ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးကနေ နှုတ်ထွက်တော့မယ်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးကနေ နှုတ်ထွက်တော့မယ်

တိုကျို၊ သြဂုတ်-၂၈-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် ရာထူးကနေ နှုတ်ထွက်ဖို့ စီစဉ်ထားတယ်လို့ သူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး NHK သတင်းဌာနက ဖော်ပြထားပါတယ်။

သူဟာ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါတစ်ခုကို နှစ်ပေါင်းများစွာ ခံစားနေခဲ့ရပြီး မကြာသေးမီက ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။

အသက် ၆၅ နှစ်အရွယ် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဟာ သူ့ရဲ့အစိုးရအဖွဲ့မှာ ပြသနာတွေဖြစ်လာမှာကိုလည်း ရှောင်ရှားလိုတဲ့ဆန္ဒရှိနေတယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။

ရှင်ဇိုအာဘေးဟာ ၂၀၁၂ ခုနှစ်မှာ အာဏာရရှိပြီးနောက်ပိုင်း ဂျပန်နိုင်ငံမှာ ရာထူးတာဝန်ကို အကြာရှည်ဆုံး ဆက်တိုက်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်ကတည်းက ဖြစ်ပွားခဲ့တဲ့ အစာအိမ် အူလမ်ကြောင်းရောဂါကြောင့် ၂၀၀၇ ခုနှစ်ကလည်း ဝန်ကြီးချုပ်ရာထူးကနေ ရုတ်တရက်နှုတ်ထွက်ခဲ့ဖူးပါတယ်။

သူဟာ မကြာသေးမီက တစ်ပတ်အတွင်း ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှုနှစ်ကြိမ်ပြုလုပ်ခဲ့ရပြီးနောက် ကျန်းမာရေးအခြေ ဆိုးရွားခြင်းရှိမရှိအပေါ် မေးခွန်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုပါက ရှင်ဇိုအာဘေးဟာ ဝန်ကြီးချုပ်ရာထူးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ အထိထမ်းဆောင်ရမှာဖြစ်ပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Zawgyi

ဂ်ပန္၀န္ၾကီးခ်ဳပ္ ရွင္ဇိုအာေဘး ရာထူးကေန နႈတ္ထြက္ေတာ႔မယ္

တိုက်ဳိ၊ ၾသဂုတ္-၂၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္၀န္ၾကီးခ်ဳပ္ ရွင္ဇိုအာေဘးဟာ က်န္းမာေရးအေျခအေနမေကာင္းတာေၾကာင္႔ ရာထူးကေန နႈတ္ထြက္ဖို႔ စီစဥ္ထားတယ္လို႔ သူနဲ႔နီးစပ္တဲ႔ သတင္းရင္းျမစ္ေတြကို ကိုးကားျပီး NHK သတင္းဌာနက ေဖာ္ျပထားပါတယ္။

သူဟာ အစာအိမ္အူလမ္းေၾကာင္းဆိုင္ရာ နာတာရွည္ေရာဂါတစ္ခုကို နွစ္ေပါင္းမ်ားစြာ ခံစားေနခဲ႔ရျပီး မၾကာေသးမီက က်န္းမာေရးအေျခအေန ပိုမိုဆိုးရြားလာခဲ႔တယ္လို႔ သိရပါတယ္။

အသက္ ၆၅ နွစ္အရြယ္ ၀န္ၾကိ္ီးခ်ဳပ္ရွင္ဇိုအာေဘးဟာ သူ႔ရဲ႔အစိုးရအဖြဲ႔မွာ ျပသနာေတြျဖစ္လာမွာကိုလည္း ေရွာင္ရွားလိုတဲ့ဆႏၵရိွေနတယ္လို႔ NHK သတင္းဌာနက ေဖာ္ျပထားပါတယ္။

ရွင္ဇိုအာေဘးဟာ ၂၀၁၂ ခုနွစ္မွာ အာဏာရရိွျပီးေနာက္ပိုင္း ဂ်ပန္နိုင္ငံမွာ ရာထူးတာ၀န္ကို အၾကာရွည္ဆံုး ဆက္တိုက္ထမ္းေဆာင္ခဲ႔တဲ႔ ၀န္ၾကိီးခ်ဳပ္တစ္ဦးျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္အရြယ္ကတည္းက ျဖစ္ပြားခဲ႔တဲ႔ အစာအိမ္ အူလမ္ေၾကာင္းေရာဂါေၾကာင္႔ ၂၀၀၇ ခုနွစ္ကလည္း ၀န္ၾကီးခ်ဳပ္ရာထူးကေန ရုတ္တရက္နႈတ္ထြက္ခဲ႔ဖူးပါတယ္။

သူဟာ မၾကာေသးမီက တစ္ပတ္အတြင္း ေဆးရံုမွာ က်န္းမာေရးစစ္ေဆးမႈနွစ္ၾကိမ္ျပဳလုပ္ခဲ႔ရျပီးေနာက္ က်န္းမာေရးအေျခ ဆိုးရြားျခင္းရိွမရိွအေပၚ ေမးခြန္းေတြလည္းထြက္ေပၚခဲ႔ပါတယ္။ ပံုမွန္အတိုင္းဆိုပါက ရွင္ဇိုအာေဘးဟာ ၀န္ၾကီးခ်ဳပ္ရာထူးကို ၂၀၂၁ ခုနွစ္ စက္တင္ဘာလ အထိထမ္းေဆာင္ရမွာျဖစ္ပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #တိုက်ိဳ

Related posts

Leave a Comment

VOM News

FREE
VIEW