ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားလိုင်းကို တစ်ဖက်ရွာက ဓာတ်အားချိတ်ဆွဲတဲ့ကိစ္စကြောင့် ရွာလုံးကျွတ်ကန့်ကွက်ဆန္ဒပြ

ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားလိုင်းကို တစ်ဖက်ရွာက ဓာတ်အားချိတ်ဆွဲတဲ့ကိစ္စကြောင့် ရွာလုံးကျွတ်ကန့်ကွက်ဆန္ဒပြ

မြောင်၊ သြဂုတ် – ၁၅ – ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ငါးမြောင်တောင်ကျေးရွာက ကိုယ်ထူကိုယ်ထ စိုက်ထူထားတဲ့ ဓာတ်အားလိုင်းပေါ်ကနေ ချောင်းဦးမြို့နယ်၊ မန်ကျည်းတန်းကျေးရွာက ဓာတ်အားလိုင်း ဖြတ်ဖောက်ဆွဲတာကို ငါးမြောင်ကျေးရွာခံတွေက ကျေနပ်မှုမရှိတာကြောင့် ရွာလုံးကျွတ်ထွက်ပြီး ဒီမနက် ၁၁ နာရီက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ငါးမြောင်ကျေးရွာ မီးလိုင်းဖြစ်မြောက်ရေး နာယကဆရာတော် ဥူးသောဘဏ က” ငါးမြောင်တောင်ကျေးရွာက မီးလိုင်းဟာ နိုင်ငံ တော်အထောက်အပံ့မပါပဲ ကိုယ်ထူကိုယ်ထ လုပ်ခဲ့တယ် လာရောက်ညှိနှိုင်းတာမရှိပဲ မန်းကျည်းတန်းရွာ မီးလင်းရေး NEP က သူ့သဘောနဲ့သူ ဥူးဇင်းတို့ မီးလိုင်းပေါ်က ဖောက်ဆွဲဖို့လုပ်တယ် ဒါကို ဥူးဇင်းတို့ဘက်က လက်မခံတော့ ရွာကို မီးဖြတ်ထားတယ် မီးပျက်တာ ၇ ရက်ရှိသွားပြီ ရွာမှာရေခက်ခဲတော့ အင်ဂျင်စက်တွေ ဝယ်သုံးနေရတယ် ” လို့ မိန့်ကြားပါတယ်။

ဒီမနက်မှာ NEP ကစိုက်ထူမယ့် မီးတိုင်တွေဟာ ငါးမြောင်တောင်ရွာက ဖရဲစိုက်ခင်း ယာမြေတွေပေါ်မှာ ကျရောက်နေတာလည်းဖြစ်တဲ့အတွက်ကြောင့် ဒေသခံရွာသား သုံးရာနီးပါးက ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီမီးတိုင်စိုက်ထူမှုကို ကန့်ကွက်ခဲ့ကြတဲ့နေရာကို မုံရွာခရိုင်ရဲတပ်ဖွဲ့က လုံခြုံရေး အင်းအားသုံးပြီး နှစ်ဘက်ပြေလည်အောင် ညှိနိုင်ပေးခဲ့ပေမယ့် အခုချိန်ထိတော့ပြေလည်မှု တစ်စုံတရာမရသေးဘူးလို့ သိရပါတယ်။

#VoiceofMyanmar #VOM #လျှပ်စစ်မီးပြဿနာ #ဓာတ်အားလိုင်း

Zawgyi

ကိုယ္ထူကိုယ္ထ လွ်ပ္စစ္ဓာတ္အားလိုင္းကို တစ္ဖက္႐ြာက ဓာတ္အားခ်ိတ္ဆြဲတဲ့ကိစၥေၾကာင့္ ႐ြာလုံးကြၽတ္ကန႔္ကြက္ဆႏၵျပ

ေျမာင္၊ ၾသဂုတ္ – ၁၅ – ၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္၊ ငါးေျမာင္ေတာင္ေက်း႐ြာက ကိုယ္ထူကိုယ္ထ စိုက္ထူထားတဲ့ ဓာတ္အားလိုင္းေပၚကေန ေခ်ာင္းဦးၿမိဳ႕နယ္၊ မန္က်ည္းတန္းေက်း႐ြာက ဓာတ္အားလိုင္း ျဖတ္ေဖာက္ဆြဲတာကို ငါးေျမာင္ေက်း႐ြာခံေတြက ေက်နပ္မႈမရွိတာေၾကာင့္ ႐ြာလုံးကြၽတ္ထြက္ၿပီး ဒီမနက္ ၁၁ နာရီက ကန႔္ကြက္ခဲ့ၾကတာျဖစ္ပါတယ္။

ငါးေျမာင္ေက်း႐ြာ မီးလိုင္းျဖစ္ေျမာက္ေရး နာယကဆရာေတာ္ ဥဴးေသာဘဏ က” ငါးေျမာင္ေတာင္ေက်း႐ြာက မီးလိုင္းဟာ ႏိုင္ငံ ေတာ္အေထာက္အပံ့မပါပဲ ကိုယ္ထူကိုယ္ထ လုပ္ခဲ့တယ္ လာေရာက္ညႇိႏႈိင္းတာမရွိပဲ မန္းက်ည္းတန္း႐ြာ မီးလင္းေရး NEP က သူ႔သေဘာနဲ႔သူ ဥဴးဇင္းတို႔ မီးလိုင္းေပၚက ေဖာက္ဆြဲဖို႔လုပ္တယ္ ဒါကို ဥဴးဇင္းတို႔ဘက္က လက္မခံေတာ့ ႐ြာကို မီးျဖတ္ထားတယ္ မီးပ်က္တာ ၇ ရက္ရွိသြားၿပီ ႐ြာမွာေရခက္ခဲေတာ့ အင္ဂ်င္စက္ေတြ ဝယ္သုံးေနရတယ္ ” လို႔ မိန႔္ၾကားပါတယ္။

ဒီမနက္မွာ NEP ကစိုက္ထူမယ့္ မီးတိုင္ေတြဟာ ငါးေျမာင္ေတာင္႐ြာက ဖရဲစိုက္ခင္း ယာေျမေတြေပၚမွာ က်ေရာက္ေနတာလည္းျဖစ္တဲ့အတြက္ေၾကာင့္ ေဒသခံ႐ြာသား သုံးရာနီးပါးက ကန႔္ကြက္ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

အဲ့ဒီမီးတိုင္စိုက္ထူမႈကို ကန႔္ကြက္ခဲ့ၾကတဲ့ေနရာကို မုံ႐ြာခ႐ိုင္ရဲတပ္ဖြဲ႕က လုံၿခဳံေရး အင္းအားသုံးၿပီး ႏွစ္ဘက္ေျပလည္ေအာင္ ညႇိႏိုင္ေပးခဲ့ေပမယ့္ အခုခ်ိန္ထိေတာ့ေျပလည္မႈ တစ္စုံတရာမရေသး​ဘူးလို႔ သိရပါတယ္။

#VoiceofMyanmar #VOM #လွ်ပ္စစ္မီးျပႆနာ #ဓာတ္အားလိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW