ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE)အဖွဲ့ကို ရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်လေ့လာဖို့ ကန့်သတ်ပိတ်ပင်

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE)အဖွဲ့ကို ရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်လေ့လာဖို့ ကန့်သတ်ပိတ်ပင်

မန္တလေး၊ သြဂုတ် ၁၅-၂၀၂၀
ဟိန်းကို(VOM)

လာမယ့် ၂၀၂၀ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမယ့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE)အဖွဲ့ကို ရွေးကောက်ပွဲကော်မရှင် UECကနေ စောင့်ကြည့်လေ့လာခွင့်ပိတ်ပင်တဲ့အပေါ် ပြန်လည်သုံးသပ်ပေးဖို့အတွက် အရပ်ဖက်အဖွဲ့အစည်း ၄၅၄ဖွဲ့က သြဂုတ်လ ၁၃ရက်နေ့မှာပဲ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

“ဒီလုပ်ရပ်လုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ စောင့်ကြည့်မှုမလုပ်နိုင်တဲ့ ရွေးကောက်ပွဲလုပ်တဲ့ နေရာဒေသတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပဋိပက္ခတွေအကြမ်းဖက်မှုတွေကို ဘယ်သူကတာဝန်ခံမှာလဲ၊ သူကကြားခံ တတိယအင်းအားစုကနေ ကိုယ်စားပြုပြီးတော့ ဒါကိုမှတ်တမ်းတင်မလဲဆိုတဲ့ မေးခွန်းမေးရမယ့်အပိုင်းတွေ အများကြီးရှိသွားပြီ၊ ရွေးကောက်ပွဲရလဒ်ကိုပါ သက်ရောက်နိုင်တယ်လို့ ထင်ပါတယ်”လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါဝင်ခဲ့တဲ့ Action Committee For Democracy Development(ACDD) ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ ရဲ့ စည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

(PACE)အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုပ်နေတဲ့ အကြီးဆုံးကွန်ယက်တစ်ခုလို့လည်း ပြောလို့ရပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေဖြစ်ပေါ်လာကတည်းက ရွေးကောက်ပွဲတွေကို ပိုပြီးနည်းစနစ်ကျလာဖို့ဦးတည်ကာ တစိုက်မတ်မတ်လုပ်ဆောင်လာတဲ့အဖွဲ့ဖြစ်တယ်လို့လည်း မသဉ္ဇာရွှန်းလဲ့ရည်ကပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က PACEအဖွဲ့ကို အသင်းအဖွဲ့မှတ်ပုံတင်မရှိတဲ့အတွက် စောင့်ကြည့်လေ့လာခွင့်ကိုပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။

အသင်းအဖွဲ့မှတ်ပုံတင်ဖို့အတွက် PACEအဖွဲ့ ကြိုးစားခဲ့ရာမှာလည်း လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီကို ထောက်ခံချက်ရရှိဖို့ တရားဝင် တောင်းခံခဲ့ပေမယ့် PACE အဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို စောင့်ကြည့်နေတဲ့အဖွဲ့ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ မဟုတ်တဲ့အတွက် ထောက်ခံချက် မပေးနိုင်တဲ့အကြောင်းပြန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

အခုလို အသင်းအဖွဲ့မှတ်ပုံတင် ထောက်ခံမပေးတာနဲ့ပတ်သက်ပြီး The Seagull: Human Right,Peace and Development အဖွဲ့က မစုချစ်ပြောပြတာက”အသင်းအဖွဲ့မှတ်ပုံတင်က တင်လိုကတင်နိုင်တယ် မတင်ချင်လည်းရတယ်လို့ သူတို့ရဲ့ ဥပဒေမှာအဲ့ဒီလိုပြောထားတယ်။ မဖြစ်မနေ တင်ကိုတင်ရမယ်လို့ မဟုတ်ဘူး၊ အဲ့တာကို မှတ်ပုံတင်မရှိဘူးဆိုတဲ့အကြောင်းပြချက်တစ်ခုတပ်တယ်၊ နောက်တစ်ခုက နိုင်ငံခြားအထောက်အပံ့ရယူပြီးတော့လုပ်ကိုင်နေတဲ့အဖွဲ့တစ်ခုဖြစ်တယ်။ ဒီမှတ်ပုံတင်လည်းမရှိဘူး နိုင်ငံခြားငွေလည်းယူထားတယ်ဆိုပြိး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ထုတ်မပေးဘူးဆိုတော့၊ အရင်တုန်းကရော ဒီမှတ်ပုံတင်လည်းမရှိခဲ့ဘူး နိုင်ငံခြားအထောက်အပံ့လည်း ယူတာသိရဲ့သားနဲ့ ဘာဖြစ်လို့ PACEအဖွဲ့ရဲ့လုပ်ငန်းဆောင်တာတွေကို လက်ခံပေးခဲ့တာလည်း၊ အခုအစိုးရသစ်သက်တမ်းမှာ အခက်အခဲအများကြီးရှိလာတာက အရပ်ဖက်အဖွဲ့အစည်းတွေရဲ့လုပ်ပိုင်ခွင့်ကို ကန့်သတ်လာတယ်”လို့ပြောပါတယ်။

အရပ်ဖက်အဖွဲ့အစည်း ၄၅၀ကျော်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ အရပ်သားအစိုးရက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှာ တာဝန်ယူကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲဟာ စစ်တပ် အသွင်ပြောင်းအစိုးရက တာဝန်ယူကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ပိုမို၍လွတ်လပ်တရားမျှတမှုရှိကြောင်း အခိုင်အမာ သက်သေပြနိုင်မှသာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ယုံကြည်စွာ မဲပေးကြမှာ ဖြစ်သလို နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်စဉ်ကိုလည်း ပိုမိုယုံကြည်လာနိုင်မှာဖြစ်တယ်လို့ ရေးသားထားတာဖြစ်ပါတယ်။

ဒါ့အပြင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွေကို ကျင်းပရာမှာ နိုင်ငံတကာလုပ်ထုံး လုပ်နည်းတွေနဲ့ စံနှုန်းများ လေ့လာရေး လုပ်ငန်းစဉ်များမှာလည်း အရေးကြီးတဲ့အတွက် အရပ်ဘက် အဖွဲ့အစည်းများရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လုပ်ငန်း (စဉ်)များနဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်များကို တားဆီးပိတ်ပင်ကန့်သတ်တဲ့ မူဝါဒ ၊ နည်းဥပဒေ ၊ ဥပဒေ ၊ အမိန့်ညွှန်ကြားချက် ၊ လုပ်ရပ်တွေဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ တရားဝင်မှုနဲ့ လွတ်လပ်၍ တရားမျှတမှု အရည်အသွေးကို တိုက်ရိုက်ထိခိုက်မှု ရှိလာနိုင်မယ်လို့လည်း ဖော်ပြရေးထားတာဖြစ်ပါတယ်။

PACE (People’s Alliance for Credible Elections) ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ )ဟာ၂၀၁၅အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲစနစ်တစ်ခုလုံးကို လွှမ်းခြုံ စောင့်ကြည့်တဲ့ နည်းစနစ်တွေကို အသုံးပြုပြီး တစ်နိုင်ငံလုံးအဆင့် စောင့်ကြည့်ရေး လုပ်ငန်းစဉ်များကို လွတ်လပ် ပွင့်လင်းစွာဖြင့် ဘက်လိုက်မှု မရှိဘဲ ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း စောင့်ကြည့်လေ့လာသူပေါင်း ၂၉၀၀ ကျော်နဲ့ တစ်နိုင်ငံလုံးအဆင့် စောင်ကြည့်ဖို့ စနစ်တကျ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှုရှိကြောင်း အာမခံနိုင်ဖို့အတွက် ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းတွေ ကန့်သတ်ပိတ်ပင်နေတာကို မဆိုင်းမတွ ပြန်လည်သုံးသပ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၄၅၆ခုက တောင်းဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Photo – PACE
#voiceofmyanmar #VOM #မန္တလေး

Zawgyi

ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈ (PACE)အဖြဲ႕ကို ေ႐ြးေကာက္ပြဲေကာ္မရွင္က ေစာင့္ၾကည့္ေလ့လာဖို႔ ကန႔္သတ္ပိတ္ပင္

မႏၲေလး၊ ၾသဂုတ္ ၁၅-၂၀၂၀
ဟိန္းကို(VOM)

လာမယ့္ ၂၀၂၀ေ႐ြးေကာက္ပြဲကို ေစာင့္ၾကည့္ေလ့လာမယ့္ အရပ္ဖက္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈ (PACE)အဖြဲ႕ကို ေ႐ြးေကာက္ပြဲေကာ္မရွင္ UECကေန ေစာင့္ၾကည့္ေလ့လာခြင့္ပိတ္ပင္တဲ့အေပၚ ျပန္လည္သုံးသပ္ေပးဖို႔အတြက္ အရပ္ဖက္အဖြဲ႕အစည္း ၄၅၄ဖြဲ႕က ၾသဂုတ္လ ၁၃ရက္ေန႔မွာပဲ ထုတ္ျပန္ခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ပါတယ္။

“ဒီလုပ္ရပ္လုပ္လိုက္တဲ့အတြက္ေၾကာင့္မို႔လို႔ ေစာင့္ၾကည့္မႈမလုပ္ႏိုင္တဲ့ ေ႐ြးေကာက္ပြဲလုပ္တဲ့ ေနရာေဒသေတြမွာ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ ပဋိပကၡေတြအၾကမ္းဖက္မႈေတြကို ဘယ္သူကတာဝန္ခံမွာလဲ၊ သူကၾကားခံ တတိယအင္းအားစုကေန ကိုယ္စားျပဳၿပီးေတာ့ ဒါကိုမွတ္တမ္းတင္မလဲဆိုတဲ့ ေမးခြန္းေမးရမယ့္အပိုင္းေတြ အမ်ားႀကီးရွိသြားၿပီ၊ ေ႐ြးေကာက္ပြဲရလဒ္ကိုပါ သက္ေရာက္ႏိုင္တယ္လို႔ ထင္ပါတယ္”လို႔ အဲ့ဒီထုတ္ျပန္ခ်က္မွာ ပါဝင္ခဲ့တဲ့ Action Committee For Democracy Development(ACDD) ဒီမိုကေရစီဖြံ႕ၿဖိဳးတိုးတက္ေရးလႈပ္ရွားေဆာင္႐ြက္မႈေကာ္မတီ ရဲ႕ စည္း႐ုံးလႈံ႕ေဆာ္ေရးမႉး မသၪၨာ႐ႊန္းလဲ့ရည္က ေျပာပါတယ္။

(PACE)အဖြဲ႕ဟာ ျမန္မာႏိုင္ငံမွာ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးလုပ္ေနတဲ့ အႀကီးဆုံးကြန္ယက္တစ္ခုလို႔လည္း ေျပာလို႔ရၿပီး ျမန္မာႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲေတြျဖစ္ေပၚလာကတည္းက ေ႐ြးေကာက္ပြဲေတြကို ပိုၿပီးနည္းစနစ္က်လာဖို႔ဦးတည္ကာ တစိုက္မတ္မတ္လုပ္ေဆာင္လာတဲ့အဖြဲ႕ျဖစ္တယ္လို႔လည္း မသၪၨာ႐ႊန္းလဲ့ရည္ကေျပာပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္က PACEအဖြဲ႕ကို အသင္းအဖြဲ႕မွတ္ပုံတင္မရွိတဲ့အတြက္ ေစာင့္ၾကည့္ေလ့လာခြင့္ကိုပိတ္ပင္ခဲ့တယ္လို႔သိရပါတယ္။

အသင္းအဖြဲ႕မွတ္ပုံတင္ဖို႔အတြက္ PACEအဖြဲ႕ ႀကိဳးစားခဲ့ရာမွာလည္း လုပ္ထုံးလုပ္နည္းအရ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ဆီကို ေထာက္ခံခ်က္ရရွိဖို႔ တရားဝင္ ေတာင္းခံခဲ့ေပမယ့္ PACE အဖြဲ႕ဟာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို ေစာင့္ၾကည့္ေနတဲ့အဖြဲ႕ ျဖစ္ၿပီး ပူးေပါင္းေဆာင္႐ြက္ေနတဲ့အဖြဲ႕ မဟုတ္တဲ့အတြက္ ေထာက္ခံခ်က္ မေပးႏိုင္တဲ့အေၾကာင္းျပန္ၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

အခုလို အသင္းအဖြဲ႕မွတ္ပုံတင္ ေထာက္ခံမေပးတာနဲ႔ပတ္သက္ၿပီး The Seagull: Human Right,Peace and Development အဖြဲ႕က မစုခ်စ္ေျပာျပတာက”အသင္းအဖြဲ႕မွတ္ပုံတင္က တင္လိုကတင္ႏိုင္တယ္ မတင္ခ်င္လည္းရတယ္လို႔ သူတို႔ရဲ႕ ဥပေဒမွာအဲ့ဒီလိုေျပာထားတယ္။ မျဖစ္မေန တင္ကိုတင္ရမယ္လို႔ မဟုတ္ဘူး၊ အဲ့တာကို မွတ္ပုံတင္မရွိဘူးဆိုတဲ့အေၾကာင္းျပခ်က္တစ္ခုတပ္တယ္၊ ေနာက္တစ္ခုက ႏိုင္ငံျခားအေထာက္အပံ့ရယူၿပီးေတာ့လုပ္ကိုင္ေနတဲ့အဖြဲ႕တစ္ခုျဖစ္တယ္။ ဒီမွတ္ပုံတင္လည္းမရွိဘူး ႏိုင္ငံျခားေငြလည္းယူထားတယ္ဆိုၿပိး ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာခြင့္ထုတ္မေပးဘူးဆိုေတာ့၊ အရင္တုန္းကေရာ ဒီမွတ္ပုံတင္လည္းမရွိခဲ့ဘူး ႏိုင္ငံျခားအေထာက္အပံ့လည္း ယူတာသိရဲ႕သားနဲ႔ ဘာျဖစ္လို႔ PACEအဖြဲ႕ရဲ႕လုပ္ငန္းေဆာင္တာေတြကို လက္ခံေပးခဲ့တာလည္း၊ အခုအစိုးရသစ္သက္တမ္းမွာ အခက္အခဲအမ်ားႀကီးရွိလာတာက အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕လုပ္ပိုင္ခြင့္ကို ကန႔္သတ္လာတယ္”လို႔ေျပာပါတယ္။

အရပ္ဖက္အဖြဲ႕အစည္း ၄၅၀ေက်ာ္ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္ထဲမွာ အရပ္သားအစိုးရက ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ (၈) ရက္ေန႔မွာ တာဝန္ယူက်င္းပမယ့္ အေထြေထြ ေ႐ြးေကာက္ပြဲဟာ စစ္တပ္ အသြင္ေျပာင္းအစိုးရက တာဝန္ယူက်င္းပခဲ့တဲ့ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲထက္ ပိုမို၍လြတ္လပ္တရားမွ်တမႈရွိေၾကာင္း အခိုင္အမာ သက္ေသျပႏိုင္မွသာ မဲဆႏၵရွင္ျပည္သူေတြအေနနဲ႔ ယုံၾကည္စြာ မဲေပးၾကမွာ ျဖစ္သလို ႏိုင္ငံေရးအသြင္ကူးေျပာင္းမႈ ျဖစ္စဥ္ကိုလည္း ပိုမိုယုံၾကည္လာႏိုင္မွာျဖစ္တယ္လို႔ ေရးသားထားတာျဖစ္ပါတယ္။

ဒါ့အျပင္ လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲေတြကို က်င္းပရာမွာ ႏိုင္ငံတကာလုပ္ထုံး လုပ္နည္းေတြနဲ႔ စံႏႈန္းမ်ား ေလ့လာေရး လုပ္ငန္းစဥ္မ်ားမွာလည္း အေရးႀကီးတဲ့အတြက္ အရပ္ဘက္ အဖြဲ႕အစည္းမ်ားရဲ႕ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရး လုပ္ငန္း (စဥ္)မ်ားနဲ႔ သတင္း မီဒီယာ လြတ္လပ္ခြင့္မ်ားကို တားဆီးပိတ္ပင္ကန႔္သတ္တဲ့ မူဝါဒ ၊ နည္းဥပေဒ ၊ ဥပေဒ ၊ အမိန႔္ၫႊန္ၾကားခ်က္ ၊ လုပ္ရပ္ေတြဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲရဲ႕ တရားဝင္မႈနဲ႔ လြတ္လပ္၍ တရားမွ်တမႈ အရည္အေသြးကို တိုက္႐ိုက္ထိခိုက္မႈ ရွိလာႏိုင္မယ္လို႔လည္း ေဖာ္ျပေရးထားတာျဖစ္ပါတယ္။

PACE (People’s Alliance for Credible Elections) ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕ )ဟာ၂၀၁၅အေထြေထြ ေ႐ြးေကာက္ပြဲ၊ ၂၀၁၇၊ ၂၀၁၈ ခုႏွစ္ ၾကားျဖတ္ ေ႐ြးေကာက္ပြဲေတြမွာ ေ႐ြးေကာက္ပြဲစနစ္တစ္ခုလုံးကို လႊမ္းၿခဳံ ေစာင့္ၾကည့္တဲ့ နည္းစနစ္ေတြကို အသုံးျပဳၿပီး တစ္ႏိုင္ငံလုံးအဆင့္ ေစာင့္ၾကည့္ေရး လုပ္ငန္းစဥ္မ်ားကို လြတ္လပ္ ပြင့္လင္းစြာျဖင့္ ဘက္လိုက္မႈ မရွိဘဲ ေဆာင္႐ြက္ႏိုင္ခဲ့တဲ့အျပင္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္လည္း ေစာင့္ၾကည့္ေလ့လာသူေပါင္း ၂၉၀၀ ေက်ာ္နဲ႔ တစ္ႏိုင္ငံလုံးအဆင့္ ေစာင္ၾကည့္ဖို႔ စနစ္တက် ျပင္ဆင္ထားၿပီး ျဖစ္တယ္လို႔လည္း သိရပါတယ္။

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲကို လြတ္လပ္ၿပီးတရားမွ်တမႈရွိေၾကာင္း အာမခံႏိုင္ဖို႔အတြက္ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေရးလုပ္ငန္းေတြ ကန႔္သတ္ပိတ္ပင္ေနတာကို မဆိုင္းမတြ ျပန္လည္သုံးသပ္ေပးဖို႔ အရပ္ဖက္အဖြဲ႕အစည္း ၄၅၆ခုက ေတာင္းဆိုလိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

Photo – PACE
#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW