သိမ်ဇရပ် မြသိန်းတန်ဘုရားကုန်း မြေသားနံရံအက်ကြောင်းများ ပိုကြီးမားလာ

သိမ်ဇရပ် မြသိန်းတန်ဘုရားကုန်း မြေသားနံရံအက်ကြောင်းများ ပိုကြီးမားလာ

နေပြည်တော်၊ဩဂုတ် ၈-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်ကျို၊က်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ၊ အမှတ် ၄ ရပ်ကွက် မြသိန်းတန်ဘုရားကုန်းအနီးမ‌ှာ လွန်ခဲ့တဲ့တစ်နှစ်ခန့်က စတင်ဖြစ်ပေါ်ခဲ့တဲ့ မြေသားနံရံအက်ကွဲကြောင်းကြီးတွေဟာ အခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းခဲ့ပြီးနောက်ပိုင်း ပိုမိုကျယ်ပြန့်ကြီးမားလာတယ်လို့ေ‌ဒသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

“တောင်ရဲ့ အောက်ခြေမှာတင် အိမ်‌ခြေ၂၈ အိမ် လောက်ရှိတယ်။ တစ်ကယ်
လို့ ပြိုကျမယ်ဆို ထိခိုက်ပျက်ဆီးနိုင်မယ့် အိမ်ခြေ ၇၀ နီးပါးဆိုတော့ စိုးရိမ်မိတယ်”လို့ သိမ်ဇရပ်ဒေသခံ ဦးစိုင်းရက ပြောပါတယ်။

မြသိန်းတန်တာငေ်ခြေ‌နဲ့ အနီးတစ်ဝိုက် လူနေအိမ်ခြေ ၇၀ ခန့်ရှိနေပြီး အချိန်မီ ပြင်ဆင်ထိန်းသိမ်းမှုများ မလုပ်ဆောင်တဲ့အတွက် မြေပြိုကျပါက အိမ်ထောင်စု ၇၀ နီးပါးနဲ့မိသားစုဝင် ၃၀၀ ကျော် အခက်ခဲနဲ့ ကြုံတွေ့နိုင်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အခုလိုမြေသားကြောင်းအက်ကွဲရာ ဖြစ်ပေါ်နေတဲ့ မြသိန်းတန်ဘုရားကုန်းနေရာကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းကြည့်ရှူခဲ့ပြီး ပညာရှင်များနဲ့ စစ်ဆေးဆောင်ရွက်ရန်လမ်းညွန်မှာကြားထားတဲ့အပြင် ဘေးအန္တရာယ်ရှိတဲ့ လူနေအိမ်တွေကို ရွှေ့ပြောင်းနေရာချထား‌ပေးဖို့လည်း မှာကြားထားတယ်လို့ မွန်ပြည်နယ် အမှတ် ၁၁ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှမြင့်သန်းက ပြောပြပါတယ်။

အခုလို ဘုရားကုန်းအနီးရှိမြေနေရာအက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်‌ နေတာဟာ အနည်းငယ် ကြာမြင့်လာပြီဖြစ်တဲ့အတွက် တောင်ခြေအနီးနေထိုင်သူတွေအနက် ဘေးအန္တရာယ်ရှိလူနေအိမ်များကို နီးစပ်ရာနေရာတွေကို ပြောင်းရွှေ့‌နေထိုင်ကြဖို့ညွန်ကြားထားတယ်လို့ သိမ်ဇရပ်မြို့အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

မြသိန်းတန်ဘုရားကုန်းအနီး အမြင့်အက်ကွဲကြောင်းရာအရှည်ဟာ ပေ ၉၀ နီးပါးနဲ့ အကျယ် ၁ ပေခွဲလောက်ရှိလာပြီး ဘုရားကုန်းမြေသားနံရံ ပေ ၃၀၀ ကျော်သာရှိတဲ့အပြင် အနီးတစ်ဝိုက် လူနေအိမ်ခြေတွေကို မြေနေရာအစားပေးမယ့် မြေကွက်နဲ့တန်ဖိုးကွာဟနေတာကြောင့် ရွေ့ပြောင်းလိုသူနည်းတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဓါတ်ပုံ-Ko Thant Zin
#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

သိမ္ဇရပ္ ျမသိန္းတန္ဘုရားကုန္း ေျမသားနံရံအက္ေၾကာင္းမ်ား ပိုႀကီးမားလာ

ေနျပည္ေတာ္၊ဩဂုတ္ ၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္က်ိဳ၊က္ထိုၿမိဳ႕နယ္၊ သိမ္ဇရပ္ၿမိဳ႕ ၊ အမွတ္ ၄ ရပ္ကြက္ ျမသိန္းတန္ဘုရားကုန္းအနီးမ‌ွာ လြန္ခဲ့တဲ့တစ္ႏွစ္ခန႔္က စတင္ျဖစ္ေပၚခဲ့တဲ့ ေျမသားနံရံအက္ကြဲေၾကာင္းႀကီးေတြဟာ အခုရက္ပိုင္း မိုးဆက္တိုက္႐ြာသြန္းခဲ့ၿပီးေနာက္ပိုင္း ပိုမိုက်ယ္ျပန႔္ႀကီးမားလာတယ္လို ႔ေ‌ဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

“ေတာင္ရဲ႕ ေအာက္ေျခမွာတင္ အိမ္‌ေျခ၂၈ အိမ္ ေလာက္ရွိတယ္။ တစ္ကယ္
လို႔ ၿပိဳက်မယ္ဆို ထိခိုက္ပ်က္ဆီးႏိုင္မယ့္ အိမ္ေျခ ၇၀ နီးပါးဆိုေတာ့ စိုးရိမ္မိတယ္”လို႔ သိမ္ဇရပ္ေဒသခံ ဦးစိုင္းရက ေျပာပါတယ္။

ျမသိန္းတန္တာေင္ေျခ‌နဲ႔ အနီးတစ္ဝိုက္ လူေနအိမ္ေျခ ၇၀ ခန႔္ရွိေနၿပီး အခ်ိန္မီ ျပင္ဆင္ထိန္းသိမ္းမႈမ်ား မလုပ္ေဆာင္တဲ့အတြက္ ေျမၿပိဳက်ပါက အိမ္ေထာင္စု ၇၀ နီးပါးနဲ႔မိသားစုဝင္ ၃၀၀ ေက်ာ္ အခက္ခဲနဲ႔ ႀကဳံေတြ႕ႏိုင္တယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

အခုလိုေျမသားေၾကာင္းအက္ကြဲရာ ျဖစ္ေပၚေနတဲ့ ျမသိန္းတန္ဘုရားကုန္းေနရာကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ကြင္းဆင္းၾကည့္ရႉခဲ့ၿပီး ပညာရွင္မ်ားနဲ႔ စစ္ေဆးေဆာင္႐ြက္ရန္လမ္းၫြန္မွာၾကားထားတဲ့အျပင္ ေဘးအႏၲရာယ္ရွိတဲ့ လူေနအိမ္ေတြကို ေရႊ႕ေျပာင္းေနရာခ်ထား‌ေပးဖို႔လည္း မွာၾကားထားတယ္လို ႔ မြန္ျပည္နယ္ အမွတ္ ၁၁ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးလွျမင့္သန္းက ေျပာျပပါတယ္။

အခုလို ဘုရားကုန္းအနီးရွိေျမေနရာအက္ကြဲေၾကာင္းႀကီးမ်ား ျဖစ္ေပၚ‌ ေနတာဟာ အနည္းငယ္ ၾကာျမင့္လာၿပီျဖစ္တဲ့အတြက္ ေတာင္ေျခအနီးေနထိုင္သူေတြအနက္ ေဘးအႏၲရာယ္ရွိလူေနအိမ္မ်ားကို နီးစပ္ရာေနရာေတြကို ေျပာင္းေရႊ႕‌ေနထုိင္ၾကဖို႔ၫြန္ၾကားထားတယ္လို႔ သိမ္ဇရပ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးရံုးကေန သိရပါတယ္။

ျမသိန္းတန္ဘုရားကုန္းအနီး အျမင့္အက္ကြဲေၾကာင္းရာအရွည္ဟာ ေပ ၉၀ နီးပါးနဲ႔ အက်ယ္ ၁ ေပခြဲေလာက္ရွိလာၿပီး ဘုရားကုန္းေျမသားနံရံ ေပ ၃၀၀ ေက်ာ္သာရွိတဲ့အျပင္ အနီးတစ္ဝိုက္ လူေနအိမ္ေျခေတြကို ေျမေနရာအစားေပးမယ့္ ေျမကြက္နဲ႔တန္ဖိုးကြာဟေနတာေၾကာင့္ ေ႐ြ႕ေျပာင္းလိုသူနည္းတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ဓါတ္ပုံ-Ko Thant Zin
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW