ဘင်္ဂါလီတွေ ရွေးကောက်ပွဲဝင်နိုင်ရေး မြန်မာအစိုးရကို တိုက်တွန်း

ဘင်္ဂါလီတွေ ရွေးကောက်ပွဲဝင်နိုင်ရေး မြန်မာအစိုးရကို တိုက်တွန်း

ဝါရှင်တန်၊ သြဂုတ်-၁၄-၂၀၂၀
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာကျင်းပမယ့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေရွေးကောက်ပွဲဝင်နိုင်ဖို့အတွက် နိုင်ငံသားစိစစ်ရေးကဒ် လုပ်ငန်းစဉ်တွေကို ဖျက်သိမ်းဖို့နဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ပေးဖို့ မြန်မာအစိုးရကို Fortify Rights အဖွဲ့က သြဂုတ် ၁၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းဆန်တာဟာ လူမျိုးတုန်းသတ်ဖြတ်မှုအမှောင်ခြမ်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကနေ အရေးယူမှုတွေ ချက်ချင်းလုပ်ဆောင်သင့်တယ်လို့ Fortify Rights အဖွဲ့ပူးတွဲတည်ထောင်သူ မက်သရူးစမစ်ကပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းတွေအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဘင်္ဂါလီတွေဦးဆောင်တဲ့ ပါတီတွေရဲ့ အခွင့်အရေးတွေကို မြန်မာအစိုးရအနေနဲ့အာမခံပေးသင့်တယ်လို့ Fortify Rightsအဖွဲ့က တိုက်တွန်းထားပါတယ်။

စစ်တွေရွေးကောက်ပွဲကော်မရှင်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီမှ ပါတီဝင်တစ်ဦးဖြစ်သူ ဘင်္ဂါလီလူမျိုး အဗ္ဗဒူရာရှစ်ရဲ့ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားမှုကို ပယ်ချလိုက်ပြီးနောက် Fortify Rightsအဖွဲ့က ဘင်္ဂါလီတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲဝင်ဖို့ ဘင်္ဂါလီကိုယ်စားလှယ်လောင်း တစ်ဒါဇင်ကျော်လောက် ရွေးကောက်ပွဲပွဲကော်မရှင်ထံ အမည်စာရင်းတင်သွင်းထားတယ်လို့ Fortify Rightsအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Ref : Newage
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

ဘဂၤါလီေတြ ေရြးေကာက္ပြဲ၀င္နိုုင္ေရး ျမန္မာအစိုးရကို တိုက္တြန္း

၀ါရွင္တန္၊ ၾသဂုတ္-၁၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ျမန္မာနိုင္ငံမွာက်င္းပမယ္႔ ၂၀၂၀ ခုနွစ္ေရြးေကာက္ပြဲမွာ ဘဂၤါလီေတြေရြးေကာက္ပြဲ၀င္နုိင္ဖို႔အတြက္ နိုင္ငံသားစိစစ္ေရးကဒ္ လုပ္ငန္းစဥ္ေတြကို ဖ်က္သိမ္းဖို႔နဲ႔ ၁၉၈၂ ခုနွစ္ နို္င္ငံသားဥပေဒကို ျပင္ဆင္ေပးဖို႔ ျမန္မာအစိုးရကို Fortify Rights အဖြဲ႔က ၾသဂုတ္ ၁၃ ရက္မွာ တိုက္တြန္းလိုက္ပါတယ္။

ဘဂၤါလီေတြရဲ႕ နိုင္ငံသားျဖစ္ခြင္႔ကို ျငင္းဆန္တာဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈအေမွာင္ျခမ္းရဲ႕ အဓိကအေၾကာင္းအရင္းျဖစ္ျပီး နိုင္ငံတကာအသိုင္းအ၀ိုင္းကေန အေရးယူမႈေတြ ခ်က္ခ်င္းလုပ္ေဆာင္သင့္တယ္လို႔ Fortify Rights အဖြဲ႔ပူးတြဲတည္ေထာင္သူ မက္သရူးစမစ္ကေျပာပါတယ္။

လာမယ္ ႔ေရြးေကာက္ပြဲမွာ ဘဂၤါလီေတြအေနနဲ႔ ကိုယ္စားလွယ္ေလာင္းေတြအျဖစ္ ပါ၀င္ယွဥ္ျပိဳင္နုိင္ဖို႔ ဘဂၤါလီေတြဦးေဆာင္တဲ႔ ပါတီေတြရဲ႕ အခြင္႔အေရးေတြကို ျမန္မာအစိုးရအေနနဲ႔အာမခံေပးသင္႔တယ္လို႔ Fortify Rightsအဖြဲ႔က တိုက္တြန္းထားပါတယ္။

စစ္ေတြေရြးေကာက္ပြဲေကာ္မရွင္ဟာ ဒီမိုကေရစီနဲ႔ လူ႔အခြင္႔အေရးပါတီမွ ပါတီ၀င္တစ္ဦးျဖစ္သူ ဘဂၤါလီလူမ်ိဳး အဗၺဒူရာရွစ္ရဲ႕ကိုယ္စားလွယ္ေလာင္းအျဖစ္ ေလွ်ာက္ထားမႈကို ပယ္ခ်လိုက္ျပီးေနာက္ Fortify Rightsအဖြဲ႔က ဘဂၤါလီေတြရဲ႕အခြင္႔အေရးနဲ႔ပတ္သက္ျပီး ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

လက္ရိွအခ်ိန္မွာေတာ႔ ေရြးေကာက္ပြဲ၀င္ဖို႔ ဘဂၤါလီကိုယ္စားလွယ္ေလာင္း တစ္ဒါဇင္ေက်ာ္ေလာက္ ေရြးေကာက္ပြဲပြဲေကာ္မရွင္ထံ အမည္စာရင္းတင္သြင္းထားတယ္လို႔ Fortify Rightsအဖြဲ႔က ထုတ္ျပန္ထားတာျဖစ္ပါတယ္။

Ref : Newage
Photo:AFP
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW