ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားလိုင်းကို တစ်ဖက်ရွာက ဓာတ်အားချိတ်ဆွဲတဲ့ကိစ္စကြောင့် ရွာလုံးကျွတ်ကန့်ကွက်ဆန္ဒပြ

ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားလိုင်းကို တစ်ဖက်ရွာက ဓာတ်အားချိတ်ဆွဲတဲ့ကိစ္စကြောင့် ရွာလုံးကျွတ်ကန့်ကွက်ဆန္ဒပြ မြောင်၊ သြဂုတ် – ၁၅ – ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ငါးမြောင်တောင်ကျေးရွာက ကိုယ်ထူကိုယ်ထ စိုက်ထူထားတဲ့ ဓာတ်အားလိုင်းပေါ်ကနေ ချောင်းဦးမြို့နယ်၊ မန်ကျည်းတန်းကျေးရွာက ဓာတ်အားလိုင်း ဖြတ်ဖောက်ဆွဲတာကို ငါးမြောင်ကျေးရွာခံတွေက ကျေနပ်မှုမရှိတာကြောင့် ရွာလုံးကျွတ်ထွက်ပြီး ဒီမနက် ၁၁ နာရီက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ ငါးမြောင်ကျေးရွာ မီးလိုင်းဖြစ်မြောက်ရေး နာယကဆရာတော် ဥူးသောဘဏ က” ငါးမြောင်တောင်ကျေးရွာက မီးလိုင်းဟာ နိုင်ငံ တော်အထောက်အပံ့မပါပဲ ကိုယ်ထူကိုယ်ထ လုပ်ခဲ့တယ် လာရောက်ညှိနှိုင်းတာမရှိပဲ မန်းကျည်းတန်းရွာ မီးလင်းရေး NEP က သူ့သဘောနဲ့သူ ဥူးဇင်းတို့ မီးလိုင်းပေါ်က ဖောက်ဆွဲဖို့လုပ်တယ် ဒါကို ဥူးဇင်းတို့ဘက်က လက်မခံတော့ ရွာကို မီးဖြတ်ထားတယ် မီးပျက်တာ ၇ ရက်ရှိသွားပြီ ရွာမှာရေခက်ခဲတော့ အင်ဂျင်စက်တွေ…

Read More

အမုန်းစကားနဲ့ လူမှုသဟဇာတ

အမုန်းစကားနဲ့ လူမှုသဟဇာတ မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ အတူချစ်ကြည်ရင်းနီးစွာ နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ တံခါးဖွင့်ဝါဒ ကျင့်သုံးလာတဲ့အချိန် ပွင့်လင်းလာတဲ့ လူ့အသိုင်းအဝိုင်းမှာ အကောင်းနဲ့ အဆိုးဟာ ယှဉ်တွဲပါလာပါတယ်။ ဖုန်းတစ်လုံးရှိရင် ကမ္ဘာကြီးအကြောင်းကို သိနိုင်လာသလို အွန်လိုင်းပေါ်က အမုန်းစကားတခွန်းကြောင့် အစုလိုက်အပြုံလိုက် သေကြေပျက်စီးတာတွေ ဖြစ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ အမုန်းစကားမီးစ တစ်စကြောင့် တောက်လောင်ခဲ့တဲ့မီးတွေ အဆုံးသတ်အပြီးတိုင်ငြိမ်းစေဖို့ ဘယ်လိုအဖြေရှာကြမလဲဆိုပြီး ဘာသာကြီး ၃ ခုက လမ်းမှန်ညွန်ပြနေတဲ့ ဆရာတော်တွေနဲ့ ဗီအိုအမ်ကနေ ကမကထပြုပြီး စကားဝိုင်းတခုကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ အဲဒီစကားဝိုင်းမှာ မန္တလေးက ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသဘိဝံသ၊ ခရစ်ယာန် သိက္ခာတော်ရ ဆရာဦးဇော်ဝင်းအောင်၊ အစ္စလာမ်ဘာသာရေး ဂရာနာမိသားစုဂိုဏ်းချုပ်ဆရာတော် ခလီဖွာဦးသိန်းဝင်းအောင်တို့ ဆွေးနွေးပြီး အဖြေရှာခဲ့ကြပါတယ်။ ခရစ်ယာန် သိက္ခာတော်ရ ဆရာဦးဇော်ဝင်းအောင်က “ အွန်လိုင်းဟာ အများအကျိုးအတွက်၊ လူထုအကျိုးအတွက်၊ နိုင်ငံအကျိုးအတွက်၊ ကောင်းကောင်းလေး…

Read More

ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ (ALP) တွဲဖက် အတွင်းရေးမှူး(၁) အပါအဝင် (၅) ဦးပျောက်ဆုံးနေ

ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ (ALP) တွဲဖက် အတွင်းရေးမှူး(၁) အပါအဝင် (၅) ဦးပျောက်ဆုံးနေ စစ်တွေ၊ ဩဂုတ် ၁၄- ၂၀၂၀ ထက်အောင်စိုင်း(VOM) ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ/တပ်မတော် (ALP/ALA)တပ်ဖွဲ့က တွဲဖက်အတွင်းရေးမှူး(၁) အပါအဝင် အဖွဲ့ဝင်(၅) ဦးဟာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ပျောက်ဆုံးနေသူတွေဟာ ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံးဝန်ထမ်း ခိုင်ဌေး၊ ဆေးဘက်ဆိုင်ရာ ရခိုင်လူထုကျန်းမာရေးလုပ်သားအဖွဲ့ (RCHWA) က ဆေးဝန်ထမ်းတွေဖြစ်တဲ့ ခိုင်မျိုးဇံ၊ ခိုင်မိုးဇက်နဲ့ ခိုင်ဟိန်းဇော်တို့ ဖြစ်တယ်လို့ ALP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ALP ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီလောက်က သူတို့ထဲက သုံးဦးကို ပုဏ္ဏားကျွန်းမြို့နယ်၊ မြောင်ကြီးကျေးရွာအနီးမှာ အေအေတပ်ဖွဲ့ ဝင်တွေက…

Read More

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မဲစာရင်းပြင်ဆင်ဖို့တောင်းဆိုသူ ၈သောင်းကျော်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မဲစာရင်းပြင်ဆင်ဖို့တောင်းဆိုသူ ၈သောင်းကျော်ရှိ မန္တလေး၊ ဩဂုတ် ၁၅-၂၀၂၀ မှူးသခင်(VOM) မန္တလေးတိုင်းအတွင်းမှာ မဲပေးခွင့်ရှိသူပေါင်း ၄၆သိန်းနီးပါးရှိပြီး အခြေခံမဲစာရင်းကြော်ငြာကပ်ထားတဲ့နေ့ကနေ သြဂုတ်လ ၁၂ ရက်နေ့အထိ မဲစာရင်းကို ပြင်ဆင်၊ကန့်ကွက်၊ဖြည့်စွက်ပေးဖို့ လျှောက်ထားသူဦးရေဟာ ၁သိန်း၇သောင်းကျော်ရှိနေတယ်လို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်၊၊ “မိမိအမည်စာရင်မပါလို့ ပုံစံ ၃ နဲ့ လာ‌ရောက်ပြင်ဆင်ကန့်ကွက်တာက ၉သောင်းကျော်၊ မပါဝင်သင့်သူတွေ ပါဝင်နေတဲ့သူတွေအတွက် ပုံစံ ၄နဲ့က ၂သောင်းကျော်၊ မဲစာရင်းအချက်အလက်မမှန်ကန်လို့ ပုံစံ ၄ (ဂ) နဲ့ ၅သောင်းကျော် ရှိတယ်”လို့ ဦးရှိန်ဝင်းကပြောပါတယ်၊၊ ဒုတိယအကြိမ် အခြေခံမဲစာရင်းကပ်ထားတာကို အောက်တိုဘာလအတွင်း ထပ်မံကြော်ငြာသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မဲဆွယ်စည်းရုံးစဉ်ကာလ ရက်ပေါင်း၆၀အတွင်းမှာ No Vote လုပ်မယ်ဆိုရင်တော အ့ရေး ယူသွားမှာဖြစ်ပြီး အခုလောလောဆယ်မှာတော့ အရေးယူဖို့ မရှိသေးဘူးလို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်၊၊ ပြီးခဲ့တဲ့ ၂၀၁၅ရွးကောက်ပွဲမှာ…

Read More

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE)အဖွဲ့ကို ရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်လေ့လာဖို့ ကန့်သတ်ပိတ်ပင်

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE)အဖွဲ့ကို ရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်လေ့လာဖို့ ကန့်သတ်ပိတ်ပင် မန္တလေး၊ သြဂုတ် ၁၅-၂၀၂၀ ဟိန်းကို(VOM) လာမယ့် ၂၀၂၀ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမယ့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE)အဖွဲ့ကို ရွေးကောက်ပွဲကော်မရှင် UECကနေ စောင့်ကြည့်လေ့လာခွင့်ပိတ်ပင်တဲ့အပေါ် ပြန်လည်သုံးသပ်ပေးဖို့အတွက် အရပ်ဖက်အဖွဲ့အစည်း ၄၅၄ဖွဲ့က သြဂုတ်လ ၁၃ရက်နေ့မှာပဲ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ “ဒီလုပ်ရပ်လုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ စောင့်ကြည့်မှုမလုပ်နိုင်တဲ့ ရွေးကောက်ပွဲလုပ်တဲ့ နေရာဒေသတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပဋိပက္ခတွေအကြမ်းဖက်မှုတွေကို ဘယ်သူကတာဝန်ခံမှာလဲ၊ သူကကြားခံ တတိယအင်းအားစုကနေ ကိုယ်စားပြုပြီးတော့ ဒါကိုမှတ်တမ်းတင်မလဲဆိုတဲ့ မေးခွန်းမေးရမယ့်အပိုင်းတွေ အများကြီးရှိသွားပြီ၊ ရွေးကောက်ပွဲရလဒ်ကိုပါ သက်ရောက်နိုင်တယ်လို့ ထင်ပါတယ်”လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါဝင်ခဲ့တဲ့ Action Committee For Democracy Development(ACDD) ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ ရဲ့ စည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။ (PACE)အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုပ်နေတဲ့ အကြီးဆုံးကွန်ယက်တစ်ခုလို့လည်း ပြောလို့ရပြီး…

Read More

အလုပ်သမား ၉၇ဦးကို ရုံးချိန်းပျက်ကွက်တဲ့အတွက် တရားရုံးကနေ ဒဏ်ငွေသိန်းငါးဆယ်ပေးဆောင်ရမှာလို့ပြောတဲ့အပေါ် အလုပ်သမားတွေမကျေနပ်

အလုပ်သမား ၉၇ဦးကို ရုံးချိန်းပျက်ကွက်တဲ့အတွက် တရားရုံးကနေ ဒဏ်ငွေသိန်းငါးဆယ်ပေးဆောင်ရမှာလို့ပြောတဲ့အပေါ် အလုပ်သမားတွေမကျေနပ် ရန်ကုန်၊သြဂုတ် ၁၅၊၂၀၂၀ အေးချမ်းသူ(VOM) အလုပ်သမားဆက်ဆံရေးဦးစီးဌာနက ဦးစီးမှူးကိုယ်တိုင် တရားလိုပြု လုပ် တရားစွဲဆိုထားတဲ့ Gust Myanmarစက်ရုံအမှုမှာ ရုံးချိန်းကိုလာရောက်ဖို့ပျက်ကွက်ခဲ့တဲ့ အလုပ်သမားတွေကို ဒဏ်ငွေ သိန်းငါးဆယ်ပေးဆောင်ရမယ်လို့ ပြောတဲ့အပေါ်ကို ကျေနပ်မှုမရှိဘူးးလို့ အလုပ်သမားတွေကပြောပါတယ်။ လှိုင်သာယာမြို့နယ်တရားရုံးမှာ မေလ ၁၃ရက်နေ့ကစတင်ကာ ရွှေသံလွင်စက်မှုဇုန်ရှိ GustMyanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၉၇ဦးကို အလုပ်သမားဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးကိုယ်တိုင်က အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၄၆(ဃ)နဲ့ တရားစွဲ့ခဲ့တဲ့ အမှုဖြစ်ပါတယ်။ တရားစွဲဆိုခံထားရတဲ့ အလုပ်သမား၉၇ဦးဟာ ပထမရုံးချိန်းတွင်သာ လူစုံခဲ့ပေမယ့် နောက်ရုံးချိန်းတွေမှာတော့ လာရောက်ခြင်းမရှိတဲ့အတွက် စတုတ္တရုံးချိန်း ပျက်ကွက်သူ အလုပ်သမား ၇၁ဦးကိုဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၄ရက်နေ့မှာလည်း ထပ်မံပျက်ကွက်ခဲ့တာကြောင့် ဒဏ်ငွေသိန်းငါး ဆယ်ပေးဆောင်ရမှာဖြစ်ကြောင်း တရားရုံးကပြောခဲ့တယ်လို့ တရားစွဲဆိုခံရသူအလုပ်သမားခေါင်းဆောင်မအေးသူဇာက ပြောပါတယ်။ “အခုတရားစွဲဆိုတဲ့ကိစွမှာ မတရားဘူးလို့ထင်တယ်၊ ကျွန်မကတော့ တရားစွဲခံရတဲ့အလုပ်သမားတွေလည်း…

Read More

မင်းပြားမြို့နယ်မှာ လက်နက်ကြီးကျပြီး ဒေသခံ ၃ ဦးဒဏ်ရာရ

မင်းပြားမြို့နယ်မှာ လက်နက်ကြီးကျပြီး ဒေသခံ ၃ ဦးဒဏ်ရာရ မင်းပြား၊ သြဂုတ် ၁၅- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် မှာ ဒီကနေ့ မနက် ၆ နာရီလောက်က ကျေးရွာတွင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး စိတ္တရကျေးရွာက ကျောင်းသားတစ်ဦးအပါအဝင် (၃)ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲသူတွေကတော့ စိတ္တရကျေးရွာက (၇) တန်းကျောင်းသား မောင်ငလုံးချေ (ခ) မောင်မြင့်စိုး အသက် (၁၂) နှစ်အရွယ်မှာ ညာဖက်တင်ပါးလက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ၊ ကိုအေးမြတ်နိုင် ကျောင်းဆရာဖြစ်သူ အသက် (၂၂) နှစ်မှာ ယာနားရွက် ကျည်စထိ မှန်ဒဏ်ရာနဲ့ ဦးမောင်တင်လှ အသက် (၆၀) ကျော်အရွယ်မှာ ဝဲဖက်နားရွက် ကျည်စထိမှန် ဒဏ်ရာတွေ ရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်အစောပိုင်း ၄ နာရီကျော်လောက်က…

Read More

အစိုးရနှင့်တပ်မတော်က AAနဲ့ မဆွေးနွေးတော့ဘူးလို့ ထုတ်ပြန်ကြေညာခြင်းမရှိ

အစိုးရနှင့်တပ်မတော်က AAနဲ့ မဆွေးနွေးတော့ဘူးလို့ ထုတ်ပြန်ကြေညာခြင်းမရှိ ရန်ကုန်၊သြဂုတ် ၁၅-၂၀၂၀ အေးချမ်းသူ(VOM) အစိုးရနဲ့တပ်မတော်တို့ဟာ AAအဖွဲ့နဲ့ မဆွေးနွေးတော့ဘူးလို့ ထုတ်ပြန်ကြေညာထားခြင်းမရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင်မှ အကြံပေးအဖွဲ့ဝင်ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။ “ကျွန်တော်သိသလောက် ညီလာခံကို မဖိတ်တာပဲရှိတယ်။ AAလက်နက်ကိုင်အဖွဲ့နဲ့ မဆွေးနွေးဘူးလို့ အစိုးရက ထုတ်ပြန်ကြေညာထားတာမရှိသလို တပ်မတော်ကလည်း ထုတ်ပြန်ကြေညာထားတာမရှိဘူး”လို့ ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ရက်နေ့က ဝပြည်နယ်အထူးဒေသ(၂)ရှိ ပန်းခမ်းမြို့တော်မှာ ပြည်ထောင်စုနိူင်ငံရေးဆွေးနွေးညိုနှိုင်းရေးကော်မတီ(FPNCC)အနေဖြင့် အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြည်ထောင်စုအစိုးရကနေ FPNCCအဖွဲ့ဝင် ၆ဖွဲ့ကိုဖိတ်ခဲ့ပေမယ့် ရခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(ULA/AA)ကို ဖိတ်ကြားခြင်းမရှိတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ၂၁ပင်လုံညီလာခံကျင်းပနေတဲ့အချိန်ဟာ covid-19ကာလဖြစ်နေတဲ့အတွက် မိမိတို့တောင်ပေါ်နယ်စပ်ဒေသတွေမှာ ဆေးဝါးကုသရေးပညာအားနည်းခြင်း၊ဆေးဝါးကုသမှုစက်ကိရိယာများမပြည့်စုံခြင်း၊ covid-19ကာလအတွင်း အသွားအလာခရီးစဉ်များစီစဉ်ရာတွင် အခက်အခဲရင်ဆိုင်နေရခြင်းတို့ဟာ မိမိတို့အဖွဲ့အစည်းခြောက်ဖွဲ့ရဲ့ ညီလာခံကိုမတက်ရောက်နိူင်တဲ့ အဓိကအကြောင်းအရင်များဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ ပြည်ထောင်စုနိူင်ငံရေးဆွေးနွေးညိုနှိုင်းရေးကော်မတီ(FPNCC)တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ကချင်လွတ်မြောက်ရေးတပ်(KIA)၊တအောင်းပလောင်အဖွဲ့(TNLA/PSLF)၊မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းတပ်မတော်(SSPP/SSA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နဲ့ ရခိုင်အဖွဲ့(AA)တို့ပါဝင်ပါတယ်။ လက်ရှိမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ၂၁ရာစုပင်လုံညီလာခံတက်ရောက်နိုင်ခြင်းမရှိတာနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမီုကရေစီအဖွဲ့ချုပ်ပါတီမှ တွဲဘက်အတွင်းရေးမှုး(၁)ဦးစိုင်းကျော်ညွန့်ပြောပြတာက “မြောက်ပိုင်းမဟာမိတ်အဖွဲ့…

Read More

ကချင်ပြည်နယ်မှာဝင်ပြိုင်တဲ့ UNDP အမတ်လောင်းတစ်ဦး ရွေးကောက်ပွဲဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး အမည်စာရင်းတင်သွင်းမှုပယ်ဖျက်ခံရ

ကချင်ပြည်နယ်မှာဝင်ပြိုင်တဲ့ UNDP အမတ်လောင်းတစ်ဦး ရွေးကောက်ပွဲဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး အမည်စာရင်းတင်သွင်းမှုပယ်ဖျက်ခံရ မြစ်ကြီးနား၊ သြဂုတ် ၁၅-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်အတွင်း ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦကို ရွေးကောက်ပွဲဥပဒေပုဒ်မ (၈) က ( ၂ ) နဲ့ ငြိစွန်းတဲ့အတွက် အမည်စာရင်းတင်သွင်းလွှာ ပယ်ဖျက်ခဲ့တယ်လို့ ပြည်နယ်ရွေးကောက်ပွဲအရာရှိကပြောပါတယ်။ အမည်စာရင်းတင်သွင်းလွှာ ပယ်ဖျက်ခံရတဲ့ ကိုယ်စားလှယ်ကတော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) က ပါတီဝင် ဦးသန်းဝင်းလှိုင်ဆိုသူဖြစ်ပါတယ်။ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်ပြောပြတာကတော့” ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဟာ နိုင်ငံအတွင်း တစ်ဆက်တည်း ၁၀ နှစ်တိတိ နေထိုင်ရမှာဖြစ်ပြီး၊ လက်ရှိ အမည်စာရင်း ပယ်ဖျက်ခံရသူကတော့ ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်ထားပြီး မြန်မာနိုင်ငံအတွင်း တစ်ဆက်တည်း နေထိုင်တာ ၁၀ နှစ် မပြည်သေးတာ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပယ်ခဲ့ရတာ”လို့ ပြောပါတယ်။…

Read More
VOM News

FREE
VIEW