လူငယ်ထိမ်းသိမ်းရေးကျောင်းက ဒုတိယမြောက် ကလေးတယောက် ထပ်မံသေဆုံး

လူငယ်ထိမ်းသိမ်းရေးကျောင်းက ဒုတိယမြောက် ကလေးတယောက် ထပ်မံသေဆုံး

မန္တလေး၊ သြဂုတ်- ၅- ၂၀၂၀
မှူးသခင်(VOM)

မန္တလေးလူငယ် ထိမ်းသိမ်းရေးသင်တန်းကျောင်းကနေ လွန်ခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ က ထွက်ပြေးလို့ရိုက်နှက်ခံရတဲ့ ကလေး၅ယောက်အဖွဲ့ထဲက ခိုင်ဇော်ထွန်း အသက် (၁၇)နှစ်ဟာ မန္တလေးဆေးရုံကြီးမှာ သေဆုံးသွားပြီလို့ ကလေးရဲ့မိခင် ဖြစ်သူဒေါ်ခင်ချို က ပြောပါတယ်။

မောင်ခိုင်ဇော်ထွန်းက မန္တလေးဆေးရုံကြီးမှာ ဒီနေ့နေ့လည် ၃ နာရီခွဲအချိန်မှာ သေးဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးတဲ့ ခိုင်ဇော်ထွန်းရဲ့မိခင်ကဒေါ်ခင်ချို က” ဟုတ်ပါတယ်၊ ၃နာရီခွဲလောက်ကသေသွားတာပါ။ ဒဏ်ရာတွေကလဲညိုမဲလို့ ကလေးက ခါးလည်းကျိုး သွားတယ် လည်ချောင်းလဲကွဲနေတာ အဆုပ်မှာလဲထိတယ် နောက်ကလေး ၅ယောက်အတွက်လည်း စိုးရိမ်ရသေးတယ်။ ကျမကတော့ သက်ဆိုင်ရာကို အမှုမှန်ဖေါ်ထုတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ လုယက်မှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့ ကလေး ၇ ယာက်ဟာ မန္တလေးလူငယ်ထိမ်းသိမ်းရေးစခန်းကို မုံရွာမြို့ကနေ ဂျူလိုင်၂၆ရက်နေ့ကရောက်ရှိခဲပြီး ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင် ထမင်းစားလွှတ်ချိန်လောက်မှာ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ် ။

အဲ့ဒီလူငယ် သေဆုံးမှုနဲ့ပတ်သက်ပြီး မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ် ဦးနေအောင်ကျော်ကို ဆက်သွယ်မေးမြန်တဲ့အခါမှာတော့ “အမှတ် ၂ စခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ဖို့ရှိတယ် တခြားပြောစရာဘာမှမရှိပါဘူးဗျာ” လို့ ပြောပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့တုန်းကလည်း ထွက်ပြေးခဲ့တဲ့ကျောင်းသား ၅ ယောက်ထဲက မောင်ပြည့်ဖြိုးမောင် အသက်(၁၇)နှစ်သေဆုံးခဲ့ပြီး မန္တလေးလူငယ်သင်တန်းကျောင်းက မောင်ခိုင်ဇော်ထွန်း က ဒုတိယမြောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

#VoiceofMyanmar #VOM #လူငယ်သင်တန်းကျောင်း #ရိုက်နှက်မှု

Zawgyi

 

လူငယ္ထိမ္းသိမ္းေရးေက်ာင္းက ဒုတိယေျမာက္ ကေလးတေယာက္ ထပ္မံေသဆုံး

မႏၲေလး၊ ၾသဂုတ္- ၅- ၂၀၂၀
မႉးသခင္(VOM)

မႏၲေလးလူငယ္ ထိမ္းသိမ္းေရးသင္တန္းေက်ာင္းကေန လြန္ခဲ့တဲ့ ဇူလိုင္လ ၃၁ ရက္ေန႔ က ထြက္ေျပးလို႔႐ိုက္ႏွက္ခံရတဲ့ ကေလး၅ေယာက္အဖြဲ႕ထဲက ခိုင္ေဇာ္ထြန္း အသက္ (၁၇)ႏွစ္ဟာ မႏၲေလးေဆး႐ုံႀကီးမွာ ေသဆုံးသြားၿပီလို႔ ကေလးရဲ႕မိခင္ ျဖစ္သူေဒၚခင္ခ်ိဳ က ေျပာပါတယ္။

ေမာင္ခိုင္ေဇာ္ထြန္းက မႏၲေလးေဆး႐ုံႀကီးမွာ ဒီေန႔ေန႔လည္ ၃ နာရီခြဲအခ်ိန္မွာ ေသးဆုံးခဲ့တာျဖစ္ပါတယ္။
ေသဆုံးတဲ့ ခိုင္ေဇာ္ထြန္းရဲ႕မိခင္ကေဒၚခင္ခ်ိဳ က” ဟုတ္ပါတယ္၊ ၃နာရီခြဲေလာက္ကေသသြားတာပါ။ ဒဏ္ရာေတြကလဲညိဳမဲလို႔ ကေလးက ခါးလည္းက်ိဳး သြားတယ္ လည္ေခ်ာင္းလဲကြဲေနတာ အဆုပ္မွာလဲထိတယ္ ေနာက္ကေလး ၅ေယာက္အတြက္လည္း စိုးရိမ္ရေသးတယ္။ က်မကေတာ့ သက္ဆိုင္ရာကို အမႈမွန္ေဖၚထုတ္ေပးဖို႔ ေတာင္းဆိုပါတယ္” လို႔ ေျပာပါတယ္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၁ ရက္ေန႔မွာ လုယက္မႈနဲ႔ဖမ္းဆီးခံခဲ့ရတဲ့ ကေလး ၇ ယာက္ဟာ မႏၲေလးလူငယ္ထိမ္းသိမ္းေရးစခန္းကို မုံ႐ြာၿမိဳ႕ကေန ဂ်ဴလိုင္၂၆ရက္ေန႔ကေရာက္ရွိခဲၿပီး ဇူလိုင္လ ၃၁ ရက္ေန႔ ေန႔လည္ ၁၂ နာရီဝန္းက်င္ ထမင္းစားလႊတ္ခ်ိန္ေလာက္မွာ ထြက္ေျပးခဲ့တာ ျဖစ္ပါတယ္ ။

အဲ့ဒီလူငယ္ ေသဆုံးမႈနဲ႔ပတ္သက္ၿပီး မႏၲေလးလူငယ္သင္တန္းေက်ာင္း ေက်ာင္းအုပ္ ဦးေနေအာင္ေက်ာ္ကို ဆက္သြယ္ေမးျမန္တဲ့အခါမွာေတာ့ “အမွတ္ ၂ စခန္းမွာ ေသမႈေသခင္းနဲ႔ အမႈဖြင့္ဖို႔ရွိတယ္ တျခားေျပာစရာဘာမွမရွိပါဘူးဗ်ာ” လို႔ ေျပာပါတယ္။

ဇူလိုင္လ ၃၁ ရက္ေန႔တုန္းကလည္း ထြက္ေျပးခဲ့တဲ့ေက်ာင္းသား ၅ ေယာက္ထဲက ေမာင္ျပည့္ၿဖိဳးေမာင္ အသက္(၁၇)ႏွစ္ေသဆုံးခဲ့ၿပီး မႏၲေလးလူငယ္သင္တန္းေက်ာင္းက ေမာင္ခိုင္ေဇာ္ထြန္း က ဒုတိယေျမာက္ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

#VoiceofMyanmar #VOM #လူငယ္သင္တန္းေက်ာင္း #႐ိုက္ႏွက္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW