တပ်မတော်အရာရှိဟန်ဆောင်ပြီး သေနတ်ပြခြိမ်းခြောက်သူ ၂ဦးကို ဖမ်းဆီးရမိ

တပ်မတော်အရာရှိဟန်ဆောင်ပြီး သေနတ်ပြခြိမ်းခြောက်သူ ၂ဦးကို ဖမ်းဆီးရမိ

ပြည်၊ စက်တင်ဘာ ၆-၂၀၂၀
ဂျန်ကိုးလ် (VOM)

ပဲခူးအနောက်ခြမ်း၊ ပြည်မြို့မှာ တပ်မတော်အရာရှိဟန်ဆောင်ပြီး သေနတ်ပြခြိမ်းခြောက် ခဲ့သူကို မနေ့ စက်တင်ဘာ ၅ရက်နေ့က ဖမ်းဆီးရမိတယ်ခဲ့တယ်လို့ ပြည်မြို့ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

စက်တင်ဘာ ၄ရက်နေ့ ညပိုင်းက ပြည်မြို့၊ မြင်းတပ်လမ်း၊ တရုတ်စုရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ သူရဲ့မိခင်အိမ်ရှေ့မှာရှိနေချိန် Toyota ဆလွန်းကားအဖြူရောင်စီးလာသူ မောင်ဖြိုးဝေလွင်ဆိုသူနဲ့ မောင်သူရလွင်တို့၂ဦးဟာ အဲ့ဒီအမျိုးသားကို သေနတ်ပြခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို သေနတ်ပြခြိမ်းခြောက်ခဲ့သူတွေကို ပြည်မြို့၊ ပြည်သာယာအောင်ချမ်းသာ ၁ရပ်ကွက်က ကမ္ဘာ့ဘဏ်လမ်းက နေအိမ်မှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီးပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သန်းဇော်ဝင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ”လူတွေစိုးရိမ်နေသလို အဖွဲ့အစည်းတွေနဲ့ပတ်သက်တာ ဟိုအဖွဲ့ဒီအဖွဲ့မဟုတ်ပါဘူး၊ အယောင်ဆောင်တာပေါ့၊ ကိုယ့်ကိုကိုယ် ဗိုလ်မှူးဆိုတဲ့အရှိန်အဝါကို စစ်ထွက်လည်းမဟုတ်ဘူး၊ စစ်သားလည်း မဟုတ်ဘူး၊ ဗိုလ်သင်တန်းကိုတော့ တစ်ခါလောက်ဆေးစစ်ဖူးတယ်၊ ဒါလောက်ကို အယောင်ဆောင်ပြီး ပတ်ဝန်းကျင်မှာ စီးပွားရေးလုပ်တာပေါ့၊ လိုင်စင်မဲ့ကားကတစ်စီး၊ စိုးရိမ်နေကြသလို ဘာဘာညာညာမဟုတ်ပါဘူး၊ လျှောက်ပြီး ကိုယ့်ကိုကိုယ်အရှိန်အဝါယူတဲ့သဘော စီးပွားရေးလုပ်တဲ့စရိုက်ပါ၊ ကျန်တာဘာမှမရှိဘူး”လို့ ပြောပါတယ်။

သေနတ်ပြခြိမ်းခြောက်သူ ၂ဦးနေထိုင်တဲ့အိမ်ကို ရဲတပ်ဖွဲ့ကဝင်ရောက်ရှာဖွေရာမှာတော့ အမေရိကန်ထုတ် စတီးရောင်ခြောက်လုံးပြူး ၁ လက်၊ ကျည်ထိပ်ဖူးပါ စတီးရောင်ကျည် ၅ တောင့်၊ တပ်မတော်ဗိုလ်မှူးအဆင့်တံဆိပ်ချည်ထိုး၁ခု၊ ကော်လံတံဆိပ်ချည်ထိုး ၁ခု၊ ဆားဗစ်တန်း၁ခု နဲ့ အခြားလက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

လက်နက်ခဲယမ်းတွေနဲ့ တပ်မတော်အရာရှိဟန်ဆောင်သူတွေကို ပြည်မြို့၊ အမှတ်၃နယ်မြေရဲစခန်းက (ပ)၄၅၈/၂၀၂၀အရ ကနဦးဖွင့်ထားပြီး စုစုပေါင်းပုဒ်မ အနည်းဆုံး ၄ခုနဲ့ဖွင့်မယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်

Zawgyi

တပ္မေတာ္အရာရွိဟန္ေဆာင္ၿပီး ေသနတ္ျပၿခိမ္းေျခာက္သူ ၂ဦးကို ဖမ္းဆီးရမိ

ျပည္၊ စက္တင္ဘာ ၆-၂၀၂၀
ဂ်န္ကိုးလ္ (VOM)

ပဲခူးအေနာက္ျခမ္း၊ ျပည္ၿမိဳ႕မွာ တပ္မေတာ္အရာရွိဟန္ေဆာင္ၿပီး ေသနတ္ျပၿခိမ္းေျခာက္ ခဲ့သူကို မေန႔ စက္တင္ဘာ ၅ရက္ေန႔က ဖမ္းဆီးရမိတယ္ခဲ့တယ္လို႔ ျပည္ၿမိဳ႕ရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

စက္တင္ဘာ ၄ရက္ေန႔ ညပိုင္းက ျပည္ၿမိဳ႕၊ ျမင္းတပ္လမ္း၊ တ႐ုတ္စုရပ္ကြက္မွာေနထိုင္တဲ့ အမ်ိဳးသားတစ္ဦးဟာ သူရဲ႕မိခင္အိမ္ေရွ႕မွာရွိေနခ်ိန္ Toyota ဆလြန္းကားအျဖဴေရာင္စီးလာသူ ေမာင္ၿဖိဳးေဝလြင္ဆိုသူနဲ႔ ေမာင္သူရလြင္တို႔၂ဦးဟာ အဲ့ဒီအမ်ိဳးသားကို ေသနတ္ျပၿခိမ္းေျခာက္ခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီလို ေသနတ္ျပၿခိမ္းေျခာက္ခဲ့သူေတြကို ျပည္ၿမိဳ႕၊ ျပည္သာယာေအာင္ခ်မ္းသာ ၁ရပ္ကြက္က ကမာၻ့ဘဏ္လမ္းက ေနအိမ္မွာ ဖမ္းဆီးရမိတာျဖစ္တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီးျပည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးရဲမႉး သန္းေဇာ္ဝင္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ”လူေတြစိုးရိမ္ေနသလို အဖြဲ႕အစည္းေတြနဲ႔ပတ္သက္တာ ဟိုအဖြဲ႕ဒီအဖြဲ႕မဟုတ္ပါဘူး၊ အေယာင္ေဆာင္တာေပါ့၊ ကိုယ့္ကိုကိုယ္ ဗိုလ္မႉးဆိုတဲ့အရွိန္အဝါကို စစ္ထြက္လည္းမဟုတ္ဘူး၊ စစ္သားလည္း မဟုတ္ဘူး၊ ဗိုလ္သင္တန္းကိုေတာ့ တစ္ခါေလာက္ေဆးစစ္ဖူးတယ္၊ ဒါေလာက္ကို အေယာင္ေဆာင္ၿပီး ပတ္၀န္းက်င္မွာ စီးပြားေရးလုပ္တာေပါ့၊ လိုင္စင္မဲ့ကားကတစ္စီး၊ စိုးရိမ္ေနၾကသလို ဘာဘာညာညာမဟုတ္ပါဘူး၊ ေလွ်ာက္ၿပီး ကိုယ့္ကိုကိုယ္အရွိန္အဝါယူတဲ့သေဘာ စီးပြားေရးလုပ္တဲ့စ႐ိုက္ပါ၊ က်န္တာဘာမွမရွိဘူး”လို႔ ေျပာပါတယ္။

ေသနတ္ျပၿခိမ္းေျခာက္သူ ၂ဦးေနထိုင္တဲ့အိမ္ကို ရဲတပ္ဖြဲ႔ကဝင္ေရာက္ရွာေဖြရာမွာေတာ့ အေမရိကန္ထုတ္ စတီးေရာင္ေျခာက္လံုးျပဴး ၁ လက္၊ က်ည္ထိပ္ဖူးပါ စတီးေရာင္က်ည္ ၅ ေတာင့္၊ တပ္မေတာ္ဗိုလ္မႉးအဆင့္တံဆိပ္ခ်ည္ထိုး၁ခု၊ ေကာ္လံတံဆိပ္ခ်ည္ထိုး ၁ခု၊ ဆားဗစ္တန္း၁ခု နဲ႔ အျခားလက္နက္ခဲယမ္းေတြကို ဖမ္းဆီးရမိခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕မွတ္တမ္းေတြအရ သိရပါတယ္။

လက္နက္ခဲယမ္းေတြနဲ႔ တပ္မေတာ္အရာရွိဟန္ေဆာင္သူေတြကို ျပည္ၿမိဳ႔၊ အမွတ္၃နယ္ေျမရဲစခန္းက (ပ)၄၅၈/၂၀၂၀အရ ကနဦးဖြင့္ထားၿပီး စုစုေပါင္းပုဒ္မ အနည္းဆုံး ၄ခုနဲ႔ဖြင့္မယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရဲ႔ ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ျပည္

Related posts

Leave a Comment

VOM News

FREE
VIEW