အလုပ်သမား ၉၇ဦးကို ရုံးချိန်းပျက်ကွက်တဲ့အတွက် တရားရုံးကနေ ဒဏ်ငွေသိန်းငါးဆယ်ပေးဆောင်ရမှာလို့ပြောတဲ့အပေါ် အလုပ်သမားတွေမကျေနပ်

အလုပ်သမား ၉၇ဦးကို ရုံးချိန်းပျက်ကွက်တဲ့အတွက် တရားရုံးကနေ ဒဏ်ငွေသိန်းငါးဆယ်ပေးဆောင်ရမှာလို့ပြောတဲ့အပေါ် အလုပ်သမားတွေမကျေနပ်

ရန်ကုန်၊သြဂုတ် ၁၅၊၂၀၂၀
အေးချမ်းသူ(VOM)

အလုပ်သမားဆက်ဆံရေးဦးစီးဌာနက ဦးစီးမှူးကိုယ်တိုင် တရားလိုပြု
လုပ် တရားစွဲဆိုထားတဲ့ Gust Myanmarစက်ရုံအမှုမှာ ရုံးချိန်းကိုလာရောက်ဖို့ပျက်ကွက်ခဲ့တဲ့ အလုပ်သမားတွေကို ဒဏ်ငွေ သိန်းငါးဆယ်ပေးဆောင်ရမယ်လို့ ပြောတဲ့အပေါ်ကို ကျေနပ်မှုမရှိဘူးးလို့ အလုပ်သမားတွေကပြောပါတယ်။

လှိုင်သာယာမြို့နယ်တရားရုံးမှာ မေလ ၁၃ရက်နေ့ကစတင်ကာ ရွှေသံလွင်စက်မှုဇုန်ရှိ GustMyanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၉၇ဦးကို အလုပ်သမားဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးကိုယ်တိုင်က အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၄၆(ဃ)နဲ့ တရားစွဲ့ခဲ့တဲ့ အမှုဖြစ်ပါတယ်။

တရားစွဲဆိုခံထားရတဲ့ အလုပ်သမား၉၇ဦးဟာ ပထမရုံးချိန်းတွင်သာ လူစုံခဲ့ပေမယ့် နောက်ရုံးချိန်းတွေမှာတော့ လာရောက်ခြင်းမရှိတဲ့အတွက် စတုတ္တရုံးချိန်း ပျက်ကွက်သူ အလုပ်သမား ၇၁ဦးကိုဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၄ရက်နေ့မှာလည်း ထပ်မံပျက်ကွက်ခဲ့တာကြောင့် ဒဏ်ငွေသိန်းငါး
ဆယ်ပေးဆောင်ရမှာဖြစ်ကြောင်း တရားရုံးကပြောခဲ့တယ်လို့ တရားစွဲဆိုခံရသူအလုပ်သမားခေါင်းဆောင်မအေးသူဇာက ပြောပါတယ်။

“အခုတရားစွဲဆိုတဲ့ကိစွမှာ မတရားဘူးလို့ထင်တယ်၊ ကျွန်မကတော့ တရားစွဲခံရတဲ့အလုပ်သမားတွေလည်း ရွာပြန်တာနဲ့အလုပ်ဝင်တာနဲ့ တချို့ဆိုဒီနေရာက ပြောင်းသွားပြီ၊ လူကဘယ်လိုပဲဖြစ်ဖြစ် စုံမှာမဟုတ်ဘူး”လို့ မအေးသူဇာကပြောပါတယ်။

အလုပ်သမား၉၇ဦး တရားစွဲဆိုခံရတာကို ကူညီပေးနေတဲ့ အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU)အဖွဲ့ အထွေထွေအတွင်းရေးမှုးဦးရဲနိူင်ဝင်းပြောပြတာကတော့ ” ကိုဗစ် ဖြစ်နေတဲ့အချိန်မှာ အလုပ်သမားတွေကို တရားစွဲတာ ရုံးချိန်းကိုမ
လာတဲ့အတွက် ဒဏ်ငွေသိန်း၅၀ဆောင်ရမယ်ပေါ့၊ အလုပ်သမားတွေက ဘယ်ပေးနိူင်မလဲ စဉ်းစားကြည့်”လို့ ပြောပါတယ်။

၂၀၁၂ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ၄၆(ဃ)မှာ ပြစ်မှုထင်ရှားပါက ဒဏ်ငွေသုံးသိန်းမှ ဆယ်သိန်းအထိပေးဆောင်ရမှာဖြစ်ပြီး ပုဒ်မ၄၇မှာတော့ ပြစ်မှုထင်ရှားပါက ဒဏ်ငွေသိန်းနှစ်ဆယ် ပေးဆောင်ရမည်ဖြစ်ကြောင်း ဥပဒေတွင်ဖော်ပြထားတယ်လို့ အလုပ်သမားများအားလိုက်လံကူညီပေးနေသူ တရားလွှတ်တော်ရှေ့နေဒေါ်ပိုင်ပိုင်နှင်းအေးက ပြောပါတယ်။

GustMyanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၉၇ဦးကို အလုပ်သမားဆက်ဆံရေးဦးစီးဌာနက တရားစွဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး လာမယ့် သြဂုတ်လ ၁၈ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင်မအေးသူဇာက ပြောပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အလုပ္သမား ၉၇ဦးကို ႐ုံးခ်ိန္းပ်က္ကြက္တဲ့အတြက္ တရား႐ုံးကေန ဒဏ္ေငြသိန္းငါးဆယ္ေပးေဆာင္ရမွာလို႔ေျပာတဲ့အေပၚ အလုပ္သမားေတြမေက်နပ္

ရန္ကုန္၊ၾသဂုတ္ ၁၅၊၂၀၂၀
ေအးခ်မ္းသူ(VOM)

အလုပ္သမားဆက္ဆံေရးဦးစီးဌာနက ဦးစီးမွဴးကိုယ္တိုင္ တရားလိုျပဳ
လုပ္ တရားစြဲဆိုထားတဲ့ Gust Myanmarစက္႐ုံအမႈမွာ ႐ုံးခ်ိန္းကိုလာေရာက္ဖို႔ပ်က္ကြက္ခဲ့တဲ့ အလုပ္သမားေတြကို ဒဏ္ေငြ သိန္းငါးဆယ္ေပးေဆာင္ရမယ္လို႔ ေျပာတဲ့အေပၚကို ေက်နပ္မႈမရွိဘူးးလို႔ အလုပ္သမားေတြကေျပာပါတယ္။

လႈိင္သာယာၿမိဳ႕နယ္တရား႐ုံးမွာ ေမလ ၁၃ရက္ေန႔ကစတင္ကာ ေ႐ႊသံလြင္စက္မႈဇုန္ရွိ GustMyanmar အထည္ခ်ဳပ္စက္႐ုံက အလုပ္သမား ၉၇ဦးကို အလုပ္သမားဆက္ဆံေရးဦးစီးဌာန ဦးစီးမွဴးကိုယ္တိုင္က အလုပ္သမားေရးရာအျငင္းပြားမႈေျဖရွင္းေရးဥပေဒပုဒ္မ ၄၆(ဃ)နဲ႔ တရားစြဲ႕ခဲ့တဲ့ အမႈျဖစ္ပါတယ္။

တရားစြဲဆိုခံထားရတဲ့ အလုပ္သမား၉၇ဦးဟာ ပထမ႐ုံးခ်ိန္းတြင္သာ လူစုံခဲ့ေပမယ့္ ေနာက္႐ုံးခ်ိန္းေတြမွာေတာ့ လာေရာက္ျခင္းမရွိတဲ့အတြက္ စတုတၱ႐ုံးခ်ိန္း ပ်က္ကြက္သူ အလုပ္သမား ၇၁ဦးကိုဖမ္းဝရမ္းထုတ္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဇူလိုင္လ ၄ရက္ေန႔မွာလည္း ထပ္မံပ်က္ကြက္ခဲ့တာေၾကာင့္ ဒဏ္ေငြသိန္းငါး
ဆယ္ေပးေဆာင္ရမွာျဖစ္ေၾကာင္း တရား႐ုံးကေျပာခဲ့တယ္လို႔ တရားစြဲဆိုခံရသူအလုပ္သမားေခါင္းေဆာင္မေအးသူဇာက ေျပာပါတယ္။

“အခုတရားစြဲဆိုတဲ့ကိစြမွာ မတရားဘူးလို႔ထင္တယ္၊ ကြၽန္မကေတာ့ တရားစြဲခံရတဲ့အလုပ္သမားေတြလည္း ႐ြာျပန္တာနဲ႔အလုပ္ဝင္တာနဲ႔ တခ်ိဳ႕ဆိုဒီေနရာက ေျပာင္းသြားၿပီ၊ လူကဘယ္လိုပဲျဖစ္ျဖစ္ စုံမွာမဟုတ္ဘူး”လို႔ မေအးသူဇာကေျပာပါတယ္။

အလုပ္သမား၉၇ဦး တရားစြဲဆိုခံရတာကို ကူညီေပးေနတဲ့ အလုပ္သမားသမဂၢမ်ားပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီ(CCTU)အဖြဲ႕ အေထြေထြအတြင္းေရးမႈးဦးရဲႏိူင္ဝင္းေျပာျပတာကေတာ့ ” ကိုဗစ္ ျဖစ္ေနတဲ့အခ်ိန္မွာ အလုပ္သမားေတြကို တရားစြဲတာ ႐ုံးခ်ိန္းကိုမ
လာတဲ့အတြက္ ဒဏ္ေငြသိန္း၅၀ေဆာင္ရမယ္ေပါ့၊ အလုပ္သမားေတြက ဘယ္ေပးႏိူင္မလဲ စဥ္းစားၾကည့္”လို႔ ေျပာပါတယ္။

၂၀၁၂ခုႏွစ္မွာ ျပဌာန္းခဲ့တဲ့ အလုပ္သမားေရးရာအျငင္းပြားမႈေျဖရွင္းေရးဥပေဒပုဒ္မ၄၆(ဃ)မွာ ျပစ္မႈထင္ရွားပါက ဒဏ္ေငြသုံးသိန္းမွ ဆယ္သိန္းအထိေပးေဆာင္ရမွာျဖစ္ၿပီး ပုဒ္မ၄၇မွာေတာ့ ျပစ္မႈထင္ရွားပါက ဒဏ္ေငြသိန္းႏွစ္ဆယ္ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ဥပေဒတြင္ေဖာ္ျပထားတယ္လို႔ အလုပ္သမားမ်ားအားလိုက္လံကူညီေပးေနသူ တရားလႊတ္ေတာ္ေရွ႔ေနေဒၚပိုင္ပိုင္ႏွင္းေအးက ေျပာပါတယ္။

GustMyanmar အထည္ခ်ဳပ္စက္႐ုံက အလုပ္သမား ၉၇ဦးကို အလုပ္သမားဆက္ဆံေရးဦးစီးဌာနက တရားစြဲဆိုတဲ့ကိစၥနဲ႔ပတ္သက္ၿပီး လာမယ့္ ၾသဂုတ္လ ၁၈ရက္ေန႔မွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ အလုပ္သမားေခါင္းေဆာင္မေအးသူဇာက ေျပာပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW