သတင်းစီးဆင်းမှုမြန်ဆန်ဖို့အတွက် တပ်မတော်ကလုပ်ဆောင်နေ

သတင်းစီးဆင်းမှုမြန်ဆန်ဖို့အတွက် တပ်မတော်ကလုပ်ဆောင်နေ

နေပြည်တော်၊ သြဂုတ် ၂၁-၂၀၂၀
ကိုထွန်း(VOM)

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနဲ့ ဇွန်လ ၇ ရက်နေ့ကနေ Facebook Pageတစ်ခု၊ ဝက်စ်ဆိုဒ် တစ်ခုထောင်ပြီး ဒီကနေ့အချိန်ထိ ပြည်သူတွေသိသင့်သိထိုက်တဲ့ သတင်းပေါင်း၂၁၃ ပုဒ်ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချူပ်ရဲရင့်အောင်က ဒီကနေ့ ပြန်ကြားရေးဝန်ကြီးရုံးမှာပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၂၀၂၀ ပြည့်နှစ်မီဒီယာနှင့်တွေ့ဆုံမှုအနေနဲ့ ဇွန်လ ၂၄ ရက်နေ့ကရုရှားနိုင်ငံမှာပြုလုပ်တဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားမှာတက်ရောက်ပြီး ရုရှားမီဒီယာအဖွဲတွေနဲ့ တွေဆုံခဲ့ပါတယ်၊ တပ်မတော်ကိစ္စ၊ နိုင်ငံတော်ကိစ္စသိလိုသည်များကိုမေးမြန်း၍ ဖြေကြားခဲ့ပြီးဖြစ်ပါတယ်၊ တပ်မတော်နဲ့မီဒီယာကောင်စီတွေ့ဆုံမှုကတော့ ၂၀၁၄ ခုနှစ်မှ၂၀၁၆ ခုနှစ်ထိစုစုပေါင်း ၅ ကြိမ်တွေ့ဆုံခဲ့ပါတယ်”လို့ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကပြောပါတယ်။

တပ်မတော်နဲ့မီဒီယာကောင်စီကြားမှာ သတင်းစီးဆင်းမှုမှန်ကန်မြန်ဆန်စေဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေ စတင်ခဲ့ပြီး တပ်မတော်ကနေ ဗိုလ်ချုပ်စိုးနိုင်ဦးက ဆွေးနွေးခဲ့သလို ကောင်စီဥက္ကဌတို့နဲ့ စုစုပေါင်း ၆ ကြိမ်ဆွေးနွေးနိုင်ခဲ့တယ်လို့ပြောပါတယ်။

တပ်မတော်အနေနဲ့သတင်းစာရှင်းလင်းပွဲတွေကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)တို့ကဦးဆောင်ပြီး စုစုပေါင်း ၅ ကြိမ်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကပြောပါတယ်။

“တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်မှုကတော့ ဒီလအထိဆိုရင် ၁၉ ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်၊တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့က လစဉ်သတင်းစာရှင်းလင်းပွဲတွေဆောင်ရွက်နေသလို လိုအပ်ပါက တစ်လအတွင်း နှစ်ကြိမ်ဆောင်ရွက်ပေးခဲ့တာတွေလည်းရှိပါတယ်၊ ပြည်တွင်းပြည်ပမီဒီယာတွေက သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို နေ့စဉ် ဖုန်းအီးမေးလ်တွေနဲ့ဘဆက်သွယ်မေးမြန်းမှုတွေကို ဖြေကြားပေးနေတာလည်းရှိပါတယ်။ တပ်မတော်အနေနဲ့ သတင်းမီဒီယာသမားတွေကိုခွဲခြားဆက်ဆံမှုမရှိဘဲ သတင်းရယူပိုင်ခွင်ပြုထားပါတယ်၊ လစဉ်ပြုလုပ်နေကြ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲတွေကို သတင်းမီဒီယာအဖွဲ့အားလုံးကို ဖိတ်ကြားတက်ရောက်ခွင့်ပြုထားပါတယ်၊ နေပြည်တော်သတင်းထောက်များအဖွဲ့ကွန်ယက်နဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်”လို့ ဗိုလ်မှူ