ရွှေစက်တော်ဘေးမဲ့တောက ခိုးယူခံရတဲ့ ကြယ်လိပ်တွေထဲက ၉ကောင်ကိုပြန်ရှာတွေ့

ရွှေစက်တော်ဘေးမဲ့တောက ခိုးယူခံရတဲ့ ကြယ်လိပ်တွေထဲက ၉ကောင်ကိုပြန်ရှာတွေ့

မကွေး၊ သြဂုတ်၂၈-၂၀၂၀
ဂျန်ကိုးလ်( VOM )

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၂ရက်နေ့က ခိုးယူခံရတဲ့ မြန်မာ့မျိုးရင်းကြယ်လိပ် (၁၅၇) ကောင်ထဲက ၉ကောင်ကို မနေ့သြဂုတ်၂၇ရက်နေ့က မကွေးရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့ပြီး ဘေးမဲ့တောကိုပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

”၉ကောင်ပြန်ရတာဟုတ်ပါတယ်၊ လိပ်တွေကျန်းမာရေးကောင်းပါတယ်၊ တကယ်တော့ ၁၀ကောင်၊ ၁ကောင်က ကျနော်တို့လွှတ်ထားတဲ့ အသက်ကြီးကြီးအကောင်ပေါ့၊ ၉ကောင်က ကျွန်တော့်ခြံကနေပျောက်တဲ့အကောင်ပါ၊ ယာဉ်တိုက်မှုတစ်ခုကနေ အထုတ်ကျကျန်ခဲ့တာ၊ လှုပ်လှုပ်နဲ့ဆိုတော့မြွေတွေထင်တာ နောက်မှလိပ်တွေဖြစ်နေတာ” လို့ပြောတယ်”လို့ ရွှေစက်တောာ် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးတင့်က VOMကိုပြောပါတယ်။

ကြယ်လိပ်တွေကို ယူဆောင်သွားခဲ့တဲ့ အမျိုးသားကို (ပ)၃/(၂၀၂၀)၊ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်း‌ရေးနယ်မြေကာကွယ်‌စောင့်ရှောက်ခြင်းဆိုင်ရာ ဥပ‌ဒေပုဒ်မ-၄၁(က)နဲ့ စကုနယ်‌မြေရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။

အမှုဖွင့်တာနဲ့ပတ်သက်ပြီး မကွေးယာဉ်ထိန်းတပ်ဖွဲ့ကို အတည်ပြုဖို့အတွက် ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရွှေစက်တော်ဘေးမဲ့တောရဲ့ ဦးစီးအရာရှိဦးသိန်းလွင်ကလည်း ” မြန်မာ့ကြယ်လိပ်တွေဟာ အင်္ဂလိပ်အမည် Burmese Star Tortoise၊ သိပ္ပံအမည် Geochelone Platynotaလို့ ခေါ်ဆိုပြီး၊ လက်ရှိ မျိုးတုန်းဖို့အလွန်နီးတဲ့အတွက် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်
မြေများ ထိန်းသိမ်းရေဥပဒေ (၁၉၉၄)နဲ့ ငါးလုပ်ငန်းဥပဒေ (၁၉၉၃)အရ ကာကွယ်ထားတယ်”လို့ ပြောပါတယ်။

အခုအခါ ရွှေစက်တော်တော်ရိုင်းတိရစ္ဆာန်ဘေးမဲ့တောထဲကနေ ပျောက်ဆုံးနေတဲ့ ကြယ်လိပ်အကောင်ရေ (၁၄၈) ကောင် ပျောက်ဆုံးနေသေးတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မကွေး

Zawgyi


မကွေး၊ သြဂုတ်၂၈-၂၀၂၀
ဂျန်ကိုးလ်( VOM )








Related posts

Leave a Comment

VOM News

FREE
VIEW