ဂျပန်မှာ အင်အားပြင်းမုန်တိုင်းကြောင့် လူတစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်

ဂျပန်မှာ အင်အားပြင်းမုန်တိုင်းကြောင့် လူတစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်

တိုကျို၊ စက်တင်ဘာ-၆-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်းတိုက်ဖွန်းမုန်တိုင်း ဟိုင်ရှန်ချဉ်းကပ်လာတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားလိုက်ပြီး စံချိန်တင်မိုးရွားသွန်းမှု၊ မကြုံစဖူးလေပြင်းတိုက်တာတွေနဲ့ လှိုင်းကြီးမှုတွေနဲ့ပတ်သက်ပြီး သတိပေးတာတွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတောင်ပိုင်းရှိ အိုကီနာဝါ၊ ကာဂိုရှီးမား၊ ကူမာမိုတိုနဲ့ နာဂါဆာကီ ပြည်နယ်တွေက လူတစ်သိန်းကျော်ကို ဘေးလွတ်ရာ ချက်ချင်းရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားတယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

တိုက်ဖွန်းမုန်တိုင်းတိုက်ခတ်မှုနဲ့ပတ်သက်ပြီး အရေးပေါ်တုံ့ပြန်မှုတွေကို ဆွေးနွေးဖို့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေဟာ ညနေ ၄ နာရီမှာ အစည်းအဝေးတစ်ရပ်ကျင်းပသွားမှာဖြစ်ပါတယ်။

မုန်တိုင်းကြောင့် အိုကီနာဝါက နေအိမ် သုံးထောင်ကျော်လောက်နဲ့ တောင်ဘက်စွန်းပိုင်းက အမာမီအိုရှီးမာပြည်နယ်က နေအိမ်ရှစ်ထောင်ကျော်လောက်ဟာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေတယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။

မုန်တိုင်းဖြတ်သန်းတိုက်ခတ်မယ့် ဒေသတစ်လျှောက်မှာ စံချိန်တင်လေတိုက်နှုန်းနဲ့ လှိုင်းကြီးမှုတွေဖြစ်ပေါ်လိမ့်မယ်လို့ မိုးလေဝသဌာနတာဝန်ရှိသူတစ်ဦးက ရုပ်မြင်သံကြားမှတစ်ဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

မုန်တိုင်းရဲ့ ဗဟိုချက်ဟာ ကာဂိုရှီးမားမြို့ရဲ့တောင်ဘက် မိုင် ၆၀ အကွာက ယာကူရှီးမားမှာဖြစ်ပြီး အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့ရှားသွားဖွယ်ရှိနေပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Zawgyi

ဂ်ပန္မွာ အင္အားျပင္းမုန္တိုင္းေၾကာင္႔ လူတစ္သိန္းေက်ာ္ကို ေဘးလြတ္ရာေရႊ႕ေျပာင္းဖို႔ အမိန္႔ထုတ္

တိုက်ိဳ၊ စက္တင္ဘာ-၆-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္နိုင္ငံေတာင္ပိုင္းမွာ အင္အားျပင္းတိုက္ဖြန္းမုန္တိုင္း ဟိုင္ရွန္ခ်ဥ္းကပ္လာတာေၾကာင္႔ ေဒသခံေတြကို ေဘးလြတ္ေရႊ႕ေျပာင္းၾကဖို႔ အာဏာပိုင္ေတြက ညႊန္ၾကားလိုက္ျပီး စံခ်ိန္တင္မိုးရြားသြန္းမႈ၊ မၾကံဳစဖူးေလျပင္းတိုက္တာေတြနဲ႔ လိႈင္းၾကီးမႈေတြနဲ႔ပတ္သက္ျပီး သတိေပးတာေတြ ထုတ္ျပန္ထားပါတယ္။

နိုင္ငံေတာင္ပိုင္းရိွ အုိကီနာ၀ါ၊ ကာဂိုရီီွးမား၊ ကူမာမိုတိုနဲ႔ နာဂါဆာကီ ျပည္နယ္ေတြက လူတစ္သိန္းေက်ာ္ကို ေဘးလြတ္ရာ ခ်က္ခ်င္းေရႊ႕ေျပာင္းၾကဖို႔ အာဏာပို္င္ေတြက အမိန္႔ထုတ္ထားတယ္လို႔ သဘာ၀ေဘးအႏၱရာယ္ စီမံခန္႔ခြဲေရးဌာနက ေျပာပါတယ္။

တိုက္ဖြန္းမုန္တိုင္းတိုက္ခတ္မႈနဲ႔ပတ္သက္ျပီး အေရးေပၚတု႔ံျပန္မႈေတြကို ေဆြးေႏြးဖို႔ ၀န္ၾကီးခ်ဳပ္ရွင္ဇိုအာေဘးနဲ႔ အစိုးရအဖြဲ႔၀န္ၾကီးေတြဟာ ညေန ၄ နာရီမွာ အစည္းအေ၀းတစ္ရပ္က်င္းပသြားမွာျဖစ္ပါတယ္။

မုန္တိုင္းေၾကာင့္ အိုကီနာ၀ါက ေနအိမ္ သံုးေထာင္ေက်ာ္ေလာက္နဲ႔ ေတာင္ဘက္စြန္းပိုင္းက အမာမီအုိရွီးမာျပည္နယ္က ေနအိမ္ရွစ္ေထာင္ေက်ာ္ေလာက္ဟာ လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္ေနတယ္လို႔ NHK သတင္းဌာနက ေဖာ္ျပထားပါတယ္။

မုန္တိုင္းျဖတ္သန္းတိုက္ခတ္မယ္႔ ေဒသတစ္ေလွ်ာက္မွာ စံခ်ိန္တင္ေလတိုက္နႈန္းနဲ႔ လိႈင္းၾကီးမႈေတြျဖစ္ေပၚလိမ္႔မယ္လို႔ မိုးေလ၀သဌာနတာ၀န္ရိွသူတစ္ဦးက ရုပ္ျမင္သံၾကားမွတစ္ဆင္႔ ျပဳလုပ္တဲ႔ သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။

မုန္တိုင္းရဲ႕ ဗဟိုခ်က္ဟာ ကာဂိုရွီးမားျမိဳ႕ရဲ႕ေတာင္ဘက္ မိုင္ ၆၀ အကြာက ယာကူရွီးမားမွာျဖစ္ျပီး အေနာက္ေျမာက္ဘက္ကို ဆက္လက္ေရြ႕ရွားသြားဖြယ္ရိွေနပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #တိုက်ိဳ

Related posts

Leave a Comment

VOM News

FREE
VIEW