မင်းပြားမြို့နယ်မှာ လက်နက်ကြီးကျပြီး ဒေသခံ ၃ ဦးဒဏ်ရာရ

မင်းပြားမြို့နယ်မှာ လက်နက်ကြီးကျပြီး ဒေသခံ ၃ ဦးဒဏ်ရာရ

မင်းပြား၊ သြဂုတ် ၁၅- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် မှာ ဒီကနေ့ မနက် ၆ နာရီလောက်က ကျေးရွာတွင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး စိတ္တရကျေးရွာက ကျောင်းသားတစ်ဦးအပါအဝင် (၃)ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲသူတွေကတော့ စိတ္တရကျေးရွာက (၇) တန်းကျောင်းသား မောင်ငလုံးချေ (ခ) မောင်မြင့်စိုး အသက် (၁၂) နှစ်အရွယ်မှာ ညာဖက်တင်ပါးလက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ၊ ကိုအေးမြတ်နိုင် ကျောင်းဆရာဖြစ်သူ အသက် (၂၂) နှစ်မှာ ယာနားရွက် ကျည်စထိ မှန်ဒဏ်ရာနဲ့ ဦးမောင်တင်လှ အသက် (၆၀) ကျော်အရွယ်မှာ ဝဲဖက်နားရွက် ကျည်စထိမှန် ဒဏ်ရာတွေ ရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်း ၄ နာရီကျော်လောက်က စိတ္တရကျေးရွာအရှေ့ဖက် မင်းဘူးတောင်တန်းကနေ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကြားရကြောင်းနဲ့ ခဏအကြာမှာ ကျေးရွာအနီးအနားကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလာရာကနေ ကျေးရွာအတွင်းကို လက်နက်ကျည်တစ်လုံး ထပ်မံကျရောက်လာတာကြောင့် အခုလို ဒေသခံ သုံးဦးဒဏ်ရာရရှိကြတာဖြစ်တယ်လို့ စိတ္တရကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

မင်းပြားမြို့နယ် စိတ္တရကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးပြောတာက” ဒေသခံ ၃ ယောက်ဒဏ်ရာရပါတယ်။ ဒဏ်ရာရတာက (၁၂) နှစ် အရွယ် (၇) တန်းကျောင်းသား တစ်ယောက်၊ အသက် (၆၀) ကျော်တစ်ယောက်နဲ့ အသက် (၂၂) တစ်ယောက် အားလုံး (၃) ယောက် ဖြစ်ပါတယ်။ ဒီနေ့ ခန့်မှန်း (၄) နာရီကျော်လောက်မှာ ကျနော်တို့ရွာရဲ့ အရှေ့ဖက် မင်းဘူးတောင်တန်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံ တွေကြားတယ်။ ခဏနေတော့ ရွာအနီးပတ်ဝန်းကျင်တွေကို (၆) လုံးလောက်လာကျတယ်။ ပြီးတော့ ရွာထဲ မှာတစ်လုံးကျတယ်။ အဲ့ဒီမှာ ဒဏ်ရာရကြတာ။ သူတို့က အိမ်နီးချင်းတွေပါ။” လို့ ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို လမ်းခရီးအခြေအနေတွေကြောင့် ဆေးရုံမပို့ရသေးဘဲ ကျေးရွာတွင်းမှာ ရှိနေကြောင်းနဲ့ လက်ရှိအချိန်အထိ ပစ်ခတ်သံတွေကြားနေရတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကိုဆက်သွယ်မေးမြန်းရာမှာတော့” စိတ္တရာရွာကို လက်နက်ကြီးကျတယ်လို့ ပြောတယ်။ အဲမှာ ကျောင်းသားတစ်ယောက်၊ ကျောင်းဆရာတစ်ယောက်နဲ့ အခြားတစ်ယောက် အားလုံး (၃) ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ပစ်တာကတော့ မင်းဘူးတောင်ဖက်က ပစ်တာလို့ ပြောတယ်။ လက်နက်ကြီးက ဘယ်လိုအမျိုးအစားလဲဆိုတာ မသိဘူး။ သူတို့ပြောတာက ကျိန်းတောင်က ပစ်တာမဟုတ်ဘူး။ မင်းဘူးတောင်ဖက်က လာတာလို့ ပြောတယ်။” လို့ ပြောပါတယ်။

စိတ္တရကျေးရွာဟာ မင်းပြားမြို့နဲ့ ၁၀ မိုင်ခန့်ဝေးကြောင်းနဲ့ အိမ်ခြေ ၁၈၀ ကျော်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အခုလို စိတ္တရကျေးရွာအရှေ့ဘက် မင်းဘူးတောင်တန်းမှာ ပစ်ခတ်မှုတွေဖြစ်တာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အေအေဖက်ကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခအတွင်း အရပ်သားထိခိုက်မှု ပိုများလာနေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မင်းပြား

Zawgyi

မင္းျပားၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ၿပီး ေဒသခံ ၃ ဦးဒဏ္ရာရ

မင္းျပား၊ ၾသဂုတ္ ၁၅- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း၊ ေျမာက္ဦးခ႐ိုင္၊ မင္းျပားၿမိဳ႕နယ္ မွာ ဒီကေန႔ မနက္ ၆ နာရီေလာက္က ေက်း႐ြာတြင္းကို လက္နက္ႀကီးက်ေရာက္ေပါက္ကြဲၿပီး စိတၱရေက်း႐ြာက ေက်ာင္းသားတစ္ဦးအပါအဝင္ (၃)ဦး ဒဏ္ရာရရွိသြားတယ္လို႔ သိရပါတယ္။

ဒဏ္ရာရတဲသူေတြကေတာ့ စိတၱရေက်း႐ြာက (၇) တန္းေက်ာင္းသား ေမာင္ငလုံးေခ် (ခ) ေမာင္ျမင့္စိုး အသက္ (၁၂) ႏွစ္အ႐ြယ္မွာ ညာဖက္တင္ပါးလက္နက္ႀကီးက်ည္စ ထိမွန္ဒဏ္ရာ၊ ကိုေအးျမတ္ႏိုင္ ေက်ာင္းဆရာျဖစ္သူ အသက္ (၂၂) ႏွစ္မွာ ယာနား႐ြက္ က်ည္စထိ မွန္ဒဏ္ရာနဲ႔ ဦးေမာင္တင္လွ အသက္ (၆၀) ေက်ာ္အ႐ြယ္မွာ ဝဲဖက္နား႐ြက္ က်ည္စထိမွန္ ဒဏ္ရာေတြ ရရွိသြားတာျဖစ္တယ္လို႔ သိရပါတယ္။

ဒီကေန႔ မနက္အေစာပိုင္း ၄ နာရီေက်ာ္ေလာက္က စိတၱရေက်း႐ြာအေရွ႕ဖက္ မင္းဘူးေတာင္တန္းကေန လက္နက္ႀကီး၊ လက္နက္ငယ္ ပစ္ခတ္သံေတြၾကားရေၾကာင္းနဲ႔ ခဏအၾကာမွာ ေက်း႐ြာအနီးအနားကို လက္နက္ႀကီးက်ည္ေတြ က်ေရာက္ေပါက္ကြဲလာရာကေန ေက်း႐ြာအတြင္းကို လက္နက္က်ည္တစ္လုံး ထပ္မံက်ေရာက္လာတာေၾကာင့္ အခုလို ေဒသခံ သုံးဦးဒဏ္ရာရရွိၾကတာျဖစ္တယ္လို႔ စိတၱရေက်းရြာ ေဒသခံတစ္ဦးက ေျပာပါတယ္။

မင္းျပားၿမိဳ႕နယ္ စိတၱရေက်း႐ြာက အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးေျပာတာက” ေဒသခံ ၃ ေယာက္ဒဏ္ရာရပါတယ္။ ဒဏ္ရာရတာက (၁၂) ႏွစ္ အ႐ြယ္ (၇) တန္းေက်ာင္းသား တစ္ေယာက္၊ အသက္ (၆၀) ေက်ာ္တစ္ေယာက္နဲ႔ အသက္ (၂၂) တစ္ေယာက္ အားလုံး (၃) ေယာက္ ျဖစ္ပါတယ္။ ဒီေန႔ ခန႔္မွန္း (၄) နာရီေက်ာ္ေလာက္မွာ က်ေနာ္တို႔႐ြာရဲ႕ အေရွ႕ဖက္ မင္းဘူးေတာင္တန္းမွာ လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္သံ ေတြၾကားတယ္။ ခဏေနေတာ့ ႐ြာအနီးပတ္ဝန္းက်င္ေတြကို (၆) လုံးေလာက္လာက်တယ္။ ၿပီးေတာ့ ႐ြာထဲ မွာတစ္လုံးက်တယ္။ အဲ့ဒီမွာ ဒဏ္ရာရၾကတာ။ သူတို႔က အိမ္နီးခ်င္းေတြပါ။” လို႔ ေျပာပါတယ္။

လက္ရွိမွာ ဒဏ္ရာရရွိသူေတြကို လမ္းခရီးအေျခအေနေတြေၾကာင့္ ေဆး႐ုံမပို႔ရေသးဘဲ ေက်း႐ြာတြင္းမွာ ရွိေနေၾကာင္းနဲ႔ လက္ရွိအခ်ိန္အထိ ပစ္ခတ္သံေတြၾကားေနရတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကတယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္ကိုဆက္သြယ္ေမးျမန္းရာမွာေတာ့” စိတၱရာ႐ြာကို လက္နက္ႀကီးက်တယ္လို႔ ေျပာတယ္။ အဲမွာ ေက်ာင္းသားတစ္ေယာက္၊ ေက်ာင္းဆရာတစ္ေယာက္နဲ႔ အျခားတစ္ေယာက္ အားလုံး (၃) ေယာက္ ဒဏ္ရာရတယ္လို႔ ေျပာတယ္။ ပစ္တာကေတာ့ မင္းဘူးေတာင္ဖက္က ပစ္တာလို႔ ေျပာတယ္။ လက္နက္ႀကီးက ဘယ္လိုအမ်ိဳးအစားလဲဆိုတာ မသိဘူး။ သူတို႔ေျပာတာက က်ိန္းေတာင္က ပစ္တာမဟုတ္ဘူး။ မင္းဘူးေတာင္ဖက္က လာတာလို႔ ေျပာတယ္။” လို႔ ေျပာပါတယ္။

စိတၱရေက်း႐ြာဟာ မင္းျပားၿမိဳ႕နဲ႔ ၁၀ မိုင္ခန႔္ေဝးေၾကာင္းနဲ႔ အိမ္ေျခ ၁၈၀ ေက်ာ္ရွိတဲ့ ေက်း႐ြာတစ္ခုျဖစ္တယ္လို႔ သိရပါတယ္။

အခုလို စိတၱရေက်း႐ြာအေရွ႕ဘက္ မင္းဘူးေတာင္တန္းမွာ ပစ္ခတ္မႈေတြျဖစ္တာနဲ႔ ပတ္သက္ၿပီး တပ္မေတာ္နဲ႔ ေအေအဖက္ကို ဆက္သြယ္ဖို႔ ႀကိဳးစားေနပါတယ္။

ရခိုင္ျပည္နယ္အတြင္း လက္ရွိျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးပဋိပကၡအတြင္း အရပ္သားထိခိုက္မႈ ပိုမ်ားလာေနတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မင္းျပား

Related posts

Leave a Comment

VOM News

FREE
VIEW