တရုတ်နိုင်ငံမှာ အလုပ်သမားတွေကို Covid-19 ကာကွယ်ဆေးစမ်းသပ်ထိုးပေး

တရုတ်နိုင်ငံမှာ အလုပ်သမားတွေကို Covid-19 ကာကွယ်ဆေးစမ်းသပ်ထိုးပေး

ရှန်ဟိုင်း|ဩဂုတ်-၂၈-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

Covid-19ကာကွယ်ဆေးထုတ်လုပ်မှုရဲ့ အဆင့် ၃ဖြစ်တဲ့ လူအများအပြားနဲ့ စမ်းသပ်တဲ့ လုပ်ငန်းအဖြစ် ပစိဖိတ်ကျွန်းနိုင်ငံမှာ သတ္တုတွင်းကိုလုပ်ကိုင်ဖို့သွားတဲ့ အလုပ်သမား ၄၈ ဦး ကို သြဂုတ်လအစောပိုင်းက စမ်းသပ်ထိုးပေးထားကြောင်း တရုတ်အစိုးရပိုင်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

အတည်မပြုရသေးတဲ့ စမ်းသပ်မှုတွေဟာ တရားဝင်အဆင့်သုံးဆင့်စစ်ဆေးခြင်းမဟုတ်ဘဲ အရေးပေါ်ပါဝါကာကွယ်ဆေးထိုးခြင်း စမ်းသပ်ခြင်းတွေကို အလုပ်ရှင်က စမ်းသပ်နေတယ်လို့ တရုတ်အလုပ်သမားအများက ဖေါပြပြီးတဲ့နောက်မကြာခင်မှာဘဲ ပါပူဝါနယူးဂီနီနိုင်ငံက အလုပ်သမားတွေကို ဝင်ရောက်ဖို့ငြင်းဆန်ခဲ့ပါတယ်။

ဒီစမ်းစပ်မှုမှာပါတဲ့ အချို့အလုပ်သမားတွေမှာ Covid-19 ရောဂါရရှိနိုင်တယ်လို့လည်း ပါပူဝါနယူးဂီနီ အာဏာပိုင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်ကျန်းမာရေးဌာန အကြီးတန်းအရာရှိတစ်ဦး ပြောတာကတော့ တရုတ်မှာ ပြီးခဲ့တဲ့လကစပြီး အရေးကြီးတဲ့ ပြည်သူ့အရာရှိတွေကို ကာကွယ်ဆေးစစ်ဆေးမှု လျို့ဝှက်ပြုလုပ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါဟာအစိုးရနဲ့ ဆေးဝါးကုမ္ပဏီတွေအကြား ကောင်းမွန်စွာမှတ်တမ်းတင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ Zheng Zhongwei က National Television ကိုပြောကြားရာမှာ ကာကွယ်ဆေးများဖွံ့ဖြိုးတိုးတက်မှုကိုအသုံးပြုရန်အတွက် အရေးပေါ်စွမ်းအင်အဖြစ် နယ်စပ်ရှိအရာရှိတွေနဲ့ အခြားဒေသတွေမှာ ကာကွယ်ဆေးထိုးရန်ခွင့်ပြုတယ်လို့ အမျိုးသားရုပ်မြင်သံကြားဌာနကို ပြောကြားခဲ့ပါတယ်။

ဒီလအစောပိုင်းက တရုတ်နိုင်ငံရှိနာမည်ကြီးပုဂ္ဂလိကလုပ်ငန်းအဖွဲ့အကြီးအကဲက
ဝန်ထမ်းတွေကိုပြောကြားရာတာမှာ Covid-19ကာကွယ်ဆေးသစ်ကို
နိုဝင်ဘာလမှာ စတင်ဖို့ မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်၊

ကမ္ဘာလုံးဆိုင်ရာကျယ်ပြန့်တဲ့ စမ်းသပ်မှုတွေရဲ့ နောက်ဆုံးအဆင့် ၆ ခုရှိတာမှာ တရုတ်နိုင်ငံက ထက်ဝက်လောက် ပါဝင်နေပါတယ်။ ဒီလိုစမ်းသပ်မှုတွေမှာ အမျိုးမျိုးဒီဂရီရှိပါတယ်။ UAE,၊ Peru နဲ့ Argentina စတဲ့ နိုင်ငံပေါင်းထောင်ချီက အဆင့်မြင့် စမ်းသပ်စစ်ဆေးမှုများပြုလုပ်နေကြောင်း တရုတ်နိုင်ငံကအတည်ပြုပြောကြားခဲ့ပါတယ်။

ဟောင်ကောင်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာန ပါမောက္ခ Ben Cowling ကလည်း “ကာကွယ်ဆေးထုတ်လုပ်သူအားလုံးသည်က ိုဗစ်အသစ်၏ထုတ်လွှင့်နှုန်းအတော်အတန်မြင့်မားသောအဆင့်-၃ စမ်းသပ်မှုနေရာကိုရှာဖွေနေကြောင်း၊ (အဆင့်-၃ စမ်းသပ်မှုတွင်လ ူထောင်ပေါင်းများစွာသည်ကာကွယ်ဆေးထိုးခံကြရတယ်) ” လို့ ပြောပါတယ်။

သူက လက်ရှိတရုတ်နိုင်ငံကာကွယ်ဆေးတွေ အပါအဝင် လက်ရှိကာကွယ်ဆေးတွေအားလုံးကို အကောင်းမြင်ပြီး အခုတတိယအဆင့်မှာရှိနေတဲ့ ကာကွယ်ဆေးတွေ အားလုံးထိရောက်မှုရှိတယ်လို့ ယူဆထားပါတယ်။

ပါမောက္ခ BenCowlingက “ကာကွယ်ဆေးတချို့က ဒီဇင်ဘာလမှာရနိုင်မယ်ထင်တယ်၊ဒါပေမယ့် သူတို့ကများများစားစားရနိုင်မလား မရနိုင်ဘူးလားဆိုတာမသေချာသေးကြောင်းနဲ့ ၂၀၂၁ နွေရာသီမှာတော့ အားလုံးCovid-19 ကာကွယ်ဆေးထိုးနိုင်တဲ့အချိန်ဖြစ်လာနိုင်မယ်” လို့ မျှော်မှန်းထားပါတယ်။

REF: BBC
#voiceofmyanmar #VOM #ရှန်ဟိုင်း

Zawgyi

တ႐ုတ္ႏိုင္ငံမွာ အလုပ္သမားေတြကို Covid-19 ကာကြယ္ေဆးစမ္းသပ္ထိုးေပး

ရွန္ဟိုင္း|ဩဂုတ္-၂၈-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

Covid-19ကာကြယ္ေဆးထုတ္လုပ္မႈရဲ႕ အဆင့္ ၃ျဖစ္တဲ့ လူအမ်ားအျပားနဲ႔ စမ္းသပ္တဲ့ လုပ္ငန္းအျဖစ္ ပစိဖိတ္ကြၽန္းႏိုင္ငံမွာ သတၱဳတြင္းကိုလုပ္ကိုင္ဖို႔သြားတဲ့ အလုပ္သမား ၄၈ ဦး ကို ၾသဂုတ္လအေစာပိုင္းက စမ္းသပ္ထိုးေပးထားေၾကာင္း တ႐ုတ္အစိုးရပိုင္ကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္မွာ ေတြ႕ရပါတယ္။

အတည္မျပဳရေသးတဲ့ စမ္းသပ္မႈေတြဟာ တရား၀င္အဆင့္သုံးဆင့္စစ္ေဆးျခင္းမဟုတ္ဘဲ အေရးေပၚပါဝါကာကြယ္ေဆးထိုးျခင္း စမ္းသပ္ျခင္းေတြကို အလုပ္ရွင္က စမ္းသပ္ေနတယ္လို႔ တ႐ုတ္အလုပ္သမားအမ်ားက ေဖါျပၿပီးတဲ့ေနာက္မၾကာခင္မွာဘဲ ပါပူဝါနယူးဂီနီႏိုင္ငံက အလုပ္သမားေတြကို ဝင္ေရာက္ဖို႔ျငင္းဆန္ခဲ့ပါတယ္။

ဒီစမ္းစပ္မႈမွာပါတဲ့ အခ်ိဳ႕အလုပ္သမားေတြမွာ Covid-19 ေရာဂါရရွိႏိုင္တယ္လို႔လည္း ပါပူဝါနယူးဂီနီ အာဏာပိုင္ေတြက ဆိုပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က တ႐ုတ္က်န္းမာေရးဌာန အႀကီးတန္းအရာရွိတစ္ဦး ေျပာတာကေတာ့ တ႐ုတ္မွာ ၿပီးခဲ့တဲ့လကစၿပီး အေရးႀကီးတဲ့ ျပည္သူ႔အရာရွိေတြကို ကာကြယ္ေဆးစစ္ေဆးမႈ လ်ိဳ႕ဝွက္ျပဳလုပ္ခဲ့တယ္လို႔ အတည္ျပဳခဲ့ပါတယ္။

ဒါဟာအစိုးရနဲ႔ ေဆးဝါးကုမၸဏီေတြအၾကား ေကာင္းမြန္စြာမွတ္တမ္းတင္ထားတဲ့ ကမာၻလုံးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ဆိုပါတယ္။

တ႐ုတ္အမ်ိဳးသားက်န္းမာေရးေကာ္မရွင္မွ Zheng Zhongwei က National Television ကိုေျပာၾကားရာမွာ ကာကြယ္ေဆးမ်ားဖြံ႕ၿဖိဳးတိုးတက္မႈကိုအသုံးျပဳရန္အတြက္ အေရးေပၚစြမ္းအင္အျဖစ္ နယ္စပ္ရွိအရာရွိေတြနဲ႔ အျခားေဒသေတြမွာ ကာကြယ္ေဆးထိုးရန္ခြင့္ျပဳတယ္လို႔ အမ်ိဳးသား႐ုပ္ျမင္သံၾကားဌာနကို ေျပာၾကားခဲ့ပါတယ္။

ဒီလအေစာပိုင္းက တ႐ုတ္ႏိုင္ငံရွိနာမည္ႀကီးပုဂၢလိကလုပ္ငန္းအဖြဲ႕အႀကီးအကဲက
၀န္ထမ္းေတြကိုေျပာၾကားရာတာမွာ Covid-19ကာကြယ္ေဆးသစ္ကို
ႏို၀င္ဘာလမွာ စတင္ဖို႔ ေမွ်ာ္လင့္ေၾကာင္းေျပာၾကားခဲ့ပါတယ္၊

ကမာၻလုံးဆိုင္ရာက်ယ္ျပန႔္တဲ့ စမ္းသပ္မႈေတြရဲ႕ ေနာက္ဆုံးအဆင့္ ၆ ခုရွိတာမွာ တ႐ုတ္ႏိုင္ငံက ထက္ဝက္ေလာက္ ပါဝင္ေနပါတယ္။ ဒီလိုစမ္းသပ္မႈေတြမွာ အမ်ိဳးမ်ိဳးဒီဂရီရွိပါတယ္။ UAE,၊ Peru နဲ႔ Argentina စတဲ့ ႏိုင္ငံေပါင္းေထာင္ခ်ီက အဆင့္ျမင့္ စမ္းသပ္စစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း တ႐ုတ္ႏိုင္ငံကအတည္ျပဳေျပာၾကားခဲ့ပါတယ္။

ေဟာင္ေကာင္တကၠသိုလ္ ျပည္သူ႔က်န္းမာေရးဌာန ပါေမာကၡ Ben Cowling ကလည္း “ကာကြယ္ေဆးထုတ္လုပ္သူအားလုံးသည္က ိုဗစ္အသစ္၏ထုတ္လႊင့္ႏႈန္းအေတာ္အတန္ျမင့္မားေသာအဆင့္-၃ စမ္းသပ္မႈေနရာကိုရွာေဖြေနေၾကာင္း၊ (အဆင့္-၃ စမ္းသပ္မႈတြင္လ ူေထာင္ေပါင္းမ်ားစြာသည္ကာကြယ္ေဆးထိုးခံၾကရတယ္) ” လို႔ ေျပာပါတယ္။

သူက လက္ရွိတ႐ုတ္ႏိုင္ငံကာကြယ္ေဆးေတြ အပါအဝင္ လက္ရွိကာကြယ္ေဆးေတြအားလုံးကို အေကာင္းျမင္ၿပီး အခုတတိယအဆင့္မွာရွိေနတဲ့ ကာကြယ္ေဆးေတြ အားလုံးထိေရာက္မႈရွိတယ္လို႔ ယူဆထားပါတယ္။

ပါေမာကၡ BenCowlingက “ကာကြယ္ေဆးတခ်ိဳ႕က ဒီဇင္ဘာလမွာရႏိုင္မယ္ထင္တယ္၊ဒါေပမယ့္ သူတို႔ကမ်ားမ်ားစားစားရႏိုင္မလား မရႏိုင္ဘူးလားဆိုတာမေသခ်ာေသးေၾကာင္းနဲ႔ ၂၀၂၁ ေႏြရာသီမွာေတာ့ အားလုံးCovid-19 ကာကြယ္ေဆးထိုးႏိုင္တဲ့အခ်ိန္ျဖစ္လာႏိုင္မယ္” လို႔ ေမွ်ာ္မွန္းထားပါတယ္။

REF: BBC
#voiceofmyanmar #VOM #ရွန္ဟိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW