စစ်ကိုင်းခရိုင်အတွင်း အခြေခံမဲစာရင်းထဲမှာ ပြင်ဆင်၊ ကန့်ကွက်၊ ဖြည့်စွက်ပေးဖို့ လျှောက်ထားသူ တစ်သောင်းကျော်ရှိ

စစ်ကိုင်းခရိုင်အတွင်း အခြေခံမဲစာရင်းထဲမှာ ပြင်ဆင်၊ ကန့်ကွက်၊ ဖြည့်စွက်ပေးဖို့ လျှောက်ထားသူ တစ်သောင်းကျော်ရှိ

စစ်ကိုင်း၊ သြဂုတ် ၁၄-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းခရိုင်အတွင်းမှာ အခြေခံမဲစာရင်းကြော်ငြာကပ်ထားတဲ့နေ့ကနေ သြဂုတ်လ ၉ ရက်နေ့အထိ မဲစာရင်းကို ပြင်ဆင်၊ကန့်ကွက်၊ဖြည့်စွက်ပေးဖို့ လျှောက်ထားသူဦးရေဟာ တစ်သောင်းကျော်ရှိတယ်လို့ စစ်ကိုင်းခရိုင်ရွးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က ပြောပါတယ်။

စစ်ကိုင်းခရိုင်အတွင်းက စစ်ကိုင်းမြို့နယ်၊မြောင်မြို့နယ် နဲ့ မြင်းမူမြို့နယ်တို့မှာ မဲစာရင်းတွေကပ်ထားတဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၉ ရက်နေ့အထိ အခြေခံမဲစာရင်းလာရောက်ကြည့်ရှု့သူ (၁၃၉၈၉၄)ဦးရှိပြီး၊ မဲစာရင်းမှာ မပါဝင်တဲ့အတွက် ပုံစံ (၃)နဲ့ တောင်းဆို လျှောက်ထားသူဦးရေ (၅၉၈၈)ဦး၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေတဲ့အတွက် ပုံစံ (၄)နဲ့ ကန့်ကွက်လွှာတင်သွင်းသူ (၁၆၂၂)ဦး၊ ကိုယ်ရေးအချက်အလက် မှန်ကန်မှုမရှိတဲ့အတွက် ပုံစံ ၄ (ဂ)နဲ့ ပြင်ဆင်လွှာဖြည့်စွက်သူ (၆၁၅၀) ဦး ရှိတယ်လို့ စစ်ကိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မိုးမြင့်က ပြောပါတယ်။

” စစ်ကိုင်းခရိုင်အတွင်းက စစ်ကိုင်းမြို့နယ်၊မြင်းမူမြို့နယ် နဲ့ မြောင်မြို့နယ်တွေမှာဆို အခြေခံမဲစာရင်း ကပ်ထားကြော်ငြာခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့က နေ သြဂုတ်လ ၁၄ ရက်နေ့အထိ ကပ်ထားကြော်ငြာပါမယ်။ကပ်ထားကြော်ငြာထားတဲ့ ကာလအတွင်းမှာ မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ အခြေခံမဲဆန္ဒရှင် ကပ်ထားခြင်းကို လာရောက်ကြည့်ရှု့ရန် အတွက်ကိုလည်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ညှိနှိုင်းပြီး အသံချဲ့စက်တွေ လမ်းမှာ ဆော်သြတာတွေ ဆောင်ရွက်ပါတယ် လက်ကမ်းစာစောက်တွေ ဖြန့်ဝေတာတွေ ဆောင်ရွက်ပါတယ်”လို့ ဦးဇော်မိုးမြင့်ကပြောပါတယ်။

ဒုတိယအကြိမ် အခြေခံမဲစာရင်း ကပ်ထားတာကို အောက်တိုဘာလအတွင်း ထပ်မံကြော်ငြာသွားမှာဖြစ်ပြီး အဲဒီ မဲစာရင်းကြော်ငြာတဲ့အခါမှာလည်း ပြင်ဆင်ဖြည့်စွက်တာတွေ ရှိလာနိုင်တဲ့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဆန္ဒမဲပေးရမယ့် ပြည်သူတွေအနေနဲ့ မဲစာရင်းတွေကို လာရောက်ကြည့်ရှု့ဖို့ နှိုးဆော်မှုတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲ့ဒီရွေးကောက်ပွဲမှာ စစ်ကိုင်းခရိုင်အတွင်း ဆန္ဒမဲ ပေးခွင့်ရှိတဲ့ဦးရေဟာ စစ်ကိုင်းမြို့နယ်မှာ မဲဆန္ဒရှင် ဦးရေ (၂၃၁၁၇၆ )ဦး၊မြင်းမူမြို့နယ်မှာ မဲဆန္ဒရှင် (၉၃၉၁၀)ဦး နဲ့ မြောင်မြို့နယ်မှာ မဲဆန္ဒရှင်ဦးရေ (၈၉၄၈၉ )ဦး၊ စုစုပေါင်း မဲဆန္ဒရှင် (၄၁၄၅၇၅)ဦးရှိပြီး ရွေးကောက်ပွဲမှာ မဲရုံအရေအတွက် (၃၀၅)ရုံ ထားရှိသွားဖို့ လျာထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Zawgyi

စစ္ကုိင္းခရုိင္အတြင္း အေျခခံမဲစာရင္းထဲမွာ ျပင္ဆင္၊ ကန္႕ကြက္၊ ျဖည့္စြက္ေပးဖို႔ ေလ်ွာက္ထားသူ တစ္ေသာင္းေက်ာ္ရွိ

စစ္ကုိင္း၊ ႀသဂုတ္ ၁၄-၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကုိင္းခရုိင္အတြင္းမွာ အေၿခခံမဲစာရင္းေႀကာ္ျငာကပ္ထားတဲ့ေန႔ကေန ႀသဂုတ္လ ၉ ရက္ေန႔အထိ မဲစာရင္းကို ျပင္ဆင္၊ကန္႕ကြက္၊ၿဖည့္စြက္ေပးဖို႔ ေလ်ွာက္ထားသူဦးေရဟာ တစ္ေသာင္းေက်ာ္ရွိတယ္လုိ႔ စစ္ကုိင္းခရုိင္ရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ က ေျပာပါတယ္။

စစ္ကုိင္းခရုိင္အတြင္းက စစ္ကုိင္းၿမဳိ႕နယ္၊ေၿမာင္ၿမဳိ႕နယ္ နဲ႔ ၿမင္းမူၿမဳိ႕နယ္တုိ႔မွာ မဲစာရင္းေတြကပ္ထားတဲ့ ဇူလုိင္လ ၂၅ ရက္ေန႔ကေန ႀသဂုတ္လ ၉ ရက္ေန႕အထိ အေျခခံမဲစာရင္းလာေရာက္ႀကည့္ရႈ႕သူ (၁၃၉၈၉၄)ဦးရွိၿပီး၊ မဲစာရင္းမွာ မပါဝင္တဲ့အတြက္ ပုံစံ (၃)နဲ႕ ေတာင္းဆုိ ေလွ်ာက္ထားသူဦးေရ (၅၉၈၈)ဦး၊ မဲစာရင္းမွာ မပါဝင္သင့္သူေတြ ပါဝင္ေနတဲ့အတြက္ ပုံစံ (၄)နဲ႕ ကန္႕ကြက္လႊာတင္သြင္းသူ (၁၆၂၂)ဦး၊ ကုိယ္ေရးအခ်က္အလက္ မွန္ကန္မႈမရွိတဲ့အတြက္ ပုံစံ ၄ (ဂ)နဲ႕ ၿပင္ဆင္လႊာၿဖည့္စြက္သူ (၆၁၅၀) ဦး ရွိတယ္လုိ႔ စစ္ကုိင္းခရုိင္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမွဴး ဦးေဇာ္မိုးျမင့္က ေၿပာပါတယ္။

” စစ္ကုိင္းခရုိင္အတြင္းက စစ္ကုိင္းၿမဳိ႕နယ္၊ၿမင္းမူၿမိဳ႕နယ္ နဲ႕ ေၿမာင္ျမုိ႕နယ္ေတြမွာဆုိ အေျခခံမဲစာရင္း ကပ္ထားေႀကာ္ျငာျခင္းကုိ ဇူလုိင္လ ၂၅ ရက္ေန႕က ေန ႀသဂုတ္လ ၁၄ ရက္ေန႔အထိ ကပ္ထားေႀကာ္ျငာပါမယ္။ကပ္ထားေႀကာ္ျငာထားတဲ့ ကာလအတြင္းမွာ မဲဆႏၵရွင္ျပည္သူေတြ အေနနဲ႕ အေျခခံမဲဆႏၵရွင္ ကပ္ထားျခင္းကုိ လာေရာက္ႀကည့္ရႈ႕ရန္ အတြက္ကုိလည္း သက္ဆုိင္ရာ အေထြေထြအုပ္ခ်ုပ္ေရးဦးစီးဌာနနဲ႕ ညွိႏႈိင္းျပီး အသံခ်ဲ႕စက္ေတြ လမ္းမွာ ေဆာ္ႀသတာေတြ ေဆာင္ရြက္ပါတယ္ လက္ကမ္းစာေစာက္ေတြ ျဖန္႔ေဝတာေတြ ေဆာင္ရြက္ပါတယ္”လို႔ ဦးေဇာ္မိုးျမင့္ကေျပာပါတယ္။

ဒုတိယအႀကိမ္ အေၿခခံမဲစာရင္း ကပ္ထားတာကို ေအာက္တုိဘာလအတြင္း ထပ္မံေႀကာ္ျငာသြားမွာျဖစ္ျပီး အဲဒီ မဲစာရင္းေႀကာ္ျငာတဲ့အခါမွာလည္း ၿပင္ဆင္ၿဖည့္စြက္တာေတြ ရွိလာႏုိင္တဲ့အတြက္ သက္ဆုိင္ရာအုပ္ခ်ုပ္ေရးအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းကာ ဆႏၵမဲေပးရမယ့္ ျပည္သူေတြအေနနဲဲ့ မဲစာရင္းေတြကို လာေရာက္ႀကည့္ရႈ႕ဖို႔ ႏႈိးေဆာ္မႈေတြ လုပ္ေနတယ္လိို႔လည္း ေျပာပါတယ္။

၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲကုိ လာမယ့္ ႏုိဝင္ဘာလ ၈ ရက္ေန႕မွာ က်င္းပသြားမွာၿဖစ္ၿပီး အဲ့ဒီေရြးေကာက္ပြဲမွာ စစ္ကုိင္းခရုိင္အတြင္း ဆႏၵမဲ ေပးခြင့္ရွိတဲ့ဦးေရဟာ စစ္ကုိင္းၿမဳိ႕နယ္မွာ မဲဆႏၵရွင္ ဦးေရ (၂၃၁၁၇၆ )ဦး၊ၿမင္းမူၿမဳိ႕နယ္မွာ မဲဆႏၵရွင္ (၉၃၉၁၀)ဦး နဲ႔ ေၿမာင္ၿမဳိ႕နယ္မွာ မဲဆႏၵရွင္ဦးေရ (၈၉၄၈၉ )ဦး၊ စုစုေပါင္း မဲဆႏၵရွင္ (၄၁၄၅၇၅)ဦးရွိၿပီး ေရြးေကာက္ပြဲမွာ မဲရုံအေရအတြက္ (၃၀၅)ရုံ ထားရွိသြားဖို႔ လ်ာထားတယ္လို႕ သိရပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW