အမြန်လမ်းမှာရပ်ထားတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ် ဝင်တိုက်၊ လူ၂ဦးသေဆုံး

အမြန်လမ်းမှာရပ်ထားတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ် ဝင်တိုက်၊ လူ၂ဦးသေဆုံး

နေပြည်တော်၊ဩဂုတ်၂၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်-၁၅၃ အနီးမှာ ဒီကနေ့မနက်၂ နာရီခွဲခန့်က ရပ်ထားတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ်တစ်စီးက နောက်ကနေ ဝင်တိုက်မိရာ ကုန်တင်ယာဉ်ပေါ်က အမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

“ကုန်တင်ယာဉ်က တရားဝင်ဖြတ်သန်းမောင်းနှင်ခွင့်ရှိပါတယ်။ အရေးယူမှုအပိုင်းမှာတော့ ဝင်တိုက်တဲ့ ကုန်ကားဒရိုင်ဘာကို အရေးယူတယ်။ ကုန်တင်ယာဉ်မောင်းနဲ့ စပါယ်ယာသေဆုံးသွားပြီး ခရီးသည်တင်ယာဉ်က အမျိုးသားတစ်ဦး ဒဏ်ရာရတယ်”လို့ ဇီးပင်သာအမြန်လမ်းရဲစခန်းမှူးက ပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း မကွေး- ရန်ကုန် ပြေးဆွဲ‌နေတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ဟာ မိုင်တိုင်-၁၅၃အနီးမှာ စက်ချို့ယွင်းလို့ ရပ်တန့် ပြုပြင်နေချိန် အနောက်ကနေ အသက်(၂၇နှစ်)အရွယ် အမျိုးသား ၁ဦး မောင်းလာတဲ့ ဟွန်ဒိုင်းအမျိုးအစား ကုန်တင်ယာဉ်တစ်စင်းက အရှိန်နဲ့ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ရွှေမန်းသူယာဉ်လိုင်းမှ အမျိုးသားတစ်ဦးသာ ထိခိုက်ဒဏ်ရာရခဲ့ပြီး
ကုန်တင်ယာဉ်ပေါ်က ယာဉ်မောင်းနဲ့ စပါယ်ယာတို့ကတော့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကုန်တင်ယာဉ်မောင်းနှင်သူ အသက် ၁၇ နှစ်အရွယ် အမျိုးသားကို ဇီးပင်သာအမြန်လမ်းရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၁၇/၂၀၂၀၊ ရာဇသတ်ကြီးဥ
ပဒေပုဒ်မ ၃၀၄-က/၃၃၇အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo – အမြန်လမ်းရဲတပ်ဖွဲ့
#voiceofmyanmar #VOM #နေပြည်တော်

Zawgyi


ကောင်းလက်ျာ(VOM)







Related posts

Leave a Comment

VOM News

FREE
VIEW