အာချေးပြည်နယ်ကိုရောက်လာတဲ့ ဒုက္ခသည် ၃၀၀ နီးပါးကို အင်ဒိုနီးရှားအာဏာပိုင်တွေ ထိန်းသိမ်း

အာချေးပြည်နယ်ကိုရောက်လာတဲ့ ဒုက္ခသည် ၃၀၀ နီးပါးကို အင်ဒိုနီးရှားအာဏာပိုင်တွေ ထိန်းသိမ်း

ဂျကာတာ၊ စက်တင်ဘာ-၇-၂၀၂၀
မျိုးဆက်(VOM)

ပင်လယ်ပြင်မှာ ခြောက်လကြာ မျောပါနေခဲ့တယ်လို့ ယူဆရတဲ့ ဘင်္ဂါလီဒုက္ခသည် ၃၀၀ နီးပါးဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကို စက်တင်ဘာ ၇ ရက်စောပိုင်းမှာ ရောက်ရှိခဲ့တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။

အဲ့ဒီဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ သစ်သားစက်လှေတစ်စင်းကို ဒေသခံ တံငါသည်တွေက Lhokseumawe ကမ်းရိုးတန်းက ကီလိုမီတာအနည်းငယ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး စက်လှေဟာ ဥဂျန်ဘလန်ကမ်းခြေမှာ ကမ်းကပ်ခဲ့တယ်လို့ အာချေးပြည်နယ် ရဲတပ်ဖွဲ့ကပြောပါတယ်။

စက်လှေပေါ်မှာ အမျိုးသမီး ၁၈၁ ဦး၊ ကလေးငယ် ၁၄ ဦးအပါအဝင် ဒုက္ခသည် ၂၉၇ ဦးပါဝင်တယ်လို့ ဒေသခံရဲတပ်ဖွဲ့အကြီးအကဲ Iptu Irwansya ကပြောပါတယ်။ ဒုက္ခသည်တွေကို ယာယီစခန်းမှာ ထိန်းသိမ်းထားပါတယ်။

သူတို့ကို ကယ်ဆယ်ရေးဌာနသို့ ယနေ့မှာပြောင်းရွှေ့ပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း၊ ဒါပေမယ့် သူတို့ရဲ့ ကျန်းမာရေး အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ အဓိကစိုးရိမ်ပူပန်မိတယ်လို့ ကြက်ခြေနီ အဖွဲ့အကြီးအကဲ Junaidi Yahya ကပြောပါတယ်။

အသက် ၁၃ နှစ်အရွယ် ဒုက္ခသည်တစ်ဦးကိုတော့ ဖျားနာနေတာကြောင့် ဆေးရုံကို လူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးထားရပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေက ဘင်္ဂါလီတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ခိုလှုံဖို့အတွက် စက်လှေတွေနဲ့ သွားရောက်ဖို့ နှစ်အတန်ကြာကတည်းက ကြိုးစားနေကြတာဖြစ်ပါတယ်။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #ဂျကာတာ

Zawgyi

အာေခ်းျပည္နယ္ကိုေရာက္လာတဲ႔ ဒုကၡသည္ ၃၀၀ နီးပါးကို အင္ဒိုနီးရွားအာဏာပိုင္ေတြ ထိန္းသိမ္း

ဂ်ကာတာ၊ စက္တင္ဘာ-၇-၂၀၂၀
မ်ိဳးဆက္(VOM)

ပင္လယ္ျပင္မွာ ေျခာက္လၾကာ ေမ်ာပါေနခဲ႔တယ္လို႔ ယူဆရတဲ႔ ဘဂၤါလီဒုကၡသည္ ၃၀၀ နီးပါးဟာ အင္ဒိုနီးရွားနိုင္ငံ၊ အာေခ်းျပည္နယ္ကို စက္တင္ဘာ ၇ ရက္ေစာပိုင္းမွာ ေရာက္ရိွခဲ႔တယ္လို႔ အင္ဒိုနီးရွားအာဏာပိုင္ေတြက အတည္ျပဳေျပာဆိုပါတယ္။

အဲ့ဒီဒုကၡသည္ေတြကို တင္ေဆာင္လာတဲ႔ သစ္သားစက္ေလွတစ္စင္းကို ေဒသခံ တံငါသည္ေတြက Lhokseumawe ကမ္းရိုးတန္းက ကီလိုမီတာအနည္းငယ္မွာ ေတြ႔ရိွခဲ႔တာျဖစ္ျပီး စက္ေလွဟာ ဥဂ်န္ဘလန္ကမ္းေျခမွာ ကမ္းကပ္ခဲ႔တယ္လို႔ အာေခ်းျပည္နယ္ ရဲတပ္ဖြဲ႔ကေျပာပါတယ္။

စက္ေလွေပၚမွာ အမ်ိဳးသမီး ၁၈၁ ဦး၊ ကေလးငယ္ ၁၄ ဦးအပါအ၀င္ ဒုကၡသည္ ၂၉၇ ဦးပါ၀င္တယ္လို႔ ေဒသခံရဲတပ္ဖြဲ႔အၾကီးအကဲ Iptu Irwansya ကေျပာပါတယ္။ ဒုကၡသည္ေတြကို ယာယီစခန္းမွာ ထိန္းသိမ္းထားပါတယ္။

သူတို႔ကို ကယ္ဆယ္ေရးဌာနသို႔ ယေန႔မွာေျပာင္းေရႊ႕ေပးနုိင္ဖို႔ ေမွ်ာ္လင္႔ထားေၾကာင္း၊ ဒါေပမယ္႔ သူတို႔ရဲ႕ က်န္းမာေရး အထူးသျဖင္႔ ကိုဗစ္-၁၉ ေရာဂါနဲ႔ ပတ္သက္လို႔ အဓိကစိုးရိမ္ပူပန္မိတယ္လို႔ ၾကက္ေျခနီ အဖြဲ႔အၾကီးအကဲ Junaidi Yahya ကေျပာပါတယ္။

အသက္ ၁၃ နွစ္အရြယ္ ဒုကၡသည္တစ္ဦးကိုေတာ႔ ဖ်ားနာေနတာေၾကာင္႔ ေဆးရံုကို လူနာတင္ယာဥ္နဲ႔ ပို႔ေဆာင္ေပးထားရပါတယ္။

ျမန္မာနိုင္ငံနဲ႔ ဘဂၤလားေဒ႔ရွ္ရိွ ဒုကၡသည္စခန္းေတြက ဘဂၤါလီေတြဟာ အေရွ႕ေတာင္အာရွနိုင္ငံေတြမွာ ခိုလံႈဖို႔အတြက္ စက္ေလွေတြနဲ႔ သြားေရာက္ဖို႔ နွစ္အတန္ၾကာကတည္းက ၾကိဳးစားေနၾကတာျဖစ္ပါတယ္။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #ဂ်ကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW