ္။ ပုံစံ (၄) အေနနဲ႔ ကန႔္ကြက္ တာက ၁၄၀၀ ေက်ာ္ ရွိပါတယ္။ ပုံစံ (၄-ဂ) ျပင္ဆင္တာက ၁၇၀၀ ေက်ာ္ေလာက္ရွိပါတယ္”လို႔ ဆိုပါတယ္။

ေနျပည္ေတာ္မွာ လက္ရွိ ေၾကျငာထားၿပီး မဲဆႏၵရွင္ စုစုေပါင္း ၈၄၄၉၀၉ ဦးရွိၿပီး မဲ႐ုံ ၆၃၃ ႐ုံ ရွိမယ္လို႔ ေကာ္မရွင္အဖြဲ႕ခြဲက အဖြဲ႕ဝင္ ဦးမိုးေဇာ္က သတင္းမီဒီယာေတြကို ေျပာပါတယ္။ အဲ့ဒီ ရွစ္သိန္းေက်ာ္ထဲမွာ တပ္မ ေတာ္သား မဲဆႏၵရွင္ေတြလည္းပါဝင္ၿပီး တပ္တြင္းမဲ႐ုံ တစ္႐ုံမွမရွိဘူးလို႔လည္းဆိုပါတယ္။

ေနျပည္ေတာ္မွာ ဒီေန႔အထိ ျပည္သူ႔လႊတ္ေတာ္အတြက္ ကိုယ္စားလွယ္ေလာင္း ၃၄ ေယာက္နဲ႔ အမ်ိဳးသားလႊတ္ေတာ္အတြက္ ကိုယ္စားလွယ္ေလာင္း ၇ ေယာက္ လာေရာက္စာရင္းတင္ထားၾကၿပီးျဖစ္တယ္ လို႔ ရွင္းျပပါတယ္။ ဒါ့အျပင္ နယ္ေျမအထဲ ေ႐ြးေကာက္ပြဲဝင္ဖို႔ တစ္သီးပုဂၢလကိုယ္စားလွယ္ ၇ ေယာက္တို႔က လည္းပါဝင္စာရင္းေပးသြင္းထားတယ္လို႔ သိရပါတယ္။

ဒီေန႔အထိ စာရင္းလာသြင္းသြားၾကတဲ့ ပါတီေတြကေတာ့ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ၊ တိုင္း ရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ အမ်ိဳးသားညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီနဲ႔ ျပည္သူ႔ေရွ႕ေဆာင္ပါတီတို႔ျဖစ္ပါတယ္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီက ဒီကေန႔အထိ ကိုယ္စားလွယ္ေလာင္းတစ္ဦးမွ လာမတင္ေသးဘူးလို႔ ဦးမိုးေဇာ္က သတင္းမီဒီယာေတြကို ေျပာပါတယ္။

#voiceofmyanmar #VOM #ေ႐ြးေကာက္ပြဲေကာ္မရွင္

Related posts

Leave a Comment

VOM News

FREE
VIEW