ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ (ALP) တွဲဖက် အတွင်းရေးမှူး(၁) အပါအဝင် (၅) ဦးပျောက်ဆုံးနေ

ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ (ALP) တွဲဖက် အတွင်းရေးမှူး(၁) အပါအဝင် (၅) ဦးပျောက်ဆုံးနေ

စစ်တွေ၊ ဩဂုတ် ၁၄- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ/တပ်မတော် (ALP/ALA)တပ်ဖွဲ့က တွဲဖက်အတွင်းရေးမှူး(၁) အပါအဝင် အဖွဲ့ဝင်(၅) ဦးဟာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေသူတွေဟာ ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံးဝန်ထမ်း ခိုင်ဌေး၊ ဆေးဘက်ဆိုင်ရာ ရခိုင်လူထုကျန်းမာရေးလုပ်သားအဖွဲ့ (RCHWA) က ဆေးဝန်ထမ်းတွေဖြစ်တဲ့ ခိုင်မျိုးဇံ၊ ခိုင်မိုးဇက်နဲ့ ခိုင်ဟိန်းဇော်တို့ ဖြစ်တယ်လို့ ALP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ALP ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီလောက်က သူတို့ထဲက သုံးဦးကို ပုဏ္ဏားကျွန်းမြို့နယ်၊ မြောင်ကြီးကျေးရွာအနီးမှာ အေအေတပ်ဖွဲ့ ဝင်တွေက ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စစ်တွေဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်ပြောပြတာကတော့ “ဖမ်းတာက ၁၀ ရက်နေ့က ညနေ ၄ နာရီ ၅၀ လောက်မှာဖမ်းတာဖြစ်တယ်။ ကျနော်တို့ရဲ့ ဆေးတပ်သားတစ်ယောက် ဆိုင်ကယ်မတော်တဆဖြစ်ပြီး သေဆုံးတယ်။ ၁၀ ရက်နေ့မှာ အဲဒီ ဆေးတပ်သားကို သဂြိုၤလ်တယ်။ သဂြိုၤလ်ပြီးလို့ ကျွန်တော်တို့ စစ်တွေကို ပြန်လာတယ်။ အဲဒီမှာ ဆက်ဆံရေးရုံးက ခိုင်ဌေး၊ ခိုင်ဟိန်းဇော်နဲ့ ခိုင်မိုးဇက်တို့က အသုဘ သဂြိုၤလ်တဲ့အခါ တွင်းတူးတဲ့လူတွေကို ပိုက်ဆံပေးဖို့ စောင့်နေကြတယ်။ သူတို့အဲဒီက ပြန်လာတဲ့အခါ လမ်းမှာဖမ်းတယ်။ Taxi သမားတစ်ယောက်အပါအဝင် လမ်းမှာဖမ်းတယ်။ ဒါပေမယ့် Taxi သမားကိုတော့ နောက်ပိုင်းမှာ ပြတ်လွှတ်လိုက်တယ်။ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနဲ့ ခိုင်မျိုးဇံကို အဲဒီ ခိုင်အောင်စိုးသန်းအိမ်မှာဖမ်းတာဖြစ်ပါတယ်။ သူတို့ကို အေအေအဖွဲ့က ဖမ်းတယ်ဆိုတာ အတိအကျပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Taxi သမားဆီကလည်း အတိအကျသိရတယ်။ ခိုင်အောင်စိုးသန်းအိမ်ကို လာစစ်ဆေးတာလည်းရှိတယ်။ ဘာကြောင့် ဖမ်းလည်းဆိုတာ အတိအကျမသိပါဘူး။” လို့ ပြောပါတယ်။

ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ ALP ကထုတ်ပြန်ထားချက်တွေအရ အေအေအဖွဲ့ ဟာ ALP အဖွဲ့ ဝင်တွေကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က (၂) ကြိမ်၊ ယခုနှစ်အတွင်း မေလ (၂၃) ရက်နေ့က တစ်ကြိမ်နဲ့ အခုတစ်ကြိမ်ဆို လျှင် (၄) ကြိမ်ရှိပြီဖြစ်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။

အေအေဖက်ကတော့ ALP ရဲ့ ပြောဆိုချက်ကို အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး လွန်ခဲ့တဲ့ မေလ ၂၃ ရက်နေ့ကလည်း ALP အဖွဲ့ဝင် (၃) ဦးပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ အေအေအဖွဲ့က ဖမ်းဆီးသွားတာဖြစ်ကြောင်း ALP ကထုတ်ပြန်ခဲ့ပေမယ့် အေအေဖက်က ငြင်းဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အေအေဖက်နဲ့ အဆက်အသွယ်ရရှိဖို့ကြိုးစားနေပြီး ဩဂုတ်လ ၁၁ ရက်နေ့ RFAသတင်းဌာနကနေ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖော်ပြတဲ့သတင်းမှာတော့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ALP အဖွဲ့ဝင်ဆိုပြီးတော့ ဖမ်းထားတာမရှိဘူး။” လို့ ငြင်းဆိုထားတာကို တွေ့ရပါတယ်။

” ကျနော်တို့ကြားတာတော့ သူတို့ ကောင်းကောင်းမွန်မွန်ရှိတယ်လို့ ကြားရတယ်။ သူတို့ဖမ်းတယ်မဖမ်းဆိုတာ အောက်ခြေက နယ်မြေခံတပ်တွေကို သေချာစစ်ဆေးဖို့ လိုမယ်ထင်ပါတယ်။” လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စစ်တွေဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ပြောပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့အချင်းချင်း အခုလိုမျိုးမဖြစ်သင့်ကြောင်းနဲ့ ALP ရဲ့ အမှန်တကယ် လက်နက်ကိုင်ဆောင်ထားတဲ့သူတွေဟာ အိန္ဒိယနယ်စပ်၊ ထိုင်းနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာရှိပေမယ့် ရခိုင်ပြည်တွင်းထဲမှာရှိတဲ့ ALP အဖွဲ့ဝင်တွေဟာ လက်နက်ကိုင်ဆောင်ထားသူတွေမဟုတ်ဘဲ လက်ရှိဖမ်းဆီးခံရတဲ့ ဆေးမှူးတွေဟာလည်း ပြည်သူ့အကျိုးကို နည်းစနစ်တစ်ခုအနေနဲ့ ထမ်းဆောင်နေတဲ့အပြင် အေအေရဲ့တိုက်ပွဲကြောင့် ဖြစ်ပေါ်လာတာတွေကို နည်းစနစ်တစ်ခုအနေနဲ့ ပြည်သူ့အကျို့ကို ထမ်းဆောင်နေတဲ့ ဆေးမှူးတွေ ဖြစ်တယ်လို့ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ပြောပါတယ်။

ALP ကို ၁၉၆၇ ခုနှစ်က ကရင်ပြည်နယ်အတွင်း စတင်တည်ထောင်တာဖြစ်ပြီး အခုလက်ရှိမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မှာ လက်မှတ်ရေးထိုးထားကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆွေးနွေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

အေအေအဖွဲ့ကိုတော့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသတွေမှာ တပ်တော်နဲ့ တိုက်ပွဲတွေခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပြီး လက်ရှိ ၂၀၂၀ ခုနှစ်အချိန်ထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

Photo- ALP Community(Facebook)
#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရခိုင္ျပည္လႊတ္ေျမာက္ေရးပါတီ (ALP) တြဲဖက္ အတြင္းေရးမႉး(၁) အပါအဝင္ (၅) ဦးေပ်ာက္ဆုံးေန

စစ္ေတြ၊ ဩဂုတ္ ၁၄- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ၿပီးခဲ့တဲ့ရက္ပိုင္းက ရခိုင္ျပည္နယ္ လက္နက္ကိုင္တပ္ဖြဲ႕တစ္ခုျဖစ္တဲ့ ရခိုင္ျပည္လႊတ္ေျမာက္ေရးပါတီ/တပ္မေတာ္ (ALP/ALA)တပ္ဖြဲ႕က တြဲဖက္အတြင္းေရးမႉး(၁) အပါအဝင္ အဖြဲ႔ဝင္(၅) ဦးဟာ ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္းမွာ ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။

ေပ်ာက္ဆုံးေနသူေတြဟာ ရခိုင္ျပည္လႊတ္ေျမာက္ေရးပါတီ တြဲဖက္အတြင္းေရးမႉး (၁) ခိုင္ေအာင္စိုးသန္း၊ ဆက္ဆံေရး႐ုံးဝန္ထမ္း ခိုင္ေဌး၊ ေဆးဘက္ဆိုင္ရာ ရခိုင္လူထုက်န္းမာေရးလုပ္သားအဖြဲ႕ (RCHWA) က ေဆးဝန္ထမ္းေတြျဖစ္တဲ့ ခိုင္မ်ိဳးဇံ၊ ခိုင္မိုးဇက္နဲ႔ ခိုင္ဟိန္းေဇာ္တို႔ ျဖစ္တယ္လို႔ ALP ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ALP ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ၿပီးခဲ့တဲ့ ဩဂုတ္လ ၁၀ ရက္ေန႔ ညေန ၅ နာရီေလာက္က သူတို႔ထဲက သုံးဦးကို ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ေျမာင္ႀကီးေက်း႐ြာအနီးမွာ ေအေအတပ္ဖြဲ႕ ဝင္ေတြက ဖမ္းဆီးသြားတာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ စစ္ေတြဆက္ဆံေရး႐ုံးတာဝန္ခံ ဒုတိယဗိုလ္မႉးႀကီး ခိုင္ေက်ာ္လႈိင္ေျပာျပတာကေတာ့ “ဖမ္းတာက ၁၀ ရက္ေန႔က ညေန ၄ နာရီ ၅၀ ေလာက္မွာဖမ္းတာျဖစ္တယ္။ က်ေနာ္တို႔ရဲ႕ ေဆးတပ္သားတစ္ေယာက္ ဆိုင္ကယ္မေတာ္တဆျဖစ္ၿပီး ေသဆုံးတယ္။ ၁၀ ရက္ေန႔မွာ အဲဒီ ေဆးတပ္သားကို သၿဂိဳၤလ္တယ္။ သၿဂိဳၤလ္ၿပီးလို႔ ကၽြန္ေတာ္တို႔ စစ္ေတြကို ျပန္လာတယ္။ အဲဒီမွာ ဆက္ဆံေရး႐ုံးက ခိုင္ေဌး၊ ခိုင္ဟိန္းေဇာ္နဲ႔ ခိုင္မိုးဇက္တို႔က အသုဘ သၿဂိဳၤလ္တဲ့အခါ တြင္းတူးတဲ့လူေတြကို ပိုက္ဆံေပးဖို႔ ေစာင့္ေနၾကတယ္။ သူတို႔အဲဒီက ျပန္လာတဲ့အခါ လမ္းမွာဖမ္းတယ္။ Taxi သမားတစ္ေယာက္အပါအဝင္ လမ္းမွာဖမ္းတယ္။ ဒါေပမယ့္ Taxi သမားကိုေတာ့ ေနာက္ပိုင္းမွာ ျပတ္လႊတ္လိုက္တယ္။ အတြင္းေရးမႉး ခိုင္ေအာင္စိုးသန္းနဲ႔ ခိုင္မ်ိဳးဇံကို အဲဒီ ခိုင္ေအာင္စိုးသန္းအိမ္မွာဖမ္းတာျဖစ္ပါတယ္။ သူတို႔ကို ေအေအအဖြဲ႕က ဖမ္းတယ္ဆိုတာ အတိအက်ေျပာႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Taxi သမားဆီကလည္း အတိအက်သိရတယ္။ ခိုင္ေအာင္စိုးသန္းအိမ္ကို လာစစ္ေဆးတာလည္းရွိတယ္။ ဘာေၾကာင့္ ဖမ္းလည္းဆိုတာ အတိအက်မသိပါဘူး။” လို႔ ေျပာပါတယ္။

ရခိုင္ျပည္လႊတ္ေျမာက္ေရးပါတီ ALP ကထုတ္ျပန္ထားခ်က္ေတြအရ ေအေအအဖြဲ႕ ဟာ ALP အဖြဲ႕ ဝင္ေတြကို ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က (၂) ႀကိမ္၊ ယခုႏွစ္အတြင္း ေမလ (၂၃) ရက္ေန႔က တစ္ႀကိမ္နဲ႔ အခုတစ္ႀကိမ္ဆို လွ်င္ (၄) ႀကိမ္ရွိၿပီျဖစ္ေၾကာင္း ေဖာ္ျပထားတာေတြ႕ရပါတယ္။

ေအေအဖက္ကေတာ့ ALP ရဲ႕ ေျပာဆိုခ်က္ကို အႀကိမ္ႀကိမ္ျငင္းဆိုခဲ့ၿပီး လြန္ခဲ့တဲ့ ေမလ ၂၃ ရက္ေန႔ကလည္း ALP အဖြဲ႕ဝင္ (၃) ဦးေပ်ာက္ဆုံးမႈနဲ႔ ပတ္သက္လို႔ ေအေအအဖြဲ႕က ဖမ္းဆီးသြားတာျဖစ္ေၾကာင္း ALP ကထုတ္ျပန္ခဲ့ေပမယ့္ ေအေအဖက္က ျငင္းဆိုခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေအေအဖက္နဲ႔ အဆက္အသြယ္ရရွိဖို႔ႀကိဳးစားေနၿပီး ဩဂုတ္လ ၁၁ ရက္ေန႔ RFAသတင္းဌာနကေန အဲ့ဒီကိစၥနဲ႕ ပတ္သက္ၿပီး ေဖာ္ျပတဲ့သတင္းမွာေတာ့ ေအေအေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက “ALP အဖြဲ႕ဝင္ဆိုၿပီးေတာ့ ဖမ္းထားတာမရွိဘူး။” လို႔ ျငင္းဆိုထားတာကို ေတြ႕ရပါတယ္။

” က်ေနာ္တို႔ၾကားတာေတာ့ သူတို႔ ေကာင္းေကာင္းမြန္မြန္ရွိတယ္လို႔ ၾကားရတယ္။ သူတို႔ဖမ္းတယ္မဖမ္းဆိုတာ ေအာက္ေျခက နယ္ေျမခံတပ္ေတြကို ေသခ်ာစစ္ေဆးဖို႔ လိုမယ္ထင္ပါတယ္။” လို႔ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ စစ္ေတြဆက္ဆံေရး႐ုံးတာဝန္ခံ ဒုတိယဗိုလ္မႉးႀကီး ခိုင္ေက်ာ္လႈိင္က ေျပာပါတယ္။

ရခိုင္လက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္း အခုလိုမ်ိဳးမျဖစ္သင့္ေၾကာင္းနဲ႔ ALP ရဲ႕ အမွန္တကယ္ လက္နက္ကိုင္ေဆာင္ထားတဲ့သူေတြဟာ အိႏၵိယနယ္စပ္၊ ထိုင္းနယ္စပ္နဲ႔ ဘဂၤလားေဒ့ရွ္နယ္စပ္ေတြမွာရွိေပမယ့္ ရခိုင္ျပည္တြင္းထဲမွာရွိတဲ့ ALP အဖြဲ႕ဝင္ေတြဟာ လက္နက္ကိုင္ေဆာင္ထားသူေတြမဟုတ္ဘဲ လက္ရွိဖမ္းဆီးခံရတဲ့ ေဆးမႉးေတြဟာလည္း ျပည္သူ႔အက်ိဳးကို နည္းစနစ္တစ္ခုအေနနဲ႔ ထမ္းေဆာင္ေနတဲ့အျပင္ ေအေအရဲ႕တိုက္ပြဲေၾကာင့္ ျဖစ္ေပၚလာတာေတြကို နည္းစနစ္တစ္ခုအေနနဲ႔ ျပည္သူ႔အက်ိဳ႕ကို ထမ္းေဆာင္ေနတဲ့ ေဆးမႉးေတြ ျဖစ္တယ္လို႔ ဒုတိယဗိုလ္မႉးႀကီး ခိုင္ေက်ာ္လႈိင္က ေျပာပါတယ္။

ALP ကို ၁၉၆၇ ခုႏွစ္က ကရင္ျပည္နယ္အတြင္း စတင္တည္ေထာင္တာျဖစ္ၿပီး အခုလက္ရွိမွာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)မွာ လက္မွတ္ေရးထိုးထားကာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ပါဝင္ေဆြးေႏြးေနတဲ့ အဖြဲ႕ျဖစ္ပါတယ္။

ေအေအအဖြဲ႕ကိုေတာ့ ၿပီးခဲ့တဲ့ ၂၀၀၈ ခုႏွစ္က စတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ေႏွာင္းပိုင္းက ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝေဒသေတြမွာ တပ္ေတာ္နဲ႔ တိုက္ပြဲေတြခပ္စိပ္စိပ္ ျဖစ္ပြားခဲ့ၿပီး လက္ရွိ ၂၀၂၀ ခုႏွစ္အခ်ိန္ထိ တိုက္ပြဲေတြဆက္လက္ျဖစ္ပြားေနတာျဖစ္ပါတယ္။

Photo- ALP Community(Facebook)
#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW