အစားအစာမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ သက်သေအထောက်အထားမရှိ

အစားအစာမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ သက်သေအထောက်အထားမရှိ

ဂျီနီဗာ၊ သြဂုတ်-၁၄-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ်ဟာ အစားအစာထုတ်လုပ်ခြင်းနဲ့ဖြန့်ဖြူးခြင်းတွေကတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တဲ့ သက်သေအထောက်အထားမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘရာဇီးနိုင်ငံကနေတင်သွင်းတဲ့ အေးခဲကြက်သားတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတယ်လို့ တရုတ်နိုင်ငံက ကြေညာပြီးနောက် သြဂုတ် ၁၃ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတွေက အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို သိရှိရကြောင်း၊ ဒါပေမယ့် ထောင်ပေါင်းများစွာသော အေးခဲကြက်သားနမူနာတွေကို စစ်ဆေးရာမှာ မဖြစ်စလောက်ပမာဏမှာသာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်ရေး နည်းပညာဆိုင်ရာအကြီးအကဲ မာရီယာဗန်ကာဟွတ်က ပြောပါတယ်။

ဗိုင်းရပ်စ်ဟာ အသားတွေမှာရှိနေတယ်ဆိုရင်တောင် သင့်တော်တဲ့အပူချိန်နဲ့ ချက်ပြုတ်လိုက်မယ်ဆိုရင် သေသွားမှာဖြစ်တယ်လို့ မာရီယာက ပြောပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ဒီဖြစ်စဉ်တွေအပေါ်မှာ ဆက်လက်လေ့လာသွားမှာဖြစ်ပြီး အစာကွင်းဆက်ကတဆင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့တဲ့ သက်သေအထောက်အထားမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အစီအစဉ်အကြီးအကဲ မိုက်ကယ်ရိုင်ယန်ကလည်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

Ref : NHK
Photo: CDC
#voiceofmyanmar #VOM #ဂျီနီဗာ

Zawgyi

အစားအစာမွတစ္ဆင္႔ ကိုရိုနာဗုိင္းရပ္စ္ကူးစက္တဲ႔ သက္ေသအေထာက္အထားမရိွ

ဂ်ီနီဗာ၊ ၾသဂုတ္-၁၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုရိုနာဗိုင္းရပ္စ္ဟာ အစားအစာထုတ္လုပ္ျခငး္နဲ႔ျဖန္႔ျဖဴးျခင္းေတြကတစ္ဆင္႔ ကူးစက္ပ်ံ႕နွံ႕နိုင္တဲ႔ သက္ေသအေထာက္အထားမရိွဘူးလို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဘရာဇီးနိုင္ငံကေနတင္သြင္းတဲ႔ ေအးခဲၾကက္သားေတြမွာ ကိုရိုနာဗိုင္းရပ္စ္ေတြ႔ရိွတယ္လို႔ တရုတ္နုိင္ငံက ေၾကညာျပီးေနာက္ ၾသဂုတ္ ၁၃ ရက္မွာ ျပဳလုပ္တဲ႔ သတင္းစာရွင္းလင္းပြဲမွာ ကမၻာ႔က်န္းမာေရးအဖြဲ႔ တာ၀န္ရိွသူေတြက အခုလိုထုတ္ေဖာ္ေျပာဆိုလုိက္တာျဖစ္ပါတယ္။

တရုတ္နိုင္ငံမွာ ျဖစ္ပြားခဲ႔တဲ႔ ျဖစ္စဥ္ေတြကို သိရိွရေၾကာင္း၊ ဒါေပမယ္႔ ေထာင္ေပါင္းမ်ားစြာေသာ ေအးခဲၾကက္သားနမူနာေတြကို စစ္ေဆးရာမွာ မျဖစ္စေလာက္ပမာဏမွာသာ ဗိုင္းရပ္စ္ေတြ႔ရိွခဲ႔ရတယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ ၊ ကိုရိုနာဗိုင္းရပ္စ္တံု႕ျပန္ေရး နည္းပညာဆိုင္ရာအၾကီးအကဲ မာရီယာဗန္ကာဟြတ္က ေျပာပါတယ္။

ဗိုင္းရပ္စ္ဟာ အသားေတြမွာရိွေနတယ္ဆိုရင္ေတာင္ သင္႔ေတာ္တဲ႔အပူခ်ိန္နဲ႔ ခ်က္ျပဳတ္လိုက္မယ္ဆိုရင္ ေသသြားမွာျဖစ္တယ္လို႔ မာရီယာက ေျပာပါတယ္။

တာ၀န္ရိွသူေတြအေနနဲ႔ ဒီျဖစ္စဥ္ေတြအေပၚမွာ ဆက္လက္ေလ႔လာသြားမွာျဖစ္ျပီး အစာကြင္းဆက္ကတဆင္႔ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕နွံ႕တဲ႔ သက္ေသအေထာက္အထားမရိွဘူးလို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ အေရးေပၚအစီအစဥ္အၾကီးအကဲ မိုက္ကယ္ရိုင္ယန္ကလည္း ေျပာဆိုလိုက္တာျဖစ္ပါတယ္။

Ref : NHK
Photo: CDC
#voiceofmyanmar #VOM #ဂ်ီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW