ပြည်ပဈေးကွက်ဝင် သစ်စေးပင်တွေကို တားမြစ်ထားတဲ့ကြားက ထင်းအဖြစ်ခုတ်လှဲပြီး အုတ်ဖို‌တွေမှာ ရောင်းချနေ

#သစ်စေး

ပြည်ပဈေးကွက်ဝင် သစ်စေးပင်တွေကို တားမြစ်ထားတဲ့ကြားက ထင်းအဖြစ်ခုတ်လှဲပြီး အုတ်ဖို‌တွေမှာ ရောင်းချနေ

မင်းကင်း ၊ သြဂုတ် ၂၃- ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် မောက္ကတော်ဘိနယ်အပိုင် မဟာမြိုင်တောကြီးထဲမှာ ပြည်ပဈေးကွက်ဝင် သစ်စေးပင်တွေကို ခုတ်လဲခြင်းမပြုဖို့ သစ်တောရေးရာဌာနက တားမြစ်မိန့်ထုတ်ထားပေမယ့် ထင်းလုပ်ငန်း ရှင်တွေဟာ တားမြစ်အမိန့်ကို လေးစားလိုက်နာခြင်းမရှိဘဲ ခိုးယူခုတ်လဲပြီး အုတ်ဖိုလုပ်ငန်းတွေမှာ ထင်းအ ဖြစ်နဲ့ ရောင်းစားနေတယ်လို့ သိရပါတယ် ။

“ ပြည်ပနိုင်ငံမှာ ထုတ်လုပ်တင်သွင်းနေတဲ့ သုတ်ဆေး ( သင်္ဘောဆေး) အမျိုးမျိုးကို ဖော်စပ်တဲ့အခါ သစ်စေးဟာ မပါမဖြစ်လိုအပ်တယ်၊ သစ်စေးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ သုတ်ဆေးဟာ ဆေးသားကောင်း ပြီး အရောင်ကိုတက်စေသလို ဆေးသားထု ပါးလွှာပြီး ဆေးစွဲမှု သက်တမ်းကာလ ရှည်ကြာတယ် ၊ ဂျပန်က သုတ်ဆေး ထုတ်လုပ်တဲ့ ကုမ္မဏီတွေက သစ်စေး တပေါင်ကို ကန်ဒေါ်လာ ၇ ဒေါ်လာနဲ့ ၁၀ ဒေါ်လာအ ကြားမှာ ဈေးကြီးပေးပြီး ရသလောက်ဝယ်ယူတယ် ၊ သစ်စေးပင်တွေကို စနစ်တကျမွေးမြူပြီး အစေးထုတ် နိုင်မယ်ဆိုရင် တိုင်းပြည်အတွက် ပြည်ပဝင်ငွေ ရရှိလာမှာဖြစ်သလို ၊ ဒေသခံတွေလဲ အလုပ်အကိုင်အခွင့်အ လမ်းတွေ မြင့်မားလာမှာဖြစ်တယ် ၊ ထင်းအဖြစ် အခုလို ခုတ်ရောင်းနေတော့ သစ်စေးပင်တွေ မကြာခင် မျိုး သုဉ်းသွားပြီး တိုင်းအစိုးရအဖွဲ့အတွက်လဲ အနာဂါတ် ဘဏ္ဍာရေး ထိခိုက်လာနိုင်တယ် ”လို့ စက်မှုကုန် ကြမ်း သုတေသီ စီးပွားရေး ပညာရှင် ဦးမောင်မောင်စိုးက ပြောပါတယ်။

ကလေးဝမြို့နယ် ၊ တန်ဆည်မြို့နယ် ၊ ရေဦးမြို့နယ် ၊ ကနီမြို့နယ် နဲ့ ၊မင်းကင်းမြို့နယ် အကြားမှာ တည်ရှိ နေတဲ့ မဟာမြိုင် သစ်တောကြီးအတွင်း ပျဉ်းကိုင်းကျေးရွာနဲ့ မောက္ကတော်ကျေးရွာအကြား သဘာ၀ အ လျောက်ပေါက်ရောက်နေတဲ့ သစ်စေးပင်းတွေကို ခုတ်လဲခြင်းမပြုလုပ်ဖို့ သစ်တောရေးရာဌာနက လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကစလို့ တားမြစ်အမိန့်ထုတ်ထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တားမြစ်အမိန့်ကို လိုက်နာမှုမရှိတဲ့ ဒေသခံ ထင်းလုပ်ငန်းရှင်တွေက ဝင်ရောက်ခုတ်လဲပြီး ရရှိလာတဲ့ ထင်းတွေကို မုံရွာမြို့နယ် နဲ့ ဘုတလင်မြို့နယ်အကြား ချင်းတွင်းမြစ်ဘေးမှာ ရှိတဲ့ အုတ်လုပ်ငန်းတွေဆီ ပြန် လည်ရောင်းချကြတာဖြစ်ပါတယ်။

“ အရင်တုန်းကတော့ သစ်စေးထုတ်တာကို မိရိုဖလာ အလုပ်တစ်ခုအနေနဲ့ လုပ်ကိုင်ခဲ့တယ် ၊ ပြည်တွင်း သစ်စေးဈေးကွက်က ပျောက်နေတာကြာပြီ ၊ သစ်စေးဟာ အဖိုးတန်မှန်း သိကြတယ် ၊ ဈေးကွက်ရှာပေးပြီး ကုန်ချောယူတာ အခွန်ဆောင်းခိုင်းတာ ဘာတခုမှမရှိတော့ ထင်းအဖြစ်ဘဲ ခုတ်ရောင်းတယ် ၊ ထင်းတစ် တန်ကို မုံရွာနယ် ကိုင်းရွာအရောက် လေးသောင်းခွဲရတယ် ” လို့ မင်းကင်းမြို့နယ် မြှောင်းစင်းကျေးရွာနေ ထင်းလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မဟာမြိုင်သစ်တောကြီးကို အမှီပြုနေထိုင်ကြတဲ့ ကျေးရွာတွေရှိပါတယ် ၊ အဲ့ဒီကျေးရွာက ဒေသခံ ပြည်သူတွေဟာ သစ်တောသံယဇတတွေကို အဓိကထားပြီး စားဝတ်နေရေးအတွက် ရုန်ကန်နေကြရတာ ဖြစ်ပါတယ် ၊ သက်ဆိုင်ရာက ပြည်တွင်း ပြည်ပ သစ်စေးဈေးကွက်ကို ရှာဖွေလုပ်ဆောင်ပေးမယ်ဆိုပါက ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမှာဖြစ်သလို ၊ နိုင်ငံတော်အတွက်လဲ ပြည်ပ ဝင်ငွေ တိုးမြင့် ရရှိလာမှာဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တွေရဲ့ သုံးသပ်ပြောဆိုတာကို သိရပါတယ်။

#voiceofmyanmar #VOM #သစ်ဆေး #အုတ်ဖို

ျပည္ပေဈးကြက္ဝင္ သစ္ေစးပင္ေတြကို တားျမစ္ထားတဲ့ၾကားက ထင္းအျဖစ္ခုတ္လွဲၿပီး အုတ္ဖို‌ေတြမွာ ေရာင္းခ်ေန

မင္းကင္း ၊ ၾသဂုတ္ ၂၃- ၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း ၊ မင္းကင္းၿမိဳ႕နယ္ ေမာကၠေတာ္ဘိနယ္အပိုင္ မဟာၿမိဳင္ေတာႀကီးထဲမွာ ျပည္ပေဈးကြက္ဝင္ သစ္ေစးပင္ေတြကို ခုတ္လဲျခင္းမျပဳဖို႔ သစ္ေတာေရးရာဌာနက တားျမစ္မိန႔္ထုတ္ထားေပမယ့္ ထင္းလုပ္ငန္း ရွင္ေတြဟာ တားျမစ္အမိန႔္ကို ေလးစားလိုက္နာျခင္းမရွိဘဲ ခိုးယူခုတ္လဲၿပီး အုတ္ဖိုလုပ္ငန္းေတြမွာ ထင္းအ ျဖစ္နဲ႔ ေရာင္းစားေနတယ္လို႔ သိရပါတယ္ ။

“ ျပည္ပႏိုင္ငံမွာ ထုတ္လုပ္တင္သြင္းေနတဲ့ သုတ္ေဆး ( သေဘၤာေဆး) အမ်ိဳးမ်ိဳးကို ေဖာ္စပ္တဲ့အခါ သစ္ေစးဟာ မပါမျဖစ္လိုအပ္တယ္၊ သစ္ေစးကို အေျခခံၿပီး ထုတ္လုပ္ထားတဲ့ သုတ္ေဆးဟာ ေဆးသားေကာင္း ၿပီး အေရာင္ကိုတက္ေစသလို ေဆးသားထု ပါးလႊာၿပီး ေဆးစြဲမႈ သက္တမ္းကာလ ရွည္ၾကာတယ္ ၊ ဂ်ပန္က သုတ္ေဆး ထုတ္လုပ္တဲ့ ကုမၼဏီေတြက သစ္ေစး တေပါင္ကို ကန္ေဒၚလာ ၇ ေဒၚလာနဲ႔ ၁၀ ေဒၚလာအ ၾကားမွာ ေဈးႀကီးေပးၿပီး ရသေလာက္ဝယ္ယူတယ္ ၊ သစ္ေစးပင္ေတြကို စနစ္တက်ေမြးျမဴၿပီး အေစးထုတ္ ႏိုင္မယ္ဆိုရင္ တိုင္းျပည္အတြက္ ျပည္ပဝင္ေငြ ရရွိလာမွာျဖစ္သလို ၊ ေဒသခံေတြလဲ အလုပ္အကိုင္အခြင့္အ လမ္းေတြ ျမင့္မားလာမွာျဖစ္တယ္ ၊ ထင္းအျဖစ္ အခုလို ခုတ္ေရာင္းေနေတာ့ သစ္ေစးပင္ေတြ မၾကာခင္ မ်ိဳး သုဥ္းသြားၿပီး တိုင္းအစိုးရအဖြဲ႕အတြက္လဲ အနာဂါတ္ ဘ႑ာေရး ထိခိုက္လာႏိုင္တယ္ ”လို႔ စက္မႈကုန္ ၾကမ္း သုေတသီ စီးပြားေရး ပညာရွင္ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ကေလးဝၿမိဳ႕နယ္ ၊ တန္ဆည္ၿမိဳ႕နယ္ ၊ ေရဦးၿမိဳ႕နယ္ ၊ ကနီၿမိဳ႕နယ္ နဲ႔ ၊မင္းကင္းၿမိဳ႕နယ္ အၾကားမွာ တည္ရွိ ေနတဲ့ မဟာၿမိဳင္ သစ္ေတာႀကီးအတြင္း ပ်ဥ္းကိုင္းေက်း႐ြာနဲ႔ ေမာကၠေတာ္ေက်း႐ြာအၾကား သဘာ၀ အ ေလ်ာက္ေပါက္ေရာက္ေနတဲ့ သစ္ေစးပင္းေတြကို ခုတ္လဲျခင္းမျပဳလုပ္ဖို႔ သစ္ေတာေရးရာဌာနက လြန္ခဲ့တဲ့ ၅ ႏွစ္ေက်ာ္ကစလို႔ တားျမစ္အမိန႔္ထုတ္ထားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီ တားျမစ္အမိန႔္ကို လိုက္နာမႈမရွိတဲ့ ေဒသခံ ထင္းလုပ္ငန္းရွင္ေတြက ဝင္ေရာက္ခုတ္လဲၿပီး ရရွိလာတဲ့ ထင္းေတြကို မုံ႐ြာၿမိဳ႕နယ္ နဲ႔ ဘုတလင္ၿမိဳ႕နယ္အၾကား ခ်င္းတြင္းျမစ္ေဘးမွာ ရွိတဲ့ အုတ္လုပ္ငန္းေတြဆီ ျပန္ လည္ေရာင္းခ်ၾကတာျဖစ္ပါတယ္။

“ အရင္တုန္းကေတာ့ သစ္ေစးထုတ္တာကို မိ႐ိုဖလာ အလုပ္တစ္ခုအေနနဲ႔ လုပ္ကိုင္ခဲ့တယ္ ၊ ျပည္တြင္း သစ္ေစးေဈးကြက္က ေပ်ာက္ေနတာၾကာၿပီ ၊ သစ္ေစးဟာ အဖိုးတန္မွန္း သိၾကတယ္ ၊ ေဈးကြက္ရွာေပးၿပီး ကုန္ေခ်ာယူတာ အခြန္ေဆာင္းခိုင္းတာ ဘာတခုမွမရွိေတာ့ ထင္းအျဖစ္ဘဲ ခုတ္ေရာင္းတယ္ ၊ ထင္းတစ္ တန္ကို မုံ႐ြာနယ္ ကိုင္း႐ြာအေရာက္ ေလးေသာင္းခြဲရတယ္ ” လို႔ မင္းကင္းၿမိဳ႕နယ္ ေျမႇာင္းစင္းေက်း႐ြာေန ထင္းလုပ္ငန္းရွင္ တစ္ဦးက ေျပာပါတယ္။

ဒါ့အျပင္ မဟာၿမိဳင္သစ္ေတာႀကီးကို အမွီျပဳေနထိုင္ၾကတဲ့ ေက်း႐ြာေတြရွိပါတယ္ ၊ အဲ့ဒီေက်း႐ြာက ေဒသခံ ျပည္သူေတြဟာ သစ္ေတာသံယဇတေတြကို အဓိကထားၿပီး စားဝတ္ေနေရးအတြက္ ႐ုန္ကန္ေနၾကရတာ ျဖစ္ပါတယ္ ၊ သက္ဆိုင္ရာက ျပည္တြင္း ျပည္ပ သစ္ေစးေဈးကြက္ကို ရွာေဖြလုပ္ေဆာင္ေပးမယ္ဆိုပါက ေဒသခံေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရရွိလာမွာျဖစ္သလို ၊ ႏိုင္ငံေတာ္အတြက္လဲ ျပည္ပ ဝင္ေငြ တိုးျမင့္ ရရွိလာမွာျဖစ္တယ္လို႔ စီးပြားေရး ပညာရွင္ေတြရဲ႕ သုံးသပ္ေျပာဆိုတာကို သိရပါတယ္။

#voiceofmyanmar #VOM #သစ္ေဆး #အုတ္ဖို

Related posts

Leave a Comment

VOM News

FREE
VIEW