အာဖဂန်မှာ ရေဘေးကြောင့် လူ (၁၀၀)ထက်မနည်းသေဆုံး

အာဖဂန်မှာ ရေဘေးကြောင့် လူ (၁၀၀)ထက်မနည်းသေဆုံး

ကဘူး၊ သြဂုတ်၂၇-၂၀၂၀
မျိုးဆက် (VOM)

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ပါဝန်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူဦးရေ (၁၀၀)ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အချိန်အခါမဟုတ် မိုးရွာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ရေကြီးမှုဟာ ဒေသခံတွေ အိပ်ပျော်နေစဉ်အတွင်း သြဂုတ်၂၆ရက် မနက်အစောပိုင်းက ချာရီကာမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရေကြီးမှုကြောင့် လူပေါင်းဒါဇင်နဲ့ချီကာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး လူနေအိမ်၅၀၀နီးပါး ပျက်ဆီးသွားတယ်လို့ အာဖဂန်နစ္စတန် ဘေးအန္တရာယ်ထိန်းချုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေဟာ အဆောက်အဦးပျက်တွေအကြား အသက်ရှင်ကျန်သူတွေကို ဆက်လက်ရှာဖွေနေပြီး သေဆုံးသူအရေအတွက် မြှင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ရာပေါင်းများစွာထိရှိလာနိုင်တယ်လို့ ပါဝန်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရေကြီးရေလျှံမှုတွေဟာ အခြားပြည်နယ်အချို့မှာလည်း ဖြစ်ပွားခဲ့တယ်လို့ သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဖဂန်နစ်စ္စတန်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နွေရာသီကာလတွေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မကြာခဏဆိုသလို ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ကဘူး

Zawgyi

အာဖဂန္မွာ ေရေဘးေၾကာင္႔ လူ (၁၀၀)ထက္မနည္းေသဆံုး

ကဘူး၊ ၾသဂုတ္၂၇-၂၀၂၀
မ်ိဳးဆက္ (VOM)

အာဖဂန္နစၥတန္ႏုိင္ငံေျမာက္ပုိင္း ပါဝန္ျပည္နယ္မွာ ေရၾကီးေရလွ်ံမႈေတြ ျဖစ္ပြားခဲ႔တာေၾကာင္႔ လူဦးေရ (၁၀၀)ထက္မနည္း ေသဆံုးသြားတယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။

အခ်ိန္အခါမဟုတ္ မိုးရြာျခင္းေၾကာင့္ျဖစ္ေပၚလာတဲ႔ ေရၾကီးမႈဟာ ေဒသခံေတြ အိပ္ေပ်ာ္ေနစဥ္အတြင္း ၾသဂုတ္၂၆ရက္ မနက္အေစာပိုင္းက ခ်ာရီကာျမိဳ႔မွာ ျဖစ္ပြားခဲ႔တာျဖစ္ပါတယ္။

ေရၾကီးမႈေၾကာင့္ လူေပါင္းဒါဇင္နဲ႔ခ်ီကာ ထိခုိက္ဒဏ္ရာေတြရရွိခဲ့ၿပီး လူေနအိမ္၅၀၀နီးပါး ပ်က္ဆီးသြားတယ္လို႔ အာဖဂန္နစၥတန္ ေဘးအႏၱရာယ္ထိန္းခ်ဳပ္ေရးဝန္ၾကီးဌာနက ေျပာပါတယ္။

ကယ္ဆယ္ေရးလုပ္သားေတြဟာ အေဆာက္အဦးပ်က္ေတြအၾကား အသက္ရွင္က်န္သူေတြကို ဆက္လက္ရွာေဖြေနျပီး ေသဆံုးသူအေရအတြက္ ျမွင့္တက္လာႏုိင္ဖြယ္ရွိတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ေရၾကီးေရလွ်ံမႈေၾကာင္႔ ေသဆံုးသူ ရာေပါင္းမ်ားစြာထိရိွလာနိုင္တယ္လို႔ ပါ၀န္ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

ေရၾကီးေရလွ်ံမႈေတြဟာ အျခားျပည္နယ္အခ်ိဳ႕မွာလည္း ျဖစ္ပြားခဲ႔တယ္လို႔ သဘာ၀ေဘးစီမံခန္႔ခြဲေရး၀န္ၾကီးဌာနက ေျပာပါတယ္။

အာဖဂန္နစ္စၥတန္ေျမာက္ပိုင္းနဲ႔ အေရွ႕ပိုင္းတို႔မွာ ေႏြရာသီကာလေတြအတြင္း မိုးသည္းထန္စြာရြာသြန္းမႈေတြေၾကာင္႔ မၾကာခဏဆိုသလို ေရၾကီးေရလွ်ံမႈေတြ ျဖစ္ေပၚေလ႔ရိွပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW