အိန္ဒိယမှာ လေယာဉ်တစ်စင်းပြေးလမ်းချော်ပြီး နှစ်ပိုင်းပြတ် ၊ လူ ၁၇ ဦးသေဆုံး

အိန္ဒိယမှာ လေယာဉ်တစ်စင်းပြေးလမ်းချော်ပြီး နှစ်ပိုင်းပြတ် ၊ လူ ၁၇ ဦးသေဆုံး

ဒေလီ၊ သြဂုတ်-၈-၂၀၂၀
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ရှိ လေဆိပ်တစ်ခုမှာ လူ၁၉၀ကိုတင်ဆောင်လာတဲ့ India Express လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပြေးလမ်းချော်ပြီး ပျက်ကျခဲ့တာကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘိုးအင်း ၇၃၇ လေယာဉ်ဟာ ဒူဘိုင်းကနေပျံသန်းလာပြီး ကာလီကပ်လေဆိပ်မှာ မိုးရွာနေချိန်ဆင်းသက်ရာမှာ နှစ်ပိုင်းပြတ်သွားတာလို့ လေကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။ လေယာဉ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်မိသောင်တင်နေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်လာတာဖြစ်ပါတယ်။

လေယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင်း လွန်စွာစိတ်မကောင်းဖြစ်ရတယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိဒီကပြောပါတယ်။ အခင်းဖြစ်ရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြီးသတ်ဆောင်ရွက်ပြီးပြီဖြစ်ကာ ဒါဏ်ရာရရှိသူတွေကို ဆေးရုံးကိုပို့ထားထားတယ်လို့ ကီရာလာပြည်နယ် ဝန်ကြီးချုပ်ကပြောပါတယ်။

လေယာဉ်ပေါ်လိုက်ပါလာသူတွေအများအပြား ဒါဏ်ရာရရှိခဲ့ပြီး သူတို့ထဲက ၁၅ ဦးကတော့ အသက်အန္တရယ်စိုးရိမ်ရတယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။ သေဆုံးသွားသူတွေထဲမှာ လေယာဉ်မှူးနှစ်ဦးလည်းပါဝင်တယ်လို့ ပြောပါတယ်။

လေယာဉ်ဟာ ကာလီကပ်လေဆိပ်မှာ ဒုတိယအကြိမ်ဆင်းသက်ဖို့ကြိုးစားချိန် သြဂုတ် ၇ ရက် ဒေသစံတော်ချိန် ၇ နာရီ ၄၀ မိနစ်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

Ref : BBC
Photo: Government of Kerala
#voiceofmyanmar #VOM #ဒေလီ

Zawgyi

အိႏိၵယမွာ ေလယာဥ္တစ္စင္းေျပးလမ္းေခ်ာ္ျပီး နွစ္ပိုင္းျပတ္ ၊ လူ ၁၇ ဦးေသဆံုး

ေဒလီ၊ ၾသဂုတ္-၈-၂၀၂၀
မ်ိဳးဆက္ (VOM)

အိႏိၵယနိုင္ငံေတာင္ပိုင္း ကီရာလာျပည္နယ္ရိွ ေလဆိပ္တစ္ခုမွာ လူ၁၉၀ကိုတင္ေဆာင္လာတဲ႔ India Express ေလေၾကာင္းလုိင္းပိုင္ ခရီးသည္တင္ေလယာဥ္တစ္စင္းဟာ ေျပးလမ္းေခ်ာ္ျပီး ပ်က္က်ခဲ႔တာေၾကာင္႔ လူ ၁၇ ဦးထက္မနည္း ေသဆံုးသြားတယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

ဘိုးအင္း ၇၃၇ ေလယာဥ္ဟာ ဒူဘိုင္းကေနပ်ံသန္းလာျပီး ကာလီကပ္ေလဆိပ္မွာ မိုးရြာေနခ်ိန္ဆင္းသက္ရာမွာ နွစ္ပိုင္းျပတ္သြားတာလို႔ ေလေၾကာင္းတာ၀န္ရိွသူေတြကေျပာပါတယ္။ ေလယာဥ္ဟာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ပိတ္မိေသာင္တင္ေနတဲ႔ အိႏိၵယနိုင္ငံသားေတြကို ျပန္လည္ေခၚေဆာင္လာတာျဖစ္ပါတယ္။

ေလယာဥ္မေတာ္တဆမႈျဖစ္စဥ္ေၾကာင္း လြန္စြာစိတ္မေကာင္းျဖစ္ရတယ္လို႔ အိႏိၵယ၀န္ၾကီးခ်ဳပ္ မိဒီကေျပာပါတယ္။ အခင္းျဖစ္ရာမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြကို အျပီးသတ္ေဆာင္ရြက္ျပီးျပီျဖစ္ကာ ဒါဏ္ရာရရိွသူေတြကို ေဆးရံုးကိုပို႔ထားထားတယ္လို႔ ကီရာလာျပည္နယ္ ၀န္ၾကီးခ်ဳပ္ကေျပာပါတယ္။

ေလယာဥ္ေပၚလိုက္ပါလာသူေတြအမ်ားအျပား ဒါဏ္ရာရရိွခဲ႔ျပီး သူတို႔ထဲက ၁၅ ဦးကေတာ႔ အသက္အႏၱရယ္စိုးရိမ္ရတယ္္လို႔ ရဲအရာရိွတစ္ဦးကေျပာပါတယ္။ ေသဆံုးသြားသူေတြထဲမွာ ေလယာဥ္မွဴးနွစ္ဦးလည္းပါ၀င္တယ္လို႔ ေျပာပါတယ္။

ေလယာဥ္ဟာ ကာလီကပ္ေလဆိပ္မွာ ဒုတိယအၾကိမ္ဆင္းသက္ဖို႔ၾကိဳးစားခ်ိန္ ၾသဂုတ္ ၇ ရက္ ေဒသစံေတာ္ခ်ိန္ ၇ နာရီ ၄၀ မိနစ္မွာ ပ်က္က်ခဲ႔တာျဖစ္ပါတယ္။

Ref : BBC
Photo: Government of Kerala
#voiceofmyanmar #VOM #ေဒလီ

Related posts

Leave a Comment

VOM News

FREE
VIEW