ကေတီဗီ နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို ရှောင်တခင်ဝင်ဖမ်းတာမှာ အမှုပေါင်း(၈၅၆)မှုနဲ့ ကျူးလွန်သူပေါင်း(၂၀၀၀)နီးပါးရှိ

ကေတီဗီ နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို ရှောင်တခင်ဝင်ဖမ်းတာမှာ အမှုပေါင်း(၈၅၆)မှုနဲ့ ကျူးလွန်သူပေါင်း(၂၀၀၀)နီးပါးရှိ

မုံရွာ ၊ စက်တင်ဘာ ၆-၂၀၂၀
ကိုတိုးကြီး(VOM)

ကမ္ဘာ့ကူးဆက်မြန် ကိုဗစ်-၁၉ကပ်ရောဂါ ကူးဆက်ပြန့်ပွားမှုမရှိဖို့အတွက် ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းတွေအရ KTV – BAR ၊ အနှိပ်ခန်း နဲ့ ပြည်တန်ဆာလုပ်ငန်းတွေ မဖွင့်ဖို့ တားမြစ်ထားတာကို လိုက်နာမှုမရှိတဲ့အတွက် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အမှုပေါင်း ၈၅၆မှု ၊ ပစ်မှုကျူးလွန်သူ ၂၀၀၀နီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးကနေ သိရပါတယ်။

“ အဲ့ဒီအရေးအတွက်ဟာ တနိုင်ငံလုံးမှာ စက်တင်ဘာ ၁ ရက်နေ့ကနေ စပြီး ဖမ်းဆီးရရှိတဲ့ အရေအတွက်ဖြစ်တယ် ၊ ဆက်လက်ပြီးတော့လည်း ဖမ်းဆီးနေတယ် ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၈၈) နဲ့ အမှုဖွင့် အရေးယူတာဖြစ်တယ်၊ ကျူးလွန်သူ အရေအတွက်က ကျား – မ ပေါင်း ၁၇၀၈ ယောက်ဖြစ်တယ် ” လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံး မှုခင်းဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ကစပြီး စက်တင်ဘာ ၅ ရက်အထိ ဖမ်းဆီးခဲ့တာဖြစ်ပြီး အမှုပေါင်း ( ၈၅၆ ) မှု ၊ ကျူးလွန်သူ အမျိုးသား ( ၁၆၂၆) ယောက် နဲ့၊ အမျိုးသမီး (၈၂) ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

အခု စက်တင်ဘာ ၁ ရက်နေ့ကစလို့ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက တားမြစ်အမိန့်ကိုကျော်လွန်ပြီး လုပ်ကိုင်နေတဲ့ KTV၊ BAR၊ အနှိပ်ခန်း တွေအပြင် ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ အိမ် ၂ အိမ်လဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလဲ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက KTV ဆိုင် တစ်ဆိုင်ကို ရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၄ ယောက်လည်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

ေကတီဗီ နဲ႔ ျပည္႔တန္ဆာလုပ္ငန္းေတြကို ေရွာင္တခင္၀င္ဖမ္းတာမွာ အမႈေပါင္း(၈၅၆)မႈနဲ႔ က်ဴးလြန္သူေပါင္း(၂၀၀၀)နီးပါးရွိ

မံုရြာ ၊ စက္တင္ဘာ ၆-၂၀၂၀
ကိုတိုးၾကီး(VOM)

ကမၻာ႔ကူးဆက္ျမန္ ကိုဗစ္-၁၉ကပ္ေရာဂါ ကူးဆက္ျပန္႔ပြားမႈမရွိဖို႔အတြက္ ကာကြယ္ထိန္း ခ်ဳပ္ေရးလုပ္ငန္းေတြအရ KTV – BAR ၊ အႏွိပ္ခန္း နဲ႔ ျပည္တန္ဆာလုပ္ငန္းေတြ မဖြင့္ဖို႔ တားျမစ္ထားတာကို လိုက္နာမႈမရွိတဲ့အတြက္ ရဲတပ္ဖြဲ႔က ၀င္ေရာက္ဖမ္းဆီးခဲ႔ရာ တႏိ္ုင္ငံလံုးအတိုင္းအတာနဲ႔ အမႈေပါင္း ၈၅၆မႈ ၊ ပစ္မႈက်ဴးလြန္သူ ၂၀၀၀နီးပါးကို ဖမ္းဆီးရမိခဲ့တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ဌာနခ်ဳပ္ရံုးကေန သိရပါတယ္။

“ အဲ႔ဒီအေရးအတြက္ဟာ တနိုင္ငံလံုးမွာ စက္တင္ဘာ ၁ ရက္ေန႔ကေန စျပီး ဖမ္းဆီးရရွိတဲ႔ အေရအတြက္ျဖစ္တယ္ ၊ ဆက္လက္ျပီးေတာ႔လည္း ဖမ္းဆီးေနတယ္ ၊ ရာဇသတ္ၾကီး ဥပေဒပုဒ္မ (၁၈၈) နဲ႔ အမႈဖြင္႔ အေရးယူတာျဖစ္တယ္၊ က်ဴးလြန္သူ အေရအတြက္က က်ား – မ ေပါင္း ၁၇၀၈ ေယာက္ျဖစ္တယ္ ” လို႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႔ ဌာနခ်ဳပ္ရံုး မႈခင္းဌာနမွာ တာ၀န္ထမ္းေဆာင္ေနတဲ႔ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

စက္တင္ဘာ ၁ ရက္ေန႔ကစၿပီး စက္တင္ဘာ ၅ ရက္အထိ ဖမ္းဆီးခဲ့တာျဖစ္ၿပီး အမႈေပါင္း ( ၈၅၆ ) မႈ ၊ က်ဴးလြန္သူ အမ်ိဳးသား ( ၁၆၂၆) ေယာက္ နဲ႔၊ အမ်ိဳးသမီး (၈၂) ေယာက္ျဖစ္တယ္လို႔လည္း သိရပါတယ္။

အခု စက္တင္ဘာ ၁ ရက္ေန႔ကစလို႔ ေနျပည္ေတာ္ ေကာင္စီနယ္ေျမအပါအ၀င္ တိုင္းေဒသၾကီး နဲ႔ ျပည္နယ္ေတြက တားျမစ္အမိန္႔ကိုေက်ာ္လြန္ျပီး လုပ္ကိုင္ေနတဲ႔ KTV၊ BAR၊ အနွိပ္ခန္း ေတြအျပင္ ျပည္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနတဲ႔ အိမ္ ၂ အိမ္လဲ ပါ၀င္ခဲ့တယ္လို႔ သိရပါတယ္။

ဒါ႔အျပင္ စစ္ကိုင္းတိုင္း၊ မံုရြာျမိဳ႕မွာလဲ စက္တင္ဘာ ၅ ရက္ေန႔ ညေနပိုင္းက KTV ဆိုင္ တစ္ဆိုင္ကို ရဲတပ္ဖြဲ႔က ေရွာင္တခင္ ၀င္ေရာက္ဖမ္းဆီးခဲ့ရာ အမ်ိဳးသမီး ၅ ေယာက္နဲ႔ အမ်ိဳးသား ၄ ေယာက္လည္း ဖမ္းဆီးရမိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW