ရောင်းမည် ငှားမည်

ရောင်းမည် ငှားမည်

ညီသစ်(VOM)

လတ်တလောရက်ပိုင်း မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့နေရာတွေမှာ အိမ်ခြံမြေ ရောင်းမည်၊ ဆိုင်ခန်း ငှားမည်၊ အိမ် ငှားမည်၊ရောင်းမည် အစရှိတဲ့ ဆိုင်းဘုတ်တွေ တွေ့ရတာ သတိထားမိကြမယ်ထင်ပါတယ်။

ကမ္ဘာ့ကူးစက်ရောဂါ Covid-19ရဲ့ ပထမလှိုင်း၊ ဒုတိယလှိုင်းကို အံတု ဖြတ်သန်းရတဲ့ အခြေခံလူတန်းစားတစ်ချို့ရဲ့ စားဝတ်နေရေးဟာ အရင်က အခြေအနေတွေထက် ပိုမို ကြပ်တည်းလာတာကိုလည်း တွေ့မြင်နေရပါတယ်။

အရင်ကဖွင့်ထားတဲ့ အစားအသောက်ဆိုင်တွေရဲ့ နေရာအချို့မှာလည်း ဈေးရောင်းတာမရှိတော့ဘဲ အိမ်ငှားမည်၊ ရောင်းမည် စတဲ့ ဆိုင်းဘုတ်အချို့က နေရာယူထားတာကို တွေ့မြင်လာရပါတယ်။

မန္တလေးရဲ့ အိမ်ခြံမြေဈေးကွက်ဟာ Covid-19 ပထမလှိုင်းဖြစ်ပွားတဲ့ကာလ ၅ လကြာတဲ့အထိ ရပ်တန့်မှုတွေ ရှိနေခဲ့ပြီး အခု ပြန်လည်အလုပ်ဖြစ်မယ်လို့ထင်ထားတဲ့အချိန်မှာတော့ ရောဂါပိုးရဲ့ ဒုတိယလှိုင်းဒဏ်ကို ခံစားလာခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်နေတာနဲ့ပတ်သက်ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးပြောပြတာက ” ကျနော်အိမ်ငှားမယ်လို့ ချိတ်ထားတာ တစ်နှစ်လောက်တော့ရှိပါပြီ ။ အခုထိ မြင်တဲ့အတိုင်း အငှားမရသေးဘူးဗျ ။ လာငှားတဲ့သူနဲ့လည်း ကိုယ်နဲ့ မကိုက်တာတွေ ကိုဗစ်လည်း ဖြစ်လိုက်တာတွေကြောင့် မနှစ်က နှစ်ကုန်ခါနီးလောက်ကတည်းက ကြာနေတာ အခုထိပါပဲ” လို့ လက်တလောကြုံနေရတာကို ပြောပြခဲ့ပါတယ်။

မန္တလေးမြို့က အိမ်ခြံမြေဈေးကွက်ဟာ ရောဂါဖြစ်နေတဲ့ ကာလမှာတော့ လုံးဝရပ်တန့်နေတဲ့အပြင် အခုနောက်ထပ်ဝင်လာတဲ့ ကိုဗစ်ဒုတိယလှိုင်း ဝင်မလာခင်စပ်ကြားမှာတော့ အရောင်းအဝယ်လေးတွေ ပြန်ပြီးဖြစ်ခဲ့ပါတယ်။

တက်လူအိမ်ခြံမြေလုပ်ငန်းက ကိုမျိုးကလည်း ” ဈေးကတော့ အရင် သိန်းသုံးထောင်တန် ကို နှစ်ထောင်လောက်နဲ့ အရောင်းအဝယ်လုပ်ကြတယ် ဈေးကတော့ တော်တော်ကျသွားတာပေါ့ ။ အခုကတော့ လုပ်ငန်းလေးတွေ ပြန်ပြီးလှိုင်ချင်ယောင်ဆောင်တဲ့ သဘောပါ၊
မဖြစ်မနေဝယ်မှဖြစ်မယ့်သူမျိုးတွေ၊ အဲ့လို လူမျိုးတွေ ဝယ်နေတာကြောင့်ပါ၊ အခု Wave 2 ထပ်လာတော့ တန့်သွားတယ်ပေါ့၊ လုံးဝ ကြီးရပ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ Wave 1 တုန်းကတော့ ၅ လ လောက်အထိ ရပ်သွားတယ်။ မတ်လဆန်းလောက်ကနေစပြီးတော့ အရောင်းအဝယ်တွေရပ်သလို ဖြစ်သွားလိုက်တာ မတ်၊ ဧပရယ်၊ မေ၊ ဂျွန်ပေါ့ ဂျူလိုင်လထဲလောက်မှာ ပြန်ကောင်းမလိုလို ဖြစ်လာပြီး အခု ရခိုင်က ကိုဗစ်ပြသာနာပေါ်လာတော့ အံသြစရာကောင်းလောက်အောင် ပြန်နှေးသွားတယ် ။ ရောဂါပေါ်ပုံချ ပြီးပြောရမှာပဲပေါ့နော်၊ ခရီးသွားလုပ်ငန်းတွေ အကုန်ရပ်တဲ့အပေါ်မှာ ဆက်စပ်လုပ်ငန်းတွေ အကုန်ထိတာပါပဲ”လို့ ခက်ခဲနေတဲ့အကြောင်းတွေကို ပြောပြပါတယ်။

အိမ်ခြံမြေလုပ်ငန်းဆိုတာကလည်း ငွေပိုလို့ဝယ်တဲ့သူထက် မဖြစ်မနေဝယ်ရမယ့်လူတန်းစားတွေက ဝယ်ရတာဖြစ်ပြီး တစ်ချို့လူတွေအနေနဲ့ကတော့ ရွှေဈေးကွက်၊ နိုင်ငံရေး စတာတွေအပေါ်မှာမူတည်ကာ ဝယ်ကြတာတွေလည်းရှိတယ်လို့ ကိုမျိုးကပြောပါတယ်။

” အကိုတို့ကျတော့ အလွှာအသီးသီး လူတွေနဲ့ချိတ်ဆက်ပြီး လုပ်ကိုင်နေတာဆိုတော့ ခရီးသွားလုပ်ငန်းတွေရပ်သွားတာတဲ့အပေါ်မှာလည်း အကိုတို့ အလုပ်က ထိခိုက်မှုရှိပါတယ် ။ ကိုဗစ်ကလည်း မြန်မြန်ပြီးမှပါပဲ၊ မပြီးမခြင်းတော့ လူတန်းစားအမျိုးမျိုး အလွှာအသည်းသည်းကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိနေတာပါပဲ။ များသောအားဖြင့်ကတော့ သိန်း ၇၀၀ ၊၈၀၀၊ ၁၀၀၀၊ ၁၅၀၀ ကြားမှာပဲ တော်တော်များများ အရောင်းအဝယ်ဖြစ်ကြတာပါပဲ။ အရောင်းကတော့ ကိုဗစ်ဖြစ်တဲ့ကာလတွေမှာ ပိုများလာတာပေါ့ ။ တစ်ထောင်သမားက တစ်ထောင်ကိုရောင်းပြီးတော့ ဝိတ်လျှော့တဲ့အနေနဲ့ သုံးလေးငါးရာတန် ကိုပြန်ရောင်း၊
အဲ့လိုပဲ ဝိတ်လျှော့ပြီးလုပ်ရမယ့် အနေအထားမျိုးဖြစ်လာတော့ အရောင်းတွေကတော့ ပိုလာတယ်။ အဝယ်သမားတွေကျတော့လည်း ဒါကိုအကြောင်းပြပြီး နင်းနင်း နင်းနင်းပြီးဝယ်တော့၊ ခုနက ပြောသလို သိန်းသုံးထောင်တန်တဲ့ဟာက နှစ်ထောင်၊ နှစ်ထောင်ကနေ အခု ထောင့်ခုနစ်ရာ၊ ထောင့်ရှစ်ရာ အဲ့လောက်အထိကို ရောက်လာတယ်။ မရောင်းလို့ကလည်း မဖြစ်တော့ဘူးလေ”လို့ တက်လူအိမ်ခြံမြေလုပ်ငန်းက ကိုမျိုးက ကိုဗစ်ကာလ အိမ်ခြံမြေလုပ်ငန်းရင်ဆိုင်နေရတာကို ရှင်းပြပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်နေတဲ့ ဦးဝဏ္ဏထွန်းကလည်း “ပြီးခဲ့တဲ့ရက်ကတော့ ပုံမှန်ဖြစ်ထွန်းနေပါတယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကားလိုင်းတွေ ပိတ်လို့လားမသိဘူး၊ ခရီးသွားဧည့်သည်လာတာတွေနဲ့ ဖုန်းလာတာတွေနည်းသွားတယ်” လို့ လက်ရှိဖြစ်နေတဲ့အကြောင်းကို ပြောပါတယ်။

ကိုဗစ်ရောဂါကြောင့် လုပ်ငန်းတွေ အကုန်ရပ်ဆိုင်းတဲ့အပေါ် ကြွေးမြှီးပြဿနာတွေ ဖြစ်နေတဲ့အပြင် အစိုးရဘဏ်တွေမှာပေါင်ထားတဲ့လုပ်ငန်းတွေအတွက် အတိုးပေးရတဲ့ကိစ္စကလည်း နောက်ဆုတ်ပေးတာမရှိတဲ့အတွက် ကိုဗစ်ကာလ ၈ လရှိတယ်ဆိုရင်၊ ၈ လအထိ အတိုးလျှော့ပေးပြီး ၈ လနောက်ပိုင်းကို အတိုးပုံမှန်ဆပ်ခိုင်းတဲ့ ပုံစံမျိုးလုပ်စေချင်တယ်လို့ အိမ်ခြံမြေအသိုင်းအဝိုင်းက လိုလားနေကြပါတယ်။

အိမ်ခြံမြေဈေးကွက်ပူပေါင်းကြီးပေါက်တဲ့ ၂၀၁၅ နောက်ပိုင်း အရင်က သိန်းတစ်ထောင်ဈေးရခဲ့တဲ့အိမ်ဟာ ခုတော့ သိန်း၅၀၀တောင်မေးသူမရှိမဖြစ်နေပါတယ်။ ဝယ်သူလိုအပ်ချက်နဲ့တိုက်ဆိုင်ရင်ရောင်းရတတ်ပြီး အရေးပေါ်ရောင်းချင်ရင်တော့ မလွယ်တဲ့အနေအထားကို ရောက်နေပါတယ်။

ဒါ့ကြောင့် ရောင်းချင်၊ ငှားချင်ကြတဲ့ ပိုင်ရှင်တွေဟာ ဆိုင်းဘုတ်ကပ်ကြော်ငြာတာတမျိုး၊ အကျိုးဆောင်တွေကိုအပ်ထားတာတဖုံ၊ အွန်လိုင်းတွေကနေ ရောင်းချင်ငှားချင်ကြောင်း ဈေးဗန်းခင်းနေရတာမို့ ရောင်းမည် ငှားမည်ဆိုတာတွေ အတွေ့များလာရတာဖြစ်တယ်လို့ အကျိုးဆောင်တွေက ဆိုကြပါတယ်။

ရောင်းချင်သူ ငှားချင်သူတွေ အဆင်ပြေဖို့က ကိုဗစ်ရောဂါကပ်ကြီး အမြန်ချုပ်ငြိမ်းပြီး တိုင်းပြည်စီးပွားရေး ဦးမော့လာမှသာ ရောင်းသူနဲ့ဝယ်သူ ငှားသူနဲ့ ငှားချင်သူတွေကြား ဆန္ဒတွေပြည့်ဝမှာမို့ ဆုတောင်းယုံမှတပါး တခြားရှိလာဦးမှာလားလို့သာ။

#voiceofmyanmar #VOM #မန္တလေး #အိမ်ခြံမြေ

Zawgyi

ေရာင္းမည္ ငွားမည္

ညီသစ္(VOM)

လတ္တေလာရက္ပိုင္း မႏၲေလးၿမိဳ႔ရဲ႕ အခ်က္အခ်ာက်တဲ့ေနရာေတြမွာ အိမ္ၿခံေျမ ေရာင္းမည္၊ ဆိုင္ခန္း ငွားမည္၊ အိမ္ ငွားမည္၊ေရာင္းမည္ အစရွိတဲ့ ဆိုင္းဘုတ္ေတြ ေတြ႕ရတာ သတိထားမိၾကမယ္ထင္ပါတယ္။

ကမာၻ႔ကူးစက္ေရာဂါ Covid-19ရဲ႕ ပထမလႈိင္း၊ ဒုတိယလႈိင္းကို အံတု ျဖတ္သန္းရတဲ့ အေျခခံလူတန္းစားတစ္ခ်ိဳ႕ရဲ႕ စားဝတ္ေနေရးဟာ အရင္က အေျခအေနေတြထက္ ပိုမို ၾကပ္တည္းလာတာကိုလည္း ေတြ႕ျမင္ေနရပါတယ္။

အရင္ကဖြင့္ထားတဲ့ အစားအေသာက္ဆိုင္ေတြရဲ႔ ေနရာအခ်ိဳ႕မွာလည္း ေစ်းေရာင္းတာမရွိေတာ့ဘဲ အိမ္ငွားမည္၊ ေရာင္းမည္ စတဲ့ ဆိုင္းဘုတ္အခ်ိဳ႕က ေနရာယူထားတာကို ေတြ႕ျမင္လာရပါတယ္။

မႏၲေလးရဲ႕ အိမ္ၿခံ​ေျမေစ်းကြက္ဟာ Covid-19 ပထမလႈိင္းျဖစ္ပြားတဲ့ကာလ ၅ လၾကာတဲ့အထိ ရပ္တန႔္မႈေတြ ရွိေနခဲ့ၿပီး အခု ျပန္လည္အလုပ္ျဖစ္မယ္လို႔ထင္ထားတဲ့အခ်ိန္မွာေတာ့ ေရာဂါပိ္ုးရဲ႔ ဒုတိယလႈိင္းဒဏ္ကို ခံစားလာခဲ့ရတာလည္း ျဖစ္ပါတယ္။

ဒီလိုျဖစ္ေနတာနဲ႔ပတ္သက္ၿပီး မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႔နယ္မွာ ေနထိုင္သူတစ္ဦးေျပာျပတာက ” က်ေနာ္အိမ္ငွားမယ္လို႔ ခ်ိတ္ထားတာ တစ္ႏွစ္ေလာက္ေတာ့ရွိပါၿပီ ။ အခုထိ ျမင္တဲ့အတိုင္း အငွားမရေသးဘူးဗ် ။ လာငွားတဲ့သူနဲ႔လည္း ကိုယ္နဲ႔ မကိုက္တာေတြ ကိုဗစ္လည္း ျဖစ္လိုက္တာေတြေၾကာင့္ မႏွစ္က ႏွစ္ကုန္ခါနီးေလာက္ကတည္းက ၾကာေနတာ အခုထိပါပဲ” လို႔ လက္တေလာၾကံဳေနရတာကို ေျပာျပခဲ့ပါတယ္။

မႏၲေလးၿမိဳ႔က အိမ္ျခံေျမေစ်းကြက္ဟာ ေရာဂါျဖစ္ေနတဲ့ ကာလမွာေတာ့ လံုးဝရပ္တန္႔ေနတဲ့အျပင္ အခုေနာက္ထပ္ဝင္လာတဲ့ ကိုဗစ္ဒုတိယလႈိင္း ဝင္မလာခင္စပ္ၾကားမွာေတာ့ အေရာင္းအဝယ္ေလးေတြ ျပန္ၿပီးျဖစ္ခဲ့ပါတယ္။

တက္လူအိမ္ၿခံေျမလုပ္ငန္းက ကိုမ်ိဳးကလည္း ” ေစ်းကေတာ့ အရင္ သိန္းသုံးေထာင္တန္ ကို ႏွစ္ေထာင္ေလာက္နဲ႔ အေရာင္းအဝယ္လုပ္ၾကတယ္ ေစ်းကေတာ့ ေတာ္ေတာ္က်သြားတာေပါ့ ။ အခုကေတာ့ လုပ္ငန္းေလးေတြ ျပန္ၿပီးလႈိင္ခ်င္ေယာင္ေဆာင္တဲ့ သေဘာပါ၊
မျဖစ္မေနဝယ္မွျဖစ္မယ့္သူမ်ိဳးေတြ၊ အဲ့လို လူမ်ိဳးေတြ ဝယ္ေနတာေၾကာင့္ပါ၊ အခု Wave 2 ထပ္လာေတာ့ တန႔္သြားတယ္ေပါ့၊ လုံးဝ ႀကီးရပ္သြားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ Wave 1 တုန္းကေတာ့ ၅ လ ေလာက္အထိ ရပ္သြားတယ္။ မတ္လဆန္းေလာက္ကေနစၿပီးေတာ့ အေရာင္းအဝယ္ေတြရပ္သလို ျဖစ္သြားလိုက္တာ မတ္၊ ဧပရယ္၊ ေမ၊ ဂြၽန္ေပါ့ ဂ်ဴလိုင္လထဲေလာက္မွာ ျပန္ေကာင္းမလိုလို ျဖစ္လာၿပီး အခု ရခိုင္က ကိုဗစ္ျပသာနာေပၚလာေတာ့ အံၾသစရာေကာင္းေလာက္ေအာင္ ျပန္ေႏွးသြားတယ္ ။ ေရာဂါေပၚပုံခ် ၿပီးေျပာရမွာပဲေပါ့ေနာ္၊ ခရီးသြားလုပ္ငန္းေတြ အကုန္ရပ္တဲ့အေပၚမွာ ဆက္စပ္လုပ္ငန္းေတြ အကုန္ထိတာပါပဲ”လို႔ ခက္ခဲေနတဲ့အေၾကာင္းေတြကို ေျပာျပပါတယ္။

အိမ္ၿခံ​ေျမလုပ္ငန္းဆိုတာကလည္း ေငြပိုလို႔ဝယ္တဲ့သူထက္ မျဖစ္မေနဝယ္ရမယ့္လူတန္းစားေတြက ဝယ္ရတာျဖစ္ၿပီး တစ္ခ်ိဳ႕လူေတြအေနနဲ႔ကေတာ့ ေ႐ႊေစ်းကြက္၊ ႏိုင္ငံေရး စတာေတြအေပၚမွာမူတည္ကာ ဝယ္ၾကတာေတြလည္းရွိတယ္လို႔ ကိုမ်ိဳးကေျပာပါတယ္။

” အကိုတို႔က်ေတာ့ အလႊာအသီးသီး လူေတြနဲ႔ခ်ိတ္ဆက္ၿပီး လုပ္ကိုင္ေနတာဆိုေတာ့ ခရီးသြားလုပ္ငန္းေတြရပ္သြားတာတဲ့အေပၚမွာလည္း အကိုတို႔ အလုပ္က ထိခိုက္မႈရွိပါတယ္ ။ ကိုဗစ္ကလည္း ျမန္ျမန္ၿပီးမွပါပဲ၊ မၿပီးမျခင္းေတာ့ လူတန္းစားအမ်ိဳးမ်ိဳး အလႊာအသည္းသည္းကို တစ္နည္းမဟုတ္ တစ္နည္းနဲ႔ ထိေနတာပါပဲ။ မ်ားေသာအားျဖင့္ကေတာ့ သိန္း ၇၀၀ ၊၈၀၀၊ ၁၀၀၀၊ ၁၅၀၀ ၾကားမွာပဲ ေတာ္ေတာ္မ်ားမ်ား အေရာင္းအဝယ္ျဖစ္ၾကတာပါပဲ။ အေရာင္းကေတာ့ ကိုဗစ္ျဖစ္တဲ့ကာလေတြမွာ ပိုမ်ားလာတာေပါ့ ။ တစ္ေထာင္သမားက တစ္ေထာင္ကိုေရာင္းၿပီးေတာ့ ဝိတ္ေလွ်ာ့တဲ့အေနနဲ႔ သုံးေလးငါးရာတန္ ကိုျပန္ေရာင္း၊
အဲ့လိုပဲ ဝိတ္ေလွ်ာ့ၿပီးလုပ္ရမယ့္ အေနအထားမ်ိဳးျဖစ္လာေတာ့ အေရာင္းေတြကေတာ့ ပိုလာတယ္။ အဝယ္သမားေတြက်ေတာ့လည္း ဒါကိုအေၾကာင္းျပၿပီး နင္းနင္း နင္းနင္းၿပီးဝယ္ေတာ့၊ ခုနက ေျပာသလို သိန္းသုံးေထာင္တန္တဲ့ဟာက ႏွစ္ေထာင္၊ ႏွစ္ေထာင္ကေန အခု ေထာင့္ခုနစ္ရာ၊ ေထာင့္ရွစ္ရာ အဲ့ေလာက္အထိကို ေရာက္လာတယ္။ မေရာင္းလို႔ကလည္း မျဖစ္ေတာ့ဘူးေလ”လို႔ တက္လူအိမ္ၿခံေျမလုပ္ငန္းက ကိုမ်ိဳးက ကိုဗစ္ကာလ အိမ္ျခံေျမလုပ္ငန္းရင္ဆိုင္ေနရတာကို ရွင္းျပပါတယ္။

အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ေနတဲ့ ဦးဝဏၰထြန္းကလည္း “ၿပီးခဲ့တဲ့ရက္ကေတာ့ ပုံမွန္ျဖစ္ထြန္းေနပါတယ္၊ ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့ ကားလိုင္းေတြ ပိတ္လို႔လားမသိဘူး၊ ခရီးသြားဧည့္သည္လာတာေတြနဲ႔ ဖုန္းလာတာေတြနည္းသြားတယ္” လို႔ လက္ရွိျဖစ္ေနတဲ့အေၾကာင္းကို ေျပာပါတယ္။

ကိုဗစ္ေရာဂါေၾကာင့္ လုပ္ငန္းေတြ အကုန္ရပ္ဆိုင္းတဲ့အေပၚ ေႂကြးျမႇီးျပႆနာေတြ ျဖစ္ေနတဲ့အျပင္ အစိုးရဘဏ္ေတြမွာေပါင္ထားတဲ့လုပ္ငန္းေတြအတြက္ အတိုးေပးရတဲ့ကိစၥကလည္း ေနာက္ဆုတ္ေပးတာမရွိတဲ့အတြက္ ကိုဗစ္ကာလ ၈ လရွိတယ္ဆိုရင္၊ ၈ လအထိ အတိုးေလွ်ာ့ေပးၿပီး ၈ လေနာက္ပိုင္းကို အတိုးပံုမွန္ဆပ္ခိုင္းတဲ့ ပုံစံမ်ိဳးလုပ္ေစခ်င္တယ္လို႔ အိမ္ျခံေျမအသိ္ုင္းအဝိုင္းက လိုလားေနၾကပါတယ္။

အိမ္ျခံေျမေစ်းကြက္ပူေပါင္းႀကီးေပါက္တဲ့ ၂၀၁၅ ေနာက္ပိုင္း အရင္က သိန္းတစ္ေထာင္ေစ်းရခဲ့တဲ့အိမ္ဟာ ခုေတာ့ သိန္း၅၀၀ေတာင္ေမးသူမရွိမျဖစ္ေနပါတယ္။ ဝယ္သူလိုအပ္ခ်က္နဲ႔တိုက္ဆိုင္ရင္ေရာင္းရတတ္ၿပီး အေရးေပၚေရာင္းခ်င္ရင္ေတာ့ မလြယ္တဲ့အေနအထားကို ေရာက္ေနပါတယ္။

ဒါ့ေၾကာင့္ ေရာင္းခ်င္၊ ငွားခ်င္ၾကတဲ့ ပိုင္ရွင္ေတြဟာ ဆိုင္းဘုတ္ကပ္ေၾကာ္ျငာတာတမ်ိဳး၊ အက်ိဳးေဆာင္ေတြကိုအပ္ထားတာတဖံု၊ အြန္လိုင္းေတြကေန ေရာင္းခ်င္ငွားခ်င္ေၾကာင္း ေစ်းဗန္းခင္းေနရတာမို႔ ေရာင္းမည္ ငွားမည္ဆိုတာေတြ အေတြ႕မ်ားလာရတာျဖစ္တယ္လို႔ အက်ိဳးေဆာင္ေတြက ဆိုၾကပါတယ္။

ေရာင္းခ်င္သူ ငွားခ်င္သူေတြ အဆင္ေျပဖို႔က ကိုဗစ္ေရာဂါကပ္ႀကီး အျမန္ခ်ဳပ္ၿငိမ္းၿပီး တိုင္းျပည္စီးပြားေရး ဦးေမာ့လာမွသာ ေရာင္းသူနဲ႔ဝယ္သူ ငွားသူနဲ႔ ငွားခ်င္သူေတြၾကား ဆႏၵေတြျပည့္ဝမွာမို႔ ဆုေတာင္းယံုမွတပါး တျခားရွိလာဦးမွာလားလို႔သာ။

#voiceofmyanmar #VOM #မႏၲေလး #အိမ္ျခံေျမ

Related posts

Leave a Comment

VOM News

FREE
VIEW