ကိုဗစ်လူနာအမှတ်-၁၂၃၆ ထပ်မံသေဆုံး

ကိုဗစ်လူနာအမှတ်-၁၂၃၆ ထပ်မံသေဆုံး

ရန်ကုန် ၊စက်တင်ဘာ ၆-၂၀၂၀
သိင်္ဂီ (VOM)

သင်္ဃန်ကျွန်းမြို့နယ်က ကိုဗစ်လူနာအမှတ်-၁၂၃၆ဟာ မနေ့စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းက သေဆုံးသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ ဒေါက်တာခင်ခင်ကြီးက VOM ကို ပြောပါတယ်။

လူနာဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးချိုရောဂါအခံတွေကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ ဒီကနေ့မနက်ပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“လူနာက ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် နဂိုထဲကသူက နာတာရှည်ကျောက်ကပ်ပျက်စီးတာရှိတယ်။ ဆီးချိုရောဂါအခံကလည်းရှိတယ်။ ပြင်းထန်အဆုတ်ရောင်ရောဂါဆိုတာ နဂိုထဲက အဆုတ်ကလည်းမကောင်းဘူး၊ အခုလို ကိုဗစ် ၁၉ ကူးစက်ခံရတဲ့အခါကျ ရောဂါက ပိုပြီးတော့ဆိုးသွားတယ်။ သူ့ကေ့ရီပို့က ညမှရတော့ ခုမနက်မှ အသေးစိတ်ထည့်ရတာဖြစ်ပါတယ်။ သေတဲ့အခါ ဘာကြောင့်သေလဲ ဘာရောဂါကြောင့်လဲ သေချာစစ်ဆေးပြီးမှ ထုတ်ပြန်ရတာဖြစ်တယ်။”လို့ ဒေါက်တာခင်ခင်ကြီး က VOM ကိုပြောပါတယ်။

လူနာအမှတ်-၁၂၃၆ မှာ ကိုဗစ်ကူးစက်ခံထားရကြောင်းကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၅ ရက်နေ့ ည ၈ နာရီက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး လူနာကတော့ ရောဂါပိုးကူးစက်ခံထားရကြောင်းကို မထုတ်ပြန်ရသေးခင်အချိန်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

လူနာဟာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့သူဖြစ်ပြီး အသက် (၆၇) နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာပဲ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ ရောဂါအခံရှိသူတွေမှာဖြစ်ပွားခဲ့ရင် ပုံမှန်လူတွေထက်အခြေအနေပိုဆိုးပြီး ပြင်းထန်းနိုင်ကြောင်း၊ ပြင်းထန်မှုဟာ သေဆုံးတဲ့အထိဖြစ်နိုင်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့တုန်းကလည်း အသက် ၄၆ နှစ်အရွယ်ရှိတဲ့ ကိုဗစ်အတည်ပြုလူနာအမှတ်-၁၀၂၃ သေဆုံးခဲ့တာဖြစ်ပြီး အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁၃၁၆ ဦးနဲ့ သေဆုံးသူ ၈ ဦးထိ ရှိနေပါတယ်

Photo-MOHS
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ကိုဗစ္လူနာအမွတ္-၁၂၃၆ ထပ္မံေသဆံုး

ရန္ကုန္ ၊စက္တင္ဘာ ၆-၂၀၂၀
သိဂႌ (VOM)

သဃၤန္ကြ်န္းၿမိဳ႕နယ္က ကိုဗစ္လူနာအမွတ္-၁၂၃၆ဟာ မေန႔စက္တင္ဘာ ၅ ရက္ေန႔ ေန႔လယ္ပိုင္းက ေသဆုံးသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနမွ ေဒါက္တာခင္ခင္ႀကီးက VOM ကို ေျပာပါတယ္။

လူနာဟာ ျပင္းထန္အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္အသက္ရွူလမ္းေၾကာင္းပ်က္စီးျခင္း၊ နာတာရွည္ေက်ာက္ကပ္ပ်က္စီးျခင္း၊ ဆီးခ်ိဳေရာဂါအခံေတြေၾကာင့္ ေသဆုံးသြားတာျဖစ္တယ္လို႔ ဒီကေန႔မနက္ပိုင္းမွာ က်န္းမာေရးဝန္ႀကီးဌာနကေန ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

“လူနာက ျပင္းထန္အဆုတ္ေရာင္ေရာဂါေၾကာင့္ နဂိုထဲကသူက နာတာ႐ွည္ေက်ာက္ကပ္ပ်က္စီးတာ႐ွိတယ္။ ဆီးခ်ိဳေရာဂါအခံကလည္း႐ွိတယ္။ ျပင္းထန္အဆုတ္ေရာင္ေရာဂါဆိုတာ နဂိုထဲက အဆုတ္ကလည္းမေကာင္းဘူး၊ အခုလို ကိုဗစ္ ၁၉ ကူးစက္ခံရတဲ့အခါက် ေရာဂါက ပိုၿပီးေတာ့ဆိုးသြားတယ္။ သူ႔​ေက့ရီပို႔က ညမွရေတာ့ ခုမနက္မွ အေသးစိတ္ထည့္ရတာျဖစ္ပါတယ္။ ေသတဲ့အခါ ဘာေၾကာင့္ေသလဲ ဘာေရာဂါေၾကာင့္လဲ ေသခ်ာစစ္ေဆးၿပီးမွ ထုတ္ျပန္ရတာျဖစ္တယ္။”လို႔ ေဒါက္တာခင္ခင္ႀကီး က VOM ကိုေျပာပါတယ္။

လူနာအမွတ္-၁၂၃၆ မွာ ကိုဗစ္ကူးစက္ခံထားရေၾကာင္းကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက စက္တင္ဘာလ ၅ ရက္ေန႔ ည ၈ နာရီက သတင္းထုတ္ျပန္ခဲ့တာျဖစ္ၿပီး လူနာကေတာ့ ေရာဂါပိုးကူးစက္ခံထားရေၾကာင္းကို မထုတ္ျပန္ရေသးခင္အခ်ိန္မွာပဲ ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

လူနာဟာ သဃၤန္းကၽြန္းစံျပေဆး႐ုံႀကီးမွာ ေဆးကုသမွုခံယူေနတဲ့သူျဖစ္ၿပီး အသက္ (၆၇) ႏွစ္အရြယ္ ဓာတ္ခြဲအတည္ျပဳလူနာျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဒီကေန႔ စက္တင္ဘာလ ၆ ရက္ေန႔ မနက္ပိုင္းမွာပဲ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါဟာ ေရာဂါအခံ႐ွိသူ​ေတြမွာျဖစ္ပြားခဲ့ရင္ ပုံမွန္လူေတြထက္အေျခအေနပိုဆိုးၿပီး ျပင္းထန္းႏိုင္ေၾကာင္း၊ ျပင္းထန္မႈဟာ ေသဆုံးတဲ့အထိျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

စက္တင္ဘာလ ၃ ရက္ေန႔တုန္းကလည္း အသက္ ၄၆ ႏွစ္အရြယ္႐ွိတဲ့ ကိုဗစ္အတည္ျပဳလူနာအမွတ္-၁၀၂၃ ေသဆုံးခဲ့တာျဖစ္ၿပီး အခုဆိုရင္ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၁၃၁၆ ဦးနဲ႔ ေသဆုံးသူ ၈ ဦးထိ ႐ွိေနပါတယ္

Photo-MOHS
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW