ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ပထမအကြိမ်မြေရောင်းချမှု ငွေကျပ် သန်း ၅၀၀၀ ကျော်သာ ရရှိထား

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ပထမအကြိမ်မြေရောင်းချမှု ငွေကျပ် သန်း ၅၀၀၀ ကျော်သာ ရရှိထား

ရန်ုကုန် ၊ သြဂုတ် ၂၉-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ ပထမအကြိမ် ရောင်းချပေးခဲ့တဲ့ မြေကွက်တန်ဖိုး ကျပ်သန်းပေါင်း ၁၇၃၀၅ သန်းကျော်ဖို့ရှိခဲ့ပေမယ့် အမှန်တကယ် ရောင်းရပြီး ငွေလက်ခံရရှိတာက ကျပ်သန်း ၅၀၀၀ ကျော်သာရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေတွေကို ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ထုတ်ရောင်းပေးမှုအတွက် မြေကွက် ၁၉၇ ကွက်(တန်ဖိုး ငွေကျပ် သန်း ၁၇၀၀၀ကျော်) ရောင်းချပေးခဲ့ပေမယ့် ဝယ်ယူခွင့်ရရှိသူတွေဟာ မြေကွက် ၆၉ ကွက်တန်ဖိုး ကျပ် သန်းပေါင်း ၅ထောင်ကျော်ကိုသာ လာရောက်ပေးသွင်းခဲ့တာကြောင့် ရောင်းချရတဲ့မြေကွက်ရဲ့ သုံးပုံ တစ်ပုံနီးပါးသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

” ငွေပေးသွင်းခြင်းမရှိတဲ့ ကျန်မြေကွက်တွေကို နောက်ဆုံးထားပေးသွင်းရမယ့်ရက်လည်း သတ်မှတ်ပေးခဲ့ပေမယ့် လာမသွင်းခဲ့ဘူး။ဒါကြောင့် ပထမအကြိမ်ရောင်းချမှုကို စာရင်းချုပ်ပိတ်သိမ်းဆောင်ရွက်နေပါပြီ။တကယ်ရောင်းချပေးခဲ့တဲ့ မြေကွက်က ၁၉၇ ကွက်ပါ ဒါပေမယ့် ဝယ်ယူခွင့်ရရှိသူတွေက ၆၉ ကွက်ဖိုးပဲငွေလာသွင်းတာရှိတယ် ။” လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေကွက် ၅၀၀ ကျော်ကို ပထအမအကြိမ်အဖြစ် ထုတ်ရောင်းပေးခဲ့တာဖြစ်ပြီး မြေကွက်လျှောက်လွှာရောင်းရငွေအဖြစ် ကျပ်သန်း ၁၅၆ သန်းကျော်ကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့က ရောင်းချလိုက်တဲ့ မြေကွက်ဝယ်ယူခွင့်ရရှိထားသူတွေဟာ မြေကွက်ကို ၃ နှစ်အတွင်းပြန်လည်ရောင်းချခြင်းပြုလုပ်ခွင့်မရှိကြောင်း၊ မြေကွက်ပိုင်ဆိုင်ပြီဆိုတာနဲ့ တည်ဆောက်ရေးလုပ်ငန်းကို ချက်ခြင်းလုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

မြေကွက် ရောင်းချရရှိတဲ့ ငွေတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ငွေစာရင်းမှာ ပေးသွင်းသွားမှာဖြစ်ပြီး စည်ပင်သာယာနယ်နိမိတ်အတွင်းက သိမ်းဆည်းခံလယ်ယာမြေတွေကို မြေလျာလျော်ကြေး ပေးချေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းအစိုးရအဖြဲ႔ရဲ႔ ပထမအႀကိမ္ေျမေရာင္းခ်မႈ ေငြက်ပ္ သန္း ၅၀၀၀ ေက်ာ္သာ ရ႐ွိထား

ရႏ္ုကုန္ ၊ ၾသဂုတ္ ၂၉-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္တိုင္းအစိုးရအဖြဲ႔ကေန ပထမအႀကိမ္ ေရာင္းခ်ေပးခဲ့တဲ့ ေျမကြက္တန္ဖိုး က်ပ္သန္းေပါင္း ၁၇၃၀၅ သန္းေက်ာ္ဖို႔႐ွိခဲ့ေပမယ့္ အမွန္တကယ္ ေရာင္းရၿပီး ေငြလက္ခံရ႐ွိတာက က်ပ္သန္း ၅၀၀၀ ေက်ာ္သာ႐ွိတယ္လို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီး ဦးဟံထြန္းက ေျပာပါတယ္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႔စီမံခန္႔ခြဲပိုင္ခြင့္႐ွိတဲ့ ေျမေတြကို ထုတ္ေရာင္းေပးခဲ့ျခင္းျဖစ္ၿပီး ပထမအႀကိမ္ထုတ္ေရာင္းေပးမႈအတြက္ ေျမကြက္ ၁၉၇ ကြက္(တန္ဖိုး ေငြက်ပ္ သန္း ၁၇၀၀၀ေက်ာ္) ေရာင္းခ်ေပးခဲ့ေပမယ့္ ဝယ္ယူခြင့္ရရွိသူေတြဟာ ေျမကြက္ ၆၉ ကြက္တန္ဖိုး က်ပ္ သန္းေပါင္း ၅ေထာင္ေက်ာ္ကိုသာ လာေရာက္ေပးသြင္းခဲ့တာေၾကာင့္ ေရာင္းခ်ရတဲ့ေျမကြက္ရဲ႕ သုံးပုံ တစ္ပုံနီးပါးသာ ရ႐ွိခဲ့တယ္လို႔ သိရပါတယ္။

” ေငြေပးသြင္းျခင္းမရွိတဲ့ က်န္ေျမကြက္ေတြကို ေနာက္ဆုံးထားေပးသြင္းရမယ့္ရက္လည္း သတ္မွတ္​ေပးခဲ့ေပမယ့္ လာမသြင္းခဲ့ဘူး။ဒါေၾကာင့္ ပထမအႀကိမ္ေရာင္းခ်မွုကို စာရင္းခ်ဳပ္ပိတ္သိမ္းေဆာင္ရြက္ေနပါၿပီ။တကယ္ေရာင္းခ်ေပးခဲ့တဲ့ ေျမကြက္က ၁၉၇ ကြက္ပါ ဒါေပမယ့္ ဝယ္ယူခြင့္ရ႐ွိသူေတြက ၆၉ ကြက္ဖိုးပဲေငြလာသြင္းတာ႐ွိတယ္ ။” လို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီး ဦးဟံထြန္းက ေျပာပါတယ္။

ရန္ကုန္တိုင္းအစိုးရအဖြဲ့အေနနဲ့ စီမံခန္႔ခြဲပိုင္ခြင့္႐ွိတဲ့ ေျမကြက္ ၅၀၀ ေက်ာ္ကို ပထအမအႀကိမ္အျဖစ္ ထုတ္ေရာင္းေပးခဲ့တာျဖစ္ၿပီး ေျမကြက္ေလ်ွာက္လႊာေရာင္းရေငြအျဖစ္ က်ပ္သန္း ၁၅၆ သန္းေက်ာ္ကိုလည္း ရ႐ွိခဲ့တယ္လို႔ သိရပါတယ္။

အစိုးရအဖြဲ့က ​ေရာင္းခ်လိုက္တဲ့ ​ေျမကြက္ဝယ္ယူခြင့္ရ႐ွိထားသူေတြဟာ ေျမကြက္ကို ၃ ႏွစ္အတြင္းျပန္လည္ေရာင္းခ်ျခင္းျပဳလုပ္ခြင့္မ႐ွိေၾကာင္း၊ ေျမကြက္ပိုင္ဆိုင္ၿပီဆိုတာနဲ႔ တည္ေဆာက္ေရးလုပ္ငန္းကို ခ်က္ျခင္းလုပ္ေဆာင္ရမွာျဖစ္တယ္လို႔ သိရပါတယ္။

​ေျမကြက္ ​ေရာင္းခ်ရ႐ွိတဲ့ ​ေငြေတြကို ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီ ေငြစာရင္းမွာ ေပးသြင္းသြားမွာျဖစ္ၿပီး စည္ပင္သာယာနယ္နိမိတ္အတြင္းက သိမ္းဆည္းခံလယ္ယာေျမေတြကို ေျမလ်ာေလ်ာ္ေၾကး ေပးေခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW